Jun 29, 2024

နိုင်ငံတော်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးမှ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံများ လှူဒါန်းကြရန် ပြည်သူများသို့ နှိုးဆော်လျက်ရှိရာ စာရေးသူသည် မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သော ဥပဒေစာကြည့်တိုက်အသစ်တစ်ခုရှိရာသို့ သွားရောက်လေ့လာမိသည်။
Jun 28, 2024

နှစ်ပေါင်းများစွာတိုင်အောင် မြန်မာနိုင်ငံ၏ အဓိကမူးယစ်ဆေးဝါးပြဿနာမှာ ဘိန်းစိုက်ပျိုးမှု ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း တရားမဝင်ဘိန်းစိုက်ပျိုးရာဒေသများကို ၂၀၂၃ ခုနှစ် စစ်တမ်းများအရလေ့လာကြည့်လျှင် ရှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှုအများဆုံးနေရာဖြစ်ပြီး တစ်နိုင်ငံလုံးဘိန်းစိုက်ပျိုးမှု၏ ၈၈ ရာခိုင်နှုန်း (ဟက်တာ ၄၁၃၀၀) ရှိပါသည်။ ကချင်ပြည်နယ်သည် ဒုတိယဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ဟက်တာ ၄၆၀၀ ရှိပါသည်။ ထို့ပြင် ချင်းပြည်နယ်တွင် ဟက်တာ ၇၀၀ နှင့် ကယားပြည်နယ်တွင် ဟက်တာ ၄၈၀ စိုက်ပျိုးပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း ဟက်တာ ၅၀ စိုက်ပျိုးခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင်ဟက်တာ ၂၅၀ အထိ စိုက်ပျိုးလာပါသည်။
Jun 28, 2024

နှလုံးသားထဲက မြကန်ဟု ကျွန်တော်တင်စားခေါ်ဝေါ်လိုက်ရခြင်းမှာ ၁၉၇၅၊ ၁၉၇၆ ခုနှစ်အချိန်ကာလ၊ ပုဂံဆိုတာ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်ရှိသည်ကိုပင် တိတိပပမသိသေးသော အထက်တန်း ကျောင်းသားဘဝကတည်းက “မြကန်”သည် ကျွန်တော့်ရင်ထဲသို့ တိုးဝှေ့နေရာယူထားပြီး ဖြစ်နေ၍ပါတည်း။ အမည်မသိရှေးစာဆိုရေးဖွဲ့ထားသော မြကန်ကဗျာလေးက တစ်ကြောင်းချင်းလည်း တစ်ကြောင်းချင်းမို့၊ တစ်ပုဒ်လုံးလည်း တစ်ပုဒ်လုံးမို့မေ့ထားဖို့ရာ၊ မေ့သွားဖို့ရာ မစွမ်းသာသောကြောင့် ယနေ့အသက် ၆၆ နှစ် အဖိုးအိုပေါက်စဘဝရောက်သည်ထိ နှလုံးသားမှာ စူးစူးနစ်နစ်ထိုးစိုက်နေရာယူထားခြင်းဖြစ်ပါလိမ့်မည်။ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ၊ နန္ဒာပေလောဆိုသည့် အဖွဲ့အနွဲ့က အလင်္ကာမြောက်လွန်းလှသလို ကြားရခဲမြင်ရခဲပေလို့လားတော့မသိ၊ “တူစွဟုတ္တာ”ဆိုသည့် စကားလုံးလေးများ၏ အဖိအဖော့ကို ခံစားလာမိသည်မှာလည်း နှစ်ပေါင်း ၄၀ မကတော့ပြီ။ ဆိုရသော် ကျွန်တော့်နှလုံးသားထဲမှာ မြကန်၏ပုံရိပ်များက အမြဲတမ်းတည်ရှိလို့နေပါသည်။
Jun 27, 2024

၂၀၂၄ ခုနှစ် မေ ၁၆ ရက်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမတွင် မြန်မာ့ဂီတနေ့ကျင်းပရေး၊ ဂီတအကယ်ဒမီဆုပေးပွဲကျင်းပရေးကိစ္စများနှင့်စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများ၊ သီးခြားဖိတ်ကြားထားသော ဂီတပညာရှင်များနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဂီတနေ့ကို ရန်ကုန်မြို့၌ ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်တွင် ဂီတလောကသားများအားလုံး စုစည်းညီညွတ်စွာဖြင့် အောင်မြင်အောင် ဆောင်ရွက်ခြင်းအားဖြင့် ဂီတစွမ်းရည်ကို ပြသနိုင်ရန်ဖြစ်ပါကြောင်း၊ ဂီတအကယ်ဒမီဆုပေးပွဲကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပလိုမှုအပေါ် အချိန်မီဆောင်ရွက်နိုင်ရေး အခြားပညာရှင်များကိုဖိတ်ခေါ်၍ အကြံဉာဏ်ရယူပြီး အသေးစိတ်စီစဉ်ဆောင်ရွက်ကြရန် မိန့်မှာချက်များကို မြန်မာ့ရုပ်မြင်သံကြားသတင်းနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ကြားမြင်ဖတ်ရှုရသည်။
Jun 27, 2024

“အိမ်နီးချင်းထက် စိတ်ချရတဲ့မိတ်ဆွေနိုင်ငံဆိုတာမရှိပါဘူး။ အိမ်နီးချင်းဆိုတာ အရင်းအနှီးဆုံးနိုင်ငံ ဖြစ်ရမယ်။ အိမ်နီးချင်းကောင်းပဲဖြစ်ရမယ်။ နိုင်ငံအားလုံးနဲ့ အိမ်နီးနားချင်း ငါးနိုင်ငံနဲ့ ချစ်ကြည်အောင် ဆောင်ရွက်ပါတယ်။ တရုတ်နဲ့ မြန်မာကလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ကမ္ဘာမှာစပြီး လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေဖြစ်တယ်”
Jun 26, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 26, 2024
လောကတွင် အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် ဒွန်တွဲနေတတ်သော သဘောရှိသည့်အားလျော်စွာ လူငယ်များ၏ဘဝ တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ ထွန်းကားလာသကဲ့သို့ အမှောင်ထုချောက်ကမ်းပါးထဲဆွဲချမည့် မူးယစ်ဆေးဝါးများသည်လည်း နည်းပညာများနှင့်အတူ ပိုမိုများပြားဆန်းကြယ်စွာ လူငယ်ထုလက်ထဲသို့ ရောက်ရှိနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ထိုသို့သော ဆွဲဆောင်မှုအမျိုးမျိုးဖြင့် လူငယ်ထုတစ်ရပ်လုံးကို လမ်းမှားရောက်စေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ်တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိကတာဝန်ပင် ဖြစ်ပါသည်။
Jun 26, 2024

ကမ္ဘာဦးမှစတင်ပြီး လူသားတို့သည် နေထိုင်မှုပုံစံအမျိုးမျိုးဖြင့် သဘာဝဖြစ်စဉ် အထူးသဖြင့် ရာသီဥတုစနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးစားနေထိုင်ခဲ့ကြပါသည်။ ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာခဲ့ကြပြီး လူသားတို့၏ နေထိုင်မှုပုံစံသည်လည်း အဆင့်ဆင့်တိုးတက် ပြောင်းလဲလာခဲ့ပါသည်။ လူသားတို့၏ နေထိုင်မှုပုံစံတိုးတက်ပြောင်းလဲလာခြင်းတွင် လေအေးပေးစက်များသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
Jun 25, 2024

၂၀၁၄ ခုနှစ် ပြည်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် ပညာရေးကဏ္ဍ၌ စာတတ်မြောက်မှုနှုန်းမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိသဖြင့် အသက် ၁၅ နှစ်နှင့် အထက် နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ စာမတတ်သူများဖြစ်နေကြောင်း ထုတ်ပြန်ထားပါသည်။ ထို့အတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပညာရေးကဏ္ဍတွင် စာတတ်မြောက်မှုနှုန်းမှာ ၈၉ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း ထုတ်ပြန်ခဲ့သဖြင့် ယခင်ကထက်နိုင်ငံအတွင်း စာတတ်မြောက်မှုရာခိုင်နှုန်း အနည်းငယ်လျော့ကျလာကြောင်း တွေ့ရှိရပါသည်။
Jun 25, 2024

ကျန်းမာရေးကောင်းမွန်မှသာ မိမိတစ်ဦးတည်း အတွက်ဖြစ်စေ၊ မိမိမိသားစုအတွက်ဖြစ်စေ၊ မိမိအဖွဲ့အစည်းအတွက်ဖြစ်စေ၊ မိမိနိုင်ငံအတွက်ဖြစ်စေ အကျိုးပြုနိုင်မည် ဖြစ်ပါသည်။ ယနေ့ခေတ် ကာလအခြေအနေတွင် လူအများကြုံတွေ့နေရသည့် ရောဂါများသည် ၎င်းတို့၏ လူနေမှုပုံစံများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိပါသည်။