Skip to main content

၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ထွက်ရှိ

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။

ရွှေသွေးဂျာနယ်ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန် မောင်မယ်များဩဝါဒခံယူပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုနှင့် ပြခန်းများခင်းကျင်းနေမှု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ အခမ်းအနားအတွက် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂) (MICC II) ၌ ကြိုတင်ပြင်ဆင်လေ့ကျင့်​နေမှုနှင့် ပြခန်းများ ခင်းကျင်းနေမှုတို့ကို ယနေ့ ည​နေပိုင်းတွင် ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်း သွား​ရောက်ကြည့်ရှု စစ်​ဆေးအား​ပေးသည်။

တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ပြသမှုများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အသိပေးကြေညာခြင်း

တေးသီချင်းဗီဒီယိုများကို နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့ တင်ပြပြီး စစ်ဆေးခွင့်ပြုချက် ရယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။

နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းနိုင်

နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာ နိုင်စေရေးအတွက် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ ထောက်ပံ့ကူညီ ပေးလျက်ရှိသကဲ့သို့ စေတနာရှင် အလှူရှင်များကလည်း ပြည်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့် စာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက်ရှိပါသည်။

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

သတင်းတု၊ သတင်းမှားများနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်နှင့် ဥရောပသမဂ္ဂအကြားဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

စင်ကာပူနိုင်ငံ JEN Singapore Tanglin by Shanghai-La ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ပြုလုပ်သော သတင်းတု၊ သတင်းမှားများနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် နှင့် ဥရောပသမဂ္ဂအကြားဆွေးနွေးပွဲသို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်/ သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (ခ) မြင်းမူမောင်နိုင်မိုးတို့ တက်ရောက်ကြသည်။

သိပ္ပံနှင့်နှင့်နည်းပညာဝန်ကြီးဌာနရှိ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာ

သိပ္ပံနှင့်နှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၁၁၃ ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ခုနစ်ဦး စုစုပေါင်း ၁၂၀ တို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်-တပ်ကုန်း မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် စိန်ရတုပြတိုက်တို့ကို ကြည့်ရှုလေ့လာကြသည်။
Subscribe to MOI News