Skip to main content
Oct 14, 2021
အောက်တိုဘာ ၅ ရက်နေ့က ကမ္ဘာ့ဆရာများနေ့ဆိုတော့ ဆရာ ဆရာမတွေနဲ့ ဆက်စပ်ပြီး စိတ်ထဲစွဲမြဲအမှတ်ရစရာတစ်ခုက ခေါင်းထဲ ပေါ်လာပါတယ်။ မှတ်မှတ်ရရဆိုရရင် ၇ တန်းနှစ်ကပါ။ သမိုင်းသင်တဲ့ ဆရာက ဖြစ်ရပ်တစ်ခု၊ ရာဇဝင်တစ်ခုကို ပုံပြင်တစ်ပုဒ်လို တစ်ထိုင်တည်း အလွတ်ရအောင် သင်နိုင်သူပါ။ အသင်အပြကောင်းသလို အရိုက်လည်း ကြမ်းလို့ ကျောင်းသူ ကျောင်းသားတွေက ကြောက်ကြပါတယ်။
Oct 13, 2021
နိုင်ငံရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဂျပန်သတင်းမီဒီယာဖြစ်သည့် Mainichi Shimbun သတင်းစာက အောက်တိုဘာ ၅ ရက်တွင် ဆက်သွယ် မေးမြန်းခဲ့ပြီး မေးမြန်းဖြေကြားမှုများကို ယင်းသတင်းစာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆက်သွယ်မေးမြန်းဖြေကြားထားမှုများနှင့် ပတ်သက်၍ ဖော်ပြလိုက်ပါသည် -
Oct 13, 2021
1
နိုင်ငံတကာတွင် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များသည် ကိုရိုနာ ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုဒဏ်ကို အလူးအလဲခံကြရ သည့် အညံ့နှစ်များဖြစ်သည်။ မိမိတို့နိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနှင့် တတိယလှိုင်းကူးစက်မှုဒဏ်ကို ခံစားခဲ့ရပေသည်။
Oct 13, 2021
2
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် စက်တင်ဘာ ၁ ရက်မှ ၇ ရက်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့ သည်။ ခရီးစဉ်အတွင်း International Army Games-2021 ပိတ်ပွဲအခမ်းအနား တက်ရောက် ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက်တာဝန်ရှိ သူများနှင့်တွေ့ဆုံခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ ခြင်းတို့ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်းပညာ၊ သိပ္ပံနှင့်နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်း အမြစ်တိုးတက်ရေး၊ ယဉ်ကျေးမှုကဏ္ဍစသည့်တို့တွင် ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ သည်ကိုမြင်တွေ့ရသည်။
Oct 12, 2021
သဘာဝဘေးအန္တရာယ်များသည် အဖျက်စွမ်းအားကြီးမားလှသကဲ့သို့ ကျွန်ုပ်တို့နေထိုင်ရာ မြေကမ္ဘာကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက် လျက်ရှိပါသည်။ ပြင်းထန် ဆိုးရွားသည့် သဘာဝ ဘေးအန္တရာယ်တစ်မျိုးမျိုးဖြစ်ပွားပါက လူသားတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်များကိုသာမက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့် နယ်ပယ် အသီးသီးတွင် ကြီးမားသောဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
Oct 12, 2021
မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်မယ့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများကို ဖိတ်ခေါ်ထားပါတယ် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာရင်၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ကိုက်ညီရင် အမြန်ဆုံးအလုပ်ဖြစ်စေမှာပါ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဂျပန်သတင်းမီဒီယာ ဖြစ်သည့် Mainichi Shimbun သတင်းစာက အောက်တိုဘာ ၅ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ပြီး မေးမြန်းဖြေကြားမှုများကို ယင်းသတင်းစာတွင် အောက်တိုဘာ ၁၀ ရက်က ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆက်သွယ် မေးမြန်းဖြေကြားထားမှုများနှင့် ပတ်သက်၍ ဖော်ပြလိုက်ပါသည် -
Oct 12, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ ရှစ်လတာခရီးဖြတ်သန်းခဲ့ပြီ
မိုးအကုန်ဆောင်းအကူး စက်တင်ဘာလသည် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ကပ်ရောဂါ တတိယလှိုင်းကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့သည့်လ၊ သေတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ အာဆီယံတို့နှင့် ပိုမိုနီးကပ်စွာဆက်ဆံဖြစ်သည့် ကာလတစ်ခုလည်း ဖြစ်ပါသည်။
Oct 11, 2021
ဝန်ထမ်း
ဖတ်လိုက်မိတဲ့ စာတစ်မျက်နှာကို ပြန်လည်ဖော်ပြပါရစေ။ “ဘဝဆိုတာ ခရီးစဉ်တစ်ခုပါ။ ခရီး ဆက်ကြရမှာ သတိရပါ။ အိုးအိမ်တစ်လုံးမဟုတ်ပါဘူး။ ဘဝဟာ လမ်းမကြီး တစ်ခုပါ။ မှီတင်း နေထိုင်စရာ မြို့တော်ကြီးတစ်မြို့ မဟုတ်ပါ။ ဆက်လက်ချီတက်နေရဦးမှာနော်။
Oct 11, 2021
အရှင်မဟာသီလဝံသ(၁၄၅၃-၁၅၁၈) လက်ရှိပကတိ အခြေအနေတွေကတော့ “အားလုံးလည်း မြင်သိတွေ့ရှိနေကြတဲ့အတိုင်းပဲ။ ကောင်းနေပါတယ်၊ ဆိုးနေပါတယ်စသဖြင့်ပြောရင်လည်း မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်ကြီးကိုလက်နဲ့စမ်းပြီးကိုယ့်စိတ်ထဲ ထင်ရာပြောနေတာ နဲ့တူနေမှာစိုးရပေတယ်။ ဆင်ဆိုတာကြီးက နှာမောင်းစမ်းမိသူက မြွေကြီးနဲ့တူလှပါလား။ အစွယ်စမ်းမိသူက လှံသွားလိုပဲချွန်သတဲ့။ နားရွက်စမ်းမိသူက ယပ်တောင်လိုပါကွဲ။ ခန္ဓာကိုယ်စမ်းမိသူက နံရံတံတိုင်းကြီးပါလား။ ဆင်ရဲ့ခြေထောက် ကို ဖက်ကြည့်စမ်းတဲ့သူက သစ်ပင်ရဲ့ ပင်စည်တွေ လိုပဲဟေ့။ အမြီးကိုကိုင်မိသူက ကြိုးတုတ်တုတ် တစ်ချောင်းနဲ့ ဆင်ဆိုတာ တူတာပါကွာ။
Oct 11, 2021
ယခုလက်ရှိနိုင်ငံတော်၌ ကာကွယ်ဆေးထိုးနှံပေးနေမှုကို နိုင်ငံ့အရေး၊ အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ အကျုံးဝင်သူအားလုံး မည်သူတစ်ဦးတစ်ယောက်မှ မကျန်စေရေးမူပေါ်တွင်အခြေခံထားသည်ဖြစ်၍နိုင်ငံသားတစ်ဦး၏အခွင့်အရေးကိုလုံးဝလက်လွှတ်မခံသင့်သည့်ကိစ္စရပ်လည်းဖြစ်သည်။မိမိနှင့်မိမိ၏ရင်သွေးငယ်ကျောင်းသားများ ဘေးကင်းလုံခြုံစိတ် ချမှုရရှိရန်အတွက် နိုင်ငံတော်၏တာဝန်ယူ တာဝန်ခံမှုအပေါ်တွင် ယုံကြည်စိတ်ချစွာဖြင့် ကျောင်းသားမိဘပြည်သူများ၏အားလုံးပူးပေါင်းပါဝင်မှုသည် ကိုဗစ်ကပ်ရောဂါကိုကာကွယ်။ထိန်းချုပ်ရာတွင်လည်းကောင်း၊စဉ်ဆက်မပြတ်ပညာရေးခရီးလမ်းဖြောင့်တန်းစွာဖြင့်လျှောက်လှမ်းရာတွင်လည်းကောင်းလွန်စွာအရေးကြီးပေ သည်။