Apr 09, 2025
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ Chinese Enterprises Chamber of Commerce in Myanmar (CECCM) မှ အထွေထွေအတွင်းရေးမှူး Mr. Xu Zhenwei နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing တို့က ငလျင်ဘေးသင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းအမျိုးအစား စုစုပေါင်းငါးမျိုးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနရုံးအမှတ်(၁) သို့ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။
Apr 09, 2025
ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီပြည်သူ့ဆေးရုံကြီးတွင် ယာယီဆေးရုံများ တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးနေသည်။
Apr 09, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အင်အားပြင်းထန် ငလျင်သင့်ခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် ယာယီရွှေ့ပြောင်းထားရှိသည့်နေရာသို့ ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှု၍ ဝန်ထမ်းမိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Apr 09, 2025
မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြီးမြောက်သဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် တရုတ်နိုင်ငံ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ကျေးဇူးတင် ဂုဏ်ပြုအမှာစကားပြောကြားသည်။
Apr 09, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)ရှိ ဆေးကုသဆောင်များနှင့် ဝန်ထမ်းအိမ်ရာများ၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဖြစ်ပွားစဉ် ထိခိုက်ပျက်စီးခဲ့ရမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 09, 2025
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 08, 2025
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ဒုတိယဥက္ကဋ္ဌများ ဦးဆောင်၍ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၏ ရုံးအဆောက်အအုံများ၊ ယာယီတဲတည်ဆောက်နေမှုများ၊ ဝန်ထမ်းများအတွက် နေရာချထားမှုနှင့် အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်များ ဖြန့်ဝေပေးခြင်းများနှင့် လှူဒါန်းမှုများကို ယနေ့တွင် စနစ်တကျ လက်ခံခြင်းများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
Apr 08, 2025
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေများ၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိ သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
Apr 08, 2025
တရုတ်နိုင်ငံတော် လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုအုပ်စု (State Power Investment Corporation -SPIC)မှ ကူမင်းမြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပေးအပ်လှူဒါန်းသော ပထမအသုတ်ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမျက်နှာစာရှိ ယာယီအဆောက်အအုံ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်၍ လက်ခံရယူသည်။
Apr 08, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးဖွင့်လှစ်ခဲ့သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်း (Wunna Theikdi Sports Complex)အတွင်းရှိ အားကစားရုံ အဆောက်အအုံများ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။