Skip to main content

May 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 01, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းအကြား နေရာရှိ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 26, 2021

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာအုတ်မြစ် တော်စီ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်၊ ဝတ္ထုကံတော် အတွင်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ထွက်ခွာကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဉီးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2021

(ယမန်နေ့မှအဆက်) ၈၈။ ရဲဘောက်ဂျာနယ်မှ အုပ်ချုပ်မှု အယ်ဒီတာ ဒေါ်သီရိနေလင်းက မိမိတို့နိုင်ငံတွင် လူအများဆုံး အသုံးပြုနေသည့် facebook သည် ဒီမိုကရေစီ မရှိသည်မှာ ကျိန်းသေကြောင်း၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး Account ဖြုတ်ချခံရသကဲ့သို့ မိမိတို့၏ Account များလည်း ဖြုတ်ချခံရကြောင်း၊ သို့ဖြစ်၍ မိမိတို့နိုင်ငံတွင် facebook ကဲ့သို့ ကိုယ်ပိုင် server တစ်ခု လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း၊ လုပ်ဆောင်ရန်ရှိလျှင်လည်း မည်သည့်အခြေအနေ ရောက်နေသည်ကို သိလိုကြောင်း မေးမြန်းသည်။ ၈၉။ ဗိုလ်ချုပ်ဇော်မင်းထွန်းက facebcck နှင့် အလားတူ အသုံးချနိုင်သည့် လူမှုကွန်ရက် application မျိုးကို စတင်စမ်းသပ်လုပ်ဆောင်လျက်

ဆက်လက်ဖတ်ရှုရန်

Apr 21, 2021

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၌ Zoom Meeting ဖြင့်ကျင်းပရာ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်သည့်အတွက် ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စစ်စည်းကမ်းကောင်းမွန်ခြင်းနှင့် အမိန့်နာခံတက်မှု ကောင်းမွန်ခြင်းမှ တပ်မတော်တွင် စစ်သားဘဝကိုစတင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါအလေ့အကျင့်ကောင်းများသည် တပ်မတော်သားဘဝ တစ်လျှောက်လုံးတွင်ရှိသဖြင့် ရှိပြီးသား ကောင်းမွန်သည့် အလေ့ အကျင့်ကောင်းများအပေါ်တွင်မူတည်၍ တပ်များစွမ်းရည်ရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်၏တာဝန်သည် ပြည်သူကိုကာကွယ်ရန်၊ တိုင်းပြည်၏ရန်ကို ကာကွယ်ပေးရန်ဖြစ်ပြီး ပြည်သူကိုအုပ်ချုပ်သည့် အဖွဲ့အစည်းမဟုတ်ကြောင်း၊ ယခု အခါနိုင်ငံ့အရေး ကိစ္စရပ်များကြောင့်သာ ဝင်ရောက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှစ၍ တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်များကို ဝင်ရောက် ထမ်းဆောင်ခဲ့ရသည်များရှိကြောင်း၊ အဆိုပါကာလများအတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကိုလည်း ဖြေရှင်းခဲ့ရကြောင်း၊ တပ်မတော်သည် အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် ကောင်းမွန်သည့်အမွေဖြစ်သဖြင့် မိမိတို့အနေဖြင့် စည်းကမ်းတကျ ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်း စစ်စည်းကမ်းကောင်းမွန်မှု၊ အမိန့် နာခံတတ်မှုများကိုအခြေခံပြီး မိမိတို့တစ်ဦးချင်း၏ အရည်အသွေး၊ တပ်ရင်းတပ်ဖွဲ့များ၊ တပ်ဌာနချုပ်များ၏ အရည်အသွေးများဖြင့် စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်ပါက ပြည်သူက အားကိုးရသည့် တပ်မတော်၊ တိုင်းပြည်က အားထားရသည့် တပ်မတော် အဖြစ်တည်ရှိနေမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာ စကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများ လိုက်ပါ၍ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုံနှင့် ရွှေပြည်သာစက်မှုဇုံ များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 08, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တပ်နယ်အားကစားခန်းမ၌ တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်