Skip to main content

Nov 28, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် တည်းခိုရေးစခန်း ရွာတော်သို့ ရောက်ရှိပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်မည့် “ခေတ် ၆ ခေတ်” ယိမ်းအကလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးကာ အားပေး စကားပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 28, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများအတွက် အကြိုလေ့ကျင့်နေမှုများနှင့် ပြင်ဆင်နေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်းမြို့အနီးရှိ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက လှည်းကူးမြို့နယ် အုန်းနှဲကုန်းကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၃၅) စက်မှုလယ်ယာစခန်း (ထောက်ကြံ့မြို့) ၌ ကျင်းပသည့် ကောက်ရိုးထုံးစက် (Round Baler)၊ ကောက်ရိုးဖြတ်စက် (Rotary Mulcher)၊ မြေဩဇာပက်ဖျန်းစက် (Fertilizer Spreader) သရုပ်ပြပွဲသို့ တက်ရောက်အားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း၊ တံတားများ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော ပဉ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (5th ASEAN Ministerial Meeting on Women – 5th AMMW and Related Meetings)၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် M.Gallery ဟိုတယ်၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ညနေပိုင်းတွင် အမျိုးသားပရဆေးဥယျာဉ်သို့ သွားရောက်၍ ပရဆေးဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ ဆေးဘက်ဝင်ပရဆေးပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့၏ အထင်ကရခရီးသွားဆွဲဆောင်ရာနေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်မှုကို ကြည့်ရှုပြီး အလှူငွေများ ပေးအပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျဲ့ကျင်းပြည်နယ် ဝူကျန်းမြို့၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဆက်စပ်အစည်းအဝေး” နှင့် China-ASEAN Information Harbor Forum သို့ တက်ရောက်ခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်ရည်ရွယ်၍ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲ အမှတ် (၃၃၁၀) မှ (၄၀၅၉) အထိ အတွဲပေါင်း (၇၅၀) အတွက် ပြည်တွင်းရတနာကုန်သည်များက ပြပွဲ အဋ္ဌမနေ့တွင် ဈေးနှုန်းတင်သွင်းလွှာများ တင်သွင်းခဲ့ကြပြီး ပြပွဲနဝမနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၆၉၄ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်ရည်ရွယ်၍ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲ အမှတ် (၃၃၁၀) မှ (၄၀၅၉) အထိ အတွဲပေါင်း (၇၅၀) အတွက် ပြည်တွင်းရတနာကုန်သည်များက ပြပွဲ အဋ္ဌမနေ့တွင် ဈေးနှုန်းတင်သွင်းလွှာများ တင်သွင်းခဲ့ကြပြီး ပြပွဲနဝမနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၆၉၄ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေးဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဆပ်ကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာအရည်အသွေးများ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 27, 2024

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာအရ ဆောင်ရွက်ရေးအစီအစဉ် (၂၀၂၄-၂၀၂၅) အားအကောင်အထည်ဖော်သည့်အနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးတို့ ပူးပေါင်း၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်သူများ၏ ဥပဒေဆိုင်ရာ ဟောပြောပွဲကို ယနေ့တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 25, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 25, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းသို့ သွားရောက်ကာ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်ရန် ရောက်ရှိလာကြသည့် နေပြည်တော်ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများကို ကြိုဆိုနှုတ်ဆက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 25, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ အသည်းအစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်ထားရှိသည့် အသည်းလူနာများနှင့် အသည်းအလှူရှင်များကို ကြည့်ရှုအားပေးစကားပြောကြားကာ အစားအသောက်လက်ဆောင်ခြင်းများ ပေးအပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 25, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်အတွင်းရှိ ဟဲဟိုးမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဟဲဟိုးဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 25, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကြည့်ရှုလေ့လာပြီး စာဆိုဗိမာန်အဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်