Skip to main content

ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း ရန်ကုန်မြို့ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာန ပုံနှိပ်စက်ရုံများနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကြေးမုံသတင်းစာတိုက်တို့ကို ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာန အောင်ဆန်းပုံနှိပ်စက်ရုံ၊ ဂျီတီစီပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ရန်ကုန်မြို့ (၅၂)လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကြေးမုံ သတင်းစာတိုက်ကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီး ဦးရဲတင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၌ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုထိခိုက်စေနိုင်သော ထုတ်လွှင့်မှုများ မပြုလုပ်မိစေရေး ဂရုပြုရန်နှင့် မီဒီယာကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးမှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ရွှေသွေးဂျာနယ်ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

စာပေဗိမာန် စာအုပ်အသင်း စာအုပ်ဖြန့်ချိ

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက ပခုက္ကူကျမ်းစာပေ ပထမဆုရ ဦးစိန်လှိုင်(မဟာဝိဇ္ဇာ) ရေးသားသည့် “စာမရီ” စာအုပ်ကို ၂၀၂၂ ခုနှစ် မေလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးများမှတစ်ဆင့် လည်းကောင်း၊ စာတိုက်မှတစ်ဆင့် လည်းကောင်း ပေးပို့လျက်ရှိသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် မကြာမီ ထုတ်လွှင့်ပြသမည့် (၃၈)ဖြာ မင်္ဂလာအစီအစဉ်ကို ကြိုတင်ကြည့်ရှုအားပေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယို(A)၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ မကြာမီ ထုတ်လွှင့်ပြသမည့် (၃၈)ဖြာ မင်္ဂလာအစီအစဉ်ကို ကြိုတင်ကြည့်ရှုအားပေးသည်။

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်ပတ်သက်၍ ပေါင်းစပ် ညှိနှိုင်းခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၇-၄-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးဆရာ ညိမ်းညို၏ “မလင်းဘယ်ခါ ရှိပါ့မယ်” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိသည်။

စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု လူငယ်စာပေ ပထမဆုရရှိသည့် စာရေးဆရာမ ယဉ်ယဉ် (ဘက်ရဲ)၏ “ကြယ်မကြွေသော ထိုကောင်းကင်” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
Subscribe to MOI News