Skip to main content

Feb 02, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2024

MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြန်မာပြည်ပ အလုပ် အကိုင်လုပ်ငန်းရှင်များအသင်း (MOEAA) မှ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2024

ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် လာရောက်လည်ပတ်သော ပြည်ပခရီးသွားဧည့်သည်များ နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ လွယ်ကူအဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ထိုင်းခရီးသွားဝန်ဆောင်မှု ပေးနေသော ခရီးလှည့်လည်ရေးကုမ္ပဏီများနှင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နယ်ရုံးခွဲများမှတာဝန်ခံများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2024

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စနစ်ကျလယ်ယာမြေ ၃၃၈ ဒသမ၂၆ ဧကကို ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များကို စနစ်တကျထမ်းဆောင်နိုင်စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်များ တိုးမြင့်လာစေရန် ရည်ရွယ်၍ ဌာနတွင်းရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) သို့ သွားရောက်ပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်) သို့ ရောက်ရှိပြီး စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်း၍ ဖူးမြှော်ကြည်ညိုပြီး ဂေါပကအဖွဲ့များကို လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ဆိုင်ရာ အကြုံပြုအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ Max Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာရှိ ကောင်းသစ်စိုက်ပျိုးရေးသမဝါယမအသင်း၌ အဆိုပါ သမဝါယမအသင်းနှင့် John Deere ကုမ္ပဏီလိမိတက်တို့ အကျိုးတူပူးပေါင်း၍ John Deere ထွန်စက်များဖြင့် သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ (Southeast Asia Primary Learning Metrics: SEA-PLM 2024) သည် မူလတန်းအဆင့် နောက်ဆုံးနှစ် Grade-5 ကျောင်းသားများ၏ စာဖတ်စွမ်းရည် (Reading Skills)၊ အရေးစွမ်းရည် (Writing Skills)၊ သင်္ချာစွမ်းရည် (Mathematics Skills)၊ ကမ္ဘာ့သား ကောင်းဖြစ်မှု (Global Citizenship) စွမ်းရည်များကို စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံဒေသတွင်း ကျယ်ပြန့်သောပညာရည် စစ်ဆေးမှုတစ်ခုဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ဆောင်ရွက်သော နိုင်ငံတကာ အဆင့် ပညာရည်တိုင်းတာ စစ်ဆေးမှုတစ်ခုဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် SEA-PLM 2019 အကြံပြု လုပ်ငန်းစဉ်များနှင့် SEA-PLM 2024 စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ရွှေမြင်းကုမ္ပဏီလီမိတက် ငါးအအေးခန်းစက်ရုံ၏ ငါး၊ ပုစွန် ပြုပြင်ထုပ်ပိုးခြင်း၊ အေးခဲခြင်းနှင့် ပြည်ပ ဈေးကွက်တင်ပို့ရန် ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရေရှည်အကျိုး စီးပွားဖြစ်ထွန်းစေရေး၊ ဈေးကွက်ခိုင်မာစွာရရှိရေးအတွက် အရည်အသွေးပိုင်း အလေးထားဆောင်ရွက်ရန်နှင့် စက်ရုံလုပ်သားများ၏ ကျွမ်းကျင်မှုမြင့်မားရေး လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ချက်များ၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ ဖြူးတိုးဂိတ်မှ လမ်းအသုံးပြုခကောက်ခံနေသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဖြူး (Rest Camp) ယာဉ်ရပ်နားစခန်းအတွင်းရှိ EV Charging Station အသုံးပြုဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လမ်းအသုံးပြုခ ကောက်ခံရရှိငွေများ အပြည့်အဝရရှိရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ CCTV နှင့် Computer စနစ်ဖြင့်သာ ဆောင်ရွက်ကာ လက်လုပ်ပြေစာများ လုံးဝအသုံးမပြုစေရေး၊ ယာဉ်ရပ်နားစခန်းအတွင်း တရားမဝင်ဆိုင်ခန်းများ ရောင်းချခြင်းမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထားကြပ်မတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

စင်ကာပူနိုင်ငံ JEN Singapore Tanglin by Shanghai-La ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ပြုလုပ်သော သတင်းတု၊ သတင်းမှားများနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် နှင့် ဥရောပသမဂ္ဂအကြားဆွေးနွေးပွဲသို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်/ သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (ခ) မြင်းမူမောင်နိုင်မိုးတို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body -BGB) အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စီပင်စိုက်ပျိုးရေးသုတေသနခြံ၏ သုတေသနနှင့် မျိုးစေ့ထုတ်လုပ်မှု ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆင်းရွှေကြာ-၂ နေကြာ မျိုးသန့် ရွေးချယ်ရေး လုပ်ငန်းများနှင့် ဂျုံသီးနှံ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး နည်းပညာနှင့် သုတေသန လိုအပ်ချက်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2024

သိပ္ပံနှင့်နှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၁၁၃ ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ခုနစ်ဦး စုစုပေါင်း ၁၂၀ တို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်-တပ်ကုန်း မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် စိန်ရတုပြတိုက်တို့ကို ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်