Skip to main content

တပ်မတော်တွင် စတုတ္ထအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း (ဒုတိယနေ့) ဆက်လက်ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၅

တပ်မတော်တွင် စတုတ္ထအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုစင်တာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာ ဒေါ်ညိုညိုထွေးနှင့် တူဖြစ်သူ အသည်းအလှူရှင် ကိုနိုင်လင်းတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၅နာရီအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် (၁၁) နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။