Skip to main content

Mar 30, 2025

မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 30, 2025

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 30, 2025

မတ် ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 30, 2025

ယနေ့ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့ကြောင်း တိုင်းထွာရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2025

မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်းပဲ ဒီနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ အချိုဒေသတွေမှာ ငလျင်လှုပ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကတော့ မန္တလေးမြိုရဲ့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာမှာ ဗဟိုပြုပြီးတော့ မြေအောက် ၁၀ ကီလိုမီတာအနက်မှာ လှုပ်တယ်လို ကျွန်တော်တိုသိရပါတယ်။ လှုပ်တဲ့အဆင့်ကတော့ ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိကြောင်းနဲ့ အဲ့ဒီငလျင်က အလွန်ပြင်းထန်တဲ့ငလျင်တစ်ခုဖြစ်ကြောင်းလည်း သိရှိရပါတယ်။ နောက်ဆက်တွဲငလျင်များလည်း ဆက်လက်လှုပ်ရှားခဲ့တာရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်