Skip to main content

သတင်းတု၊ သတင်းမှားများနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်နှင့် ဥရောပသမဂ္ဂအကြားဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

စင်ကာပူ ဇန်နဝါရီ ၂၉

စင်ကာပူနိုင်ငံ JEN Singapore Tanglin by Shanghai-La ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ပြုလုပ်သော သတင်းတု၊ သတင်းမှားများနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် နှင့် ဥရောပသမဂ္ဂအကြားဆွေးနွေးပွဲသို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်/ သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (ခ) မြင်းမူမောင်နိုင်မိုးတို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံ ဆက်သွယ်ရေးနှင့်ပြန်ကြားရေးဝန်ကြီး Mr Tan Kiat How က အဖွင့် အမှာစကားပြောကြားပြီး AICHR ဆိုင်ရာ စင်ကာပူတာဝန်ခံ Dr Shashi Jayakumar နှင့် အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂသံတမန် Mr Sujiro Seam တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆွေးနွေးပွဲကို အပိုင်းလေးပိုင်းဖြင့်ပြုလုပ်ပြီး သတင်းတု၊ သတင်းမှားကြောင့် လူ့အဖွဲ့အစည်းတွင် သက်ရောက်မှုများ၊ သတင်းတု၊ သတင်းမှားကို ကိုင်တွယ်ထိန်းသိမ်းနည်းနာများ၊ အရှေ့တောင်အာရှ နိုင်ငံများနှင့် ဥရောပနိုင်ငံများတွင် သတင်းတု၊ သတင်းမှားကြောင့် ကြုံတွေ့နေကြရသော အခက်အခဲ၊ အကျပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်ကြပုံများအပေါ် တက်ရောက်လာကြသည့် နိုင်ငံကိုယ်စားလှယ်များက ပွင့်လင်းစွာ ဆွေးနွေးကြပြီး အနာဂတ်ကာလတွင် သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးနှင့် သတင်းမှန်များ နေ့စဉ်ပျံ့နှံ့ရေးသည် နိုင်ငံတစ်နိုင်ငံချင်းသာမက ဒေသတွင်းမှသည် ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း ရှုထောင့်မျိုးစုံမှ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်