Skip to main content

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းရယူနိုင်ရေး အသိပေးကြေညာခြင်း

၁။ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ်အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

ပြည်ပနိုင်ငံများ၌ ဖိုရမ်၊ ပြပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် လေ့လာရေးခရီးစဉ်များ သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အနုပညာဂီတလုပ်ငန်းများဖြင့် ပိုမိုထုတ်ဖော်ပြသနိုင်ရေး​ဆွေး​နွေး

ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အနုပညာဂီတလုပ်ငန်းဖြင့် ပိုမိုထုတ်ဖော်ပြသနိုင်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့သည် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကချင်အနုပညာရှင်များအသင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။

အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ Digital Platform ဖြစ်သော Mobile Application နှင့် Website များတွင် E-Book ထုတ်ဝေစာများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အသိပေးကြေညာချက်

၁။ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေတွင် ထုတ်ဝေစာဆိုသည်မှာ လက်ရေးစာ၊ ပုံနှိပ်စာ၊ အီလက်ထရောနစ်နှင့် အခြားနည်းပညာတစ်ရပ်ရပ်ဖြင့် ဖန်တီး၍ ထုတ်ဝေလိုက်သည့် စာတို့အပြင် ယင်းတို့နှင့် အမျိုးအစားတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ထင်ရှားမြင်သာသော ပုံသဏ္ဌာန် ရှိသည့်အရာ သို့မဟုတ် ပုံအားဖြင့် သော်လည်းကောင်း၊

(၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို ရည်ရွယ်ပြီး (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်စာပေအနု ပညာပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ဒီဇင်ဘာ ၂၀ မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၃ ကမ္ဘာ့အင်တာနက်ညီလာခံ တက်ရောက်ပြီး ပြန်လည်​ရောက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့ ၌ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဝူကျန်းထိပ်သီးအစည်းအဝေး [The 2023 World Internet Conference – (WIC) Wuzhen Summit] သို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်​ရောက်ရှိသည်။

ဒုတိယဝန်ကြီး ဦးရဲတင့် နေပြည်တော်ရှိ သတင်းစာတိုက်များ၊ ပုံနှိပ်စက်ရုံ နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သတင်းစာတိုက်များနှင့် ပုံနှိပ်စက်ရုံတို့သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၃ ကမ္ဘာ့အင်တာနက်ညီလာခံ တက်ရောက်ရန်ထွက်ခွာ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူကျန်း မြို့၌ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက် အထိ ကျင်းပမည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဝူကျန်းထိပ်သီးအစည်းအဝေး [The 2023 World Internet Conference – (WIC) Wuzhen Summit] သို့ တက်ရောက်ရန် ယနေ့နံနက် ၁၁ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဝူကျန်းမြို့သို့ ထွက်ခွာသွားသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Friday Night Live Show တွင် ပါဝင်ဖျော်ဖြေကြမည့် ကိုရီးယားအနုပညာရှင် ခြောက်ဦးနှင့် ပညာရှင်များပါဝင်သည့်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

မြန်မာ - ကိုရီးယား ယဉ်ကျေးမှု ဖလှယ်နိုင်ရန်နှင့် Korea K - Pop အနုပညာနှစ်ခြိုက်သူများ ကြည့်ရှုနားဆင်နိုင်ရန်အတွက် မြန်မာ - ကိုရီးယားမော်ဒန် Musical Show ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက Friday Night Live Show အဖြစ် တင်ဆက်သွားမည်ဖြစ်ရာ ပါဝင်ဖျော်ဖြေကြမည့် ကိုရီးယားအနုပညာရှင် ခြောက်ဦးနှင့် ပညာရှင်များပါဝင်သည့်အဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိကြသည်။
Subscribe to MOI News