Jan 22, 2025
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။
Jan 22, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများ၊ အားကစားသမားများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Gold Medal Hall ၌ ကျင်းပသည်။
Jan 22, 2025
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ တည်ဆောက်လျက်ရှိသည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ (Linear Accelerators- LA) စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဌာန၌ ကျင်းပသည်။
Jan 22, 2025
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2025
သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကားပြောကြားသည်။
Jan 22, 2025
စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၄-၂၀၂၅)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။
Jan 22, 2025
စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၄-၂၀၂၅)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။
Jan 22, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး နေပြည်တော် ပြင်ပဌာနများမှ ဝန်ထမ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
Jan 21, 2025
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 21, 2025
စက်မှုကျွမ်းကျင် နှစ်နှစ်သင်တန်း အမှတ်စဉ် (၄၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့ရှိ အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jan 21, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ သစ်တောသုတေသနဌာန (ရေဆင်း) ဧည့်ရိပ်သာဆောင် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။
Jan 21, 2025
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၅/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jan 21, 2025
“(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ် (၅) ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။
Jan 21, 2025
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
Jan 21, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား Exploring Myanmar Culture &Tourism Organization ၏ အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
Jan 20, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ပြည်မြို့နယ် ဝန်တင်ဆိပ်ကျေးရွာအနီးရှိ ချည်မျှင်ရှည်ဝါ အထူးဇုန်စိုက်ခင်းတွင် ရေစီးအားသုံးရေတင်ဒလက်ဖြင့် ရေပေးဝေနေမှုကိုလည်းကောင်း၊ ကံစုကျေးရွာအနီးရှိ ချည်မျှင်ရှည်ဝါအထူးဇုန် ဧက ၇၀၀ အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ မြောက်နဝင်း ဆည်ရေသောက်စနစ်အတွင်း နတ်တလင်းကျေးရွာအနီး နွေစပါး တိုးချဲ့စိုက်ပျိုးမည့်နေရာနှင့် ပြည်မြို့နယ်ငါးရွာအုပ်စုရှိ ၂၀၂၄ -၂၀၂၅ ခုနှစ် ဆောင်းနေကြာ ရုရှားမျိုးကိုးမျိုးပါဝင်သည့် မျိုးပေါင်း ၁၂ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
Jan 20, 2025
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ၌ အောက်ဆီဂျင်ထုတ်လုပ်သောအလုပ်ရုံ အမြန်ဆုံးလည်ပတ်နိုင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jan 20, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၌ အဆိုပါဌာနမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Jan 20, 2025
စေတိယင်္ဂပရိယတ္တိ ဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နေ အောင်ရွှေနန်းဟိန်း ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးဇော်ဌေး+ဒေါ်နွဲ့နွဲ့ဝင်း မိသားစုတို့က ကျောက်စိမ်းဖြင့် ထုလုပ်ထားသည့် အချင်း လက်မ ၃၀ ၊ ထုသုံးလက်မခွဲအရွယ်ရှိ “စေတိ ယင်္ဂဏ စာလျှောက်မေးပွဲတံဆိပ်တော်” များအား ရွှေတိဂုံစေတီ တော်ဗုဒ္ဓပြတိုက်သို့ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်ဗုဒ္ဓပြတိုက်၌ ကျင်းပသည်။
Jan 20, 2025
မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ (Myanmar National Building Code) အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ အစည်းအဝေး (၁/၂၀၂၅) ကို ယနေ့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရုံး Conference Room ၌ ကျင်းပပြုလုပ်သည်။
