Skip to main content

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ (၃၂) ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ရန် လာအိုနိုင်ငံသို့ ထွက်ခွာ

ရန်ကုန် စက်တင်ဘာ ၂၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ကျင်းပမည့် (၃၂)ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (32nd ASEAN Socio-Cultural Community (ASCC) Council Meeting)သို့ ပြည်ထောင်စုဝန်ကြီး ကိုယ်စားတက်ရောက်ရန် ယနေ့ညနေပိုင်းတွင် Myanmar Airways International လေကြောင်းဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားသည်။

ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်