ရန်ကုန် နိုဝင်ဘာ ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူကျန်းမြို့ ၌ နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဝူကျန်းထိပ်သီးအစည်းအဝေး [The 2023 World Internet Conference – (WIC) Wuzhen Summit] သို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor ဖြစ်သူ Mr. Zheng Zhihong နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
သတင်းစဉ်