Sep 30, 2021
လက်ပ်တော့ပဲဖြစ်ဖြစ်၊ လက်ကိုင်ဖုန်းပဲဖြစ်ဖြစ်၊ ဘာပစ္စည်းပဲဖြစ်ဖြစ် မော်ဒယ်လ်သစ် တစ်ခုပေါ် လာတိုင်း အရအမိဖမ်းဝယ်သူတွေရှိကြတယ်။ မော်ဒယ်လ်သစ်တွေမှာ အားသာချက်တွေ ကတော့ အများကြီးပါလာမှာပေါ့။ ဖုန်းဆိုရင် ကင်မရာပိုကောင်းလာတာ၊ မျက်နှာ ပြင်ပိုကြီးလာတာ၊ ဘက်ထရီပိုကောင်းလာတာ၊ ရုပ်ထွက်ပိုကြည်လင်တာ၊ အသံစနစ်တွေ ပိုကောင်းလာတာ၊ လုပ်ဆောင်ချက် တွေသွက်လာတာ စသည်အားဖြင့် ပိုကောင်း၊ ပိုမြင့်လာတာတွေရှိမှာပေါ့။ မော်ဒယ်လ် ပိုမြင့်လာသလို ဈေးကလည်း သိသိသာသာ မြင့်လာတာပါပဲ။
Sep 29, 2021
ကမ္ဘာနှင့်အဝှမ်း လူဦးရေအချိုးအစား ပြောင်းလဲ လာမှုနှင့်အတူ သက်ကြီးရွယ်အိုဘိုးဘွားများကို ထောက်ပံ့ကူညီမှုများပြုရန် ပိုမိုလိုအပ်လာသည်။ ၂၀၀၈ ခုနှစ်မှစ၍ အစားအစာ၊ လောင်စာ၊ တုပ်ကွေးနှင့် ငွေကြေးအကျပ်အတည်းများ တစ်ပြိုင်တည်း ဖြစ်ပွားမှုကြောင့် လူသန်းပေါင်းများစွာကို စီးပွား ရေးနှင့် လူမှုရေးအခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။ သဘာဝဘေးနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှု ဖြစ်စဉ်များက ရေနစ်သူ ဝါးကူထိုးသည့်နှယ် ဘေးဒုက္ခကျရောက်သူတို့ကို ပိုမိုနစ်မွန်းခဲ့သည်။ ဆင်းရဲနွမ်းပါးသူများ အသက်အိုးအိမ် ပျက်စီးဆုံးရှုံး စေပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ထိခိုက် ပျက်စီးစေခဲ့သည်။ ထိုပျက်စီးဆုံးရှုံးမှုများ၏ အကျိုး သက်ရောက်မှုများကလူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို စတင်ဆောင်ရွက်ကြရန် စေ့ဆော် ပေးခဲ့သည်။
Sep 29, 2021
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါက ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအားလုံးအတွက် ကျန်းမာရေး ပြဿနာကနေ အစပြုတယ်ဆိုရပေမယ့်နောက်ပိုင်းမှာတော့ ရောဂါကာကွယ်ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခရီးသွားလာမှုတွေ ကန့်သတ်ထိန်းချုပ်တာ၊ နိုင်ငံတိုင်းမှာလည်း Lockdown ချ ပြီး လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်မှုတွေ ပိတ်တာ၊ ကန့်သတ်တာတွေကြောင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုနဲ့ ကူးသန်းရောင်းဝယ်မှုစနစ်ကြီး တစ်ခုလုံးအပေါ်မှာ ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ ။ ဒါ့ကြောင့်လည်း နိုင်ငံတိုင်းက ကပ်ရောဂါကို ထိန်းချုပ်နိုင်အောင်ကြိုးစားရင်း တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည် လည်ပတ်နိုင်အောင် ကြိုးပမ်းလျက်ရှိကြပါတယ်။ အခုဆိုရင် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြပြီး နိုင်ငံတွေအကြား ကာကွယ်ဆေးထိုးနှံထားတဲ့ အထောက်အထားတွေ ကို အပြန်အလှန်အသိအမှတ်ပြုကြဖို့၊ အသွားအလာ ကန့်သတ်မှုတွေကို ဖြေလျှော့ဖို့နဲ့ လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြ ပါတယ်။
Sep 29, 2021
ကိုဗစ် - ၁၉ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူများအနေဖြင့် Booster ထိုးနှံရန် သင့်/ မသင့် နှင့်စပ်လျဉ်းပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
Sep 27, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က မြန်မာနိုင်ငံကို ကိုယ်စားပြုကာ ကမ္ဘာ့နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၂၀၀ ကျော်နှင့်အတူ အောက်တိုဘာ ၁ ရက်မှစတင်၍ ၆ လကြာ ကျင်းပမည့် ကမ္ဘာ့ကုန်စည်ပြပွဲ (Expo 2020 Dubai) ကို ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။
Sep 27, 2021
မြန်မာပြည်အရပ်ရပ်မှ သဘာဝအလှတရား များရှိရာဒေသများ၊ ထူးခြားဆန်းကြယ်သော နေရာများ၊ သဘာဝကျောက်ရေအိုင်များ၊ ရေကန်များ၊ တောတွင်းစွန့်စားခရီးစဉ် သွားရောက်လိုသူများ၊ သစ်ခွမျိုးစိတ် စိတ်ဝင်စားသူများ၊လိပ်ပြာမျိုးစုံ စိတ်ဝင်စားသူများအား လာရောက်လေ့လာလည်ပတ်နိုင်စေရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန (ပုဂံဌာနခွဲ) ရုံးမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေလာ ရောက်လည်ပတ်သည့်အခါ ခရီးစဉ်ဒေသငါးခုအပြင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး ခရီးစဉ်အားတောတွင်း စွန့်စားခရီးစဉ်ဒေသအဖြစ် ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းစဉ်တစ်ခုအဖြစ် ဖော်ဆောင်ထားရှိကြောင်းညောင်ဦးမြို့နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပုဂံရုံးခွဲမှသိရသည်။
Sep 27, 2021
အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီး ဦးအောင်သင်းအကြောင်း ရေးသားမည်ကြံရွယ် မိစဉ်မှာပင် “ဟေ့ကောင်လေးတွေ ကောင်မလေးတွေ ငါပြောမယ်ကွ...” ဟူသည့် ဆရာကြီးလေသံကို နားထဲဝှေ့ဝှေ့ကြား ယောင်မိသည်။ အင်္ကျီလက်ကို ပင့်ကာပင့်ကာ လက်သီးလက်မောင်းတန်းလျက် မာန်ပါပါဟောပြောတတ် သည့်ဟန်ပန်ကိုလည်း အာရုံထဲမြင်ယောင်လာသည်။ မျိုးဆက်သစ်လူငယ်များအတွက် စိတ်ဓာတ်ခွန်အားနှင့် နှလုံးသား အာဟာရ ဆေးတိုက်ကျွေးခဲ့သူဆရာကြီးအကြောင်း ရေးသားရသည့်အတွက်လည်းဝမ်းမြောက်ကြည်နူးရပါသည်။
Sep 27, 2021
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ရာသီအလိုက် စိုက်ပျိုးလေ့ရှိကြပါသည်။ စိုက်ပျိုးရေးသည် မိမိတို့နိုင်ငံ၏ အသက်သွေးကြောဟုပင် ဆိုသင့်ပါသည်။ တောင်ပေါ်မြေပြန့်မကျန် သူ့နည်းသူ့ဟန်ဖြင့် မိမိဒေသနှင့်ကိုက်ညီသည့် သီးပင်စားပင်၊ ဆန်စပါးနှင့် ဟင်းသီးဟင်းရွက် အပါအဝင် သစ်ပင်ပန်းမန်တို့ကို စိုက်ပျိုးလျက်ရှိပါသည်။
Sep 27, 2021
ခွေးရူးရောဂါကို ဘီစီ ၂၀၀၀ ဝန်းကျင်ကတည်းက သိရှိခဲ့ကြသည်ဟု သိရသည်။ ခွေးရူးရောဂါအကြောင်း ရေးသားခဲ့သည့် ပထမဆုံးမှတ်တမ်းမှာ ဘီစီ ၁၉၃ဝ က မီဆိုပိုတေးမီးယား Codex of Eshnunna အညွှန်းစာအုပ်ထဲတွင်ဖော်ပြပါရှိသည့် မှတ်တမ်းထဲ၌ ခွေးရူးရောဂါ လက္ခဏာများပြနေသည့် ခွေး၏ပိုင်ရှင်သည် အကိုက်မခံရအောင် အကာအကွယ် အတားအဆီးလုပ်ထားသင့်သည်ဟုပါရှိသည်။ မိမိမွေးမြူထားသော ခွေးက ခွေးရူးရောဂါဖြစ်ပွားပြီး တစ်ယောက်ကို ကိုက်မိသောကြောင့် ထိုလူသေဆုံးလျှင် ခွေးပိုင်ရှင်အား ကြီးလေးသော ဒဏ်ငွေပေးဆောင်စေသည်ဟု မှတ်တမ်းတင် ခဲ့သည်။
Sep 26, 2021
မီးခိုးမထွက်သောစက်ရုံ (Smokeless Industry)ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ခရီးသွား လုပ်ငန်းသည် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများ၏နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မျက်နှာစာများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး လူသားတို့၏ သမိုင်းအစဖြစ်သော ကျောက်ခေတ်နှင့် သမိုင်းဦး ဘုံမြေခေတ်မှ ယနေ့ စတုတ္ထစက်မှု တော်လှန်ရေးခေတ် (Industry 4.0)အထိ အခြားသော စီးပွားရေး ကဏ္ဍများနည်းတူ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်များဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။
