Aug 19, 2023
အသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီ (၂/၂၀၂၃)အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းတို့ မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
Aug 19, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းမြို့၌ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်သည် ယနေ့နံနက်ပိုင်း တွင် ၂၀၂၃ ခုနှစ် ဂျီအမ်အက်စ် စီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဆိုင်ရာဖိုရမ် (GMS Economic Corridor Governors Forum) ၏ ဒုတိယနေ့အဖြစ် GMS Projects Roadshow နှင့် လင်ချန်းနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် (Lincang Border Economic Cooperation Zone) ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
Aug 18, 2023
တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန (NRTA) ၊ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းပြုလုပ်သည့် 4th Lancang-Mekong Audiovisual Week ဖွင့်ပွဲအခမ်းအနားကို ကူမင်းမြို့ရှိ ယူနန်မီဒီယာဂရု စတူဒီယိုခန်းမ(၁)၌ ဩဂုတ် ၁၆ ရက် ညပိုင်းတွင် ကျင်းပသည်။
Aug 18, 2023
GMS စီးပွားရေးစင်္ကြံဆိုင်ရာ အစိုးရတာဝန်ရှိသူများ အစည်းအဝေး - ၂၀၂၃ (2023 GMS Economic Corridor Governors Forum) ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ ယူနန်စီးပွားရေးဌာန ယုလန်ခန်းမ၌ ကျင်းပသည်။
Aug 17, 2023
လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေး မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Aug 17, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ၏ သီတင်းသုံးတည်းခိုဆောင်များ ပြင်ဆင်မွမ်းမံဆောင်ရွက်နေမှုများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်နှင့် ဧရာရွှေဝါ ဓမ္မဘဏ္ဍာဂါရပိဋကတ်တိုက်ကျောင်းဆောင်အတွင်းရှိ ဘွဲ့အတွက် တင်သွင်းသောကျမ်းများ၊ ပိဋကတ်ဆိုင်ရာပါဠိစာပေများ ထိန်းသိမ်းထားမှုကို ကြည့်ရှုစစ်ဆေးသည်။
Aug 17, 2023
မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Aug 17, 2023
လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 17, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့သို့ ရောက်ရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ခရိုင် အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်း များနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉) ရပ်တို့အား သေချာစွာ နားလည်သဘောပေါက် သိရှိစေရေး၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရေး၊ အထက်အောက်အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှုတည်ဆောက်ရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးရေး မှာကြားသည်။
Aug 17, 2023
စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည့် ပညာရေးအရာရှိများအတွက် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားလာစေရန် ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ပညာရေး စီမံအုပ်ချုပ်မှု သင်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
Aug 17, 2023
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၀) ဖြင့်ဆောင်ရွက်သော MSME စားသောက်ကုန်ထုတ်လုပ်ငန်းရှင်များထံ နည်းပညာများဖြန့်ဝေရေး အစီအစဉ်(၁) သင်တန်းများကို ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ဆက်လက်ပို့ချဆောင်ရွက်သည်။
Aug 17, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Kunming Dianchi Lake International Con-vention and Exhibition Centre ၌ ဩဂုတ် ၁၆ ရက် တွင် ကျင်းပသည့် (၇)ကြိမ်မြောက် တရုတ် - တောင် အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ (7th China-South Asia Exposition and the 27th China Ku- mming Export and Import Fair) သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့ တက်ရောက်ကြသည်။
Aug 14, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်ရှိ နတ်မှော်ရေတင်လုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပင်မရေပေးမြောင်းအတွင်း သဲနုန်းပို့ချမှုကို ဖယ်ထုတ်ရှင်းလင်းရန်နှင့် စိုက်ပျိုးရေအကျိုးပြုဧရိယာ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားသည်။
Aug 14, 2023
အသားငါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုချဲ့ထွင်နိုင်ရေးအတွက် လိုအပ်သော ကူညီမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားသည်။
Aug 13, 2023
(၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (8th ASEAN Ministerial Meeting on Drug Matter - AMMD)ကို ဩဂုတ် ၁၀ ရက်မှ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်(၆)ဦးတက်ရောက်ခဲ့ပြီး အဆိုပါမြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
Aug 13, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ရောက်ရှိပြီး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Aug 13, 2023
ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုဒေသကူဘင်ကာ၌ ဩဂုတ် ၁၄ ရက် မှ ၂၀ ရက်အထိကျင်းပမည့် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (ARMY-2023) နှင့် (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ (XI Moscow Conference on International Security) သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
Aug 12, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ဘားအံမြို့ အမှတ်(၁) မူလတန်းကြိုကျောင်းနှင့် အမှတ်(၂) မူလတန်းကြိုကျောင်းများသို့ သွားရောက်၍ ကလေးငယ်များကို စနစ်တကျ ပြုစုပျိုးထောင်ပေးရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ကျောင်းပတ်ဝန်းကျင်ဖြစ်စေရေး၊ ကောင်းမွန်သော ကျန်းမာရေးအလေ့အကျင့်ကောင်းများ စွဲမြဲကျင့်သုံးသည့် ယဉ်ကျေးလိမ္မာသော ကလေးသူငယ်များဖြစ်စေရေး လေ့ကျင့်သင်ကြားပေးရန် တာဝန်ရှိသူများအားမှာကြားသည်။
Aug 10, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကာတာ နိုင်ငံ ဒိုဟာမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၂၈ ရက်အထိ ခြောက်လကြာ ကျင်းပမည့် “Horticultural Expo 2023” တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းဆောင်ပါဝင်ပြသမည့် အစီအစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။
Aug 10, 2023
မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများအား ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးဝါးစက်ရုံ (အင်းစိန်) အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစက်မှု လက်မှုသမိုင်းပြုစုရေး ဦးစီးကော်မတီ နာယက၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုရေးအကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
