Skip to main content
Jun 03, 2021
1
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ဖျာပုံမြို့ အမှတ်(၁) ရပ်ကွက် မဟာပုညာရာမတိုက် (ထန်းပင်ကျောင်း ပရိယတ္တိစာသင်တိုက်) မဏိရတနာတန်ဆောင်း တွင် ပြုလုပ်သည့် ယဉ်ကျေးလိမ္မာသင်တန်းသို့ စာရေးသူအစီ အစဉ်မရှိဘဲ တက်ရောက်ဖြစ်ခဲ့ သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယ ကအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီ ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသဝ အရှင်သူမြတ် (မင်္ဂလာသုခ သလိတ်ကြီးကျောင်း တိုက် ကျောင်းထိုင်ဆရာတော်)နှင့် ဖျာပုံမြို့ (မဟာ ပုညာရာမတိုက်) ထန်းပင်ကျောင်း ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါ စရိယ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင်ဟောင်း) (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ) ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်အပါအဝင် သင်တန်းဖြစ်မြောက်ရေး ဦးဆောင်စီမံ ကြီးကြပ်ပေးကြသည့် ဆရာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူသည်။
Jun 03, 2021
တစ်နေ့က ကြုံရဆုံရသည့်အဖြစ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်နိုင်ငံရောက်နေသည်ဟုပင် ဝေခွဲမရတော့။ ကဆုန်လပြည့် (ဗုဒ္ဓနေ့) က ကျွန်တော်တို့မိသားစု ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်၍ ကဆုန်ညောင် ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ် ကိုဗစ်ကပ်ရောဂါဆိုးကြီးစတင် ကူးစက်ဖြစ်ပွားခဲ့စဉ်ကစ၍ တို့ဘုရားကို တို့များမဖူးရသည်မှာ ကြာပြီမို့ နေအိမ်ကစထွက်ကတည်းက အထူးရွှင်လန်းတက်ကြွနေသည်။
Jun 03, 2021
1
“S.P လုပ်၍ ကျောင်းမတက်အောင် လှုံ့ဆော် ခြင်း"စတဲ့နည်းမျိုးစုံနဲ့ ကျောင်းသား ကျောင်းသူတွေ ကို ကျောင်းမတက်ဖို့အတွက် ဝါဒဖြန့်လျက်ရှိ ပါတယ်။ အဲဒါတွေကို နားယောင်ပြီး မိမိဘဝ အတွက် ကျောင်းမတက်ဘူးဆိုရင် မိမိအနာဂတ် ဟာ ဝေဝါးသွားပါလိမ့်မယ်။
Jun 03, 2021
စာချုပ်တစ်ရပ်သည် အကျိုးသက်ရောက်စေရန် ရည်ရွယ်ချုပ်ဆိုသော စာချုပ်မျိုးမဟုတ်ဘဲ ဟန်ဆောင် စာချုပ်ဖြစ်ပါမူ စာချုပ်ချုပ်ဆိုသူတို့သည် ဟန်ဆောင် စာချုပ်မျှသာဖြစ်ကြောင်း နှုတ်သက်သေခံ တင်ပြနိုင်သည်။ အကြောင်းမူကား ဟန်ဆောင်စာချုပ်ကို ဥပဒေအရအတည်ပြုခွင့်မရှိသဖြင့် ပဋိညာဉ် မမြောက် သောကြောင့် ဖြစ်သည်။
Jun 02, 2021
စာချစ်သူ “မြန်မာနိုင်ပြီ ... တို့မြန်မာနိုင်ပြီ ... တိုင်းပြည်က ပေး.. ပေးအပ်လိုက်တဲ့တာဝန်များ ကျေပွန်ပါပြီ... တကယ့်ကိုကျေပွန်ပြီ ...
Jun 02, 2021
school
မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်တဲ့ ဇွန်လ ၁ရက်နေ့မှာ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ကြတဲ့ သတင်းတွေကို အွန်လိုင်း စာမျက်နှာတိုင်းလိုလိုမှာ မြင်တွေ့ ဖတ်ရှုရတာ လွန်စွာ မင်္ဂလာရှိလှပါဘိ။
Jun 02, 2021
၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ မင်္ဂလာရှိသော အခါသမယဖြစ်ပါသည်။ စာသင်ကျောင်းများသည် ကျောင်းသား ကျောင်းသူ၊ ကလေးသူငယ်၊ လူငယ်လူရွယ်များ ပညာရင်နို့သောက်စို့ရာ ဥယျာဉ်တစ်ခုဖြစ်သည်။ ပညာဥယျာဉ်လေးများ စတင်ပေါ်ထွန်းလာပြီဖြစ်၍ ကျောင်းသား ကျောင်းသူလေးများ၏ နှလုံးသားတွင် “ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေခြည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း” ဟူ၍ ခွန်းဆင့်ဆိုတေးသီကြွေးနေကြမည်ဟု မျှော်လင့်ပါသည်။
May 31, 2021
အစွန်းရောက်နိုင်ငံရေးအကြမ်းဖက်သမားများ လက်တွဲဖယ်ရှား
မည်သည့်နိုင်ငံ၏ အစိုးရကမှ အကြမ်းဖက်သမားတို့၏ရည်ရွယ်ချက် ပြည့်ဝအောင် လိုက်လျောရိုး ထုံးစံမရှိပါ။ အကြမ်းဖက်သမားများနှင့် ညှိနှိုင်းခြင်း၊ လိုက်လျောခြင်းမလုပ်ပါ။ ဤအရာသည် အစိုးရ တိုင်းက ပြည်သူအတွက် ဆောင်ရွက်ပေးရမည့်၊ အကာအကွယ်ပေးရမည့် လုပ်ရိုး လုပ်စဉ် တစ်ခုပင်။ အကြမ်းဖက်မှုများသည် အစွန်းရောက် စိတ်ဓာတ်ကို အခြေခံသည်။ လက်ရှိမြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေး အစွန်းရောက် စိတ်ဓာတ်ရှိသူများသည် ၎င်းတို့၏ နိုင်ငံရေးအကျိုး အမြတ်အတွက် အကြမ်းဖက်မှုများကို လက်နက်အဖြစ် အသုံးပြု လျက်ရှိသည်။ နိုင်ငံရေးအကျိုးအမြတ်အတွက် အကြမ်းဖက်နည်း လမ်းကို ကျင့်သုံးခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်။ သို့သော် ရွေးကောက်ပွဲ မသမာမှုများကို အကြောင်းတည် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်များတွင် အကြမ်းဖက်မှုများ ပါဝင်လာခဲ့ပေပြီ။ ယခု ပြည်သူအများ သွားလာနေထိုင်ရာ နေရာများတွင် ပေါက်ကွဲမှုများဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူ များထံ အကြောက် တရား ဖြန့်ဝေလျက်ရှိသည်။
May 29, 2021
ကျွန်ုပ်သည် အမျိုးသားပညာရေးအဖွဲ့ချုပ်၌ အမှုထမ်းနေရာ လွန်ခဲ့သောကိုးနှစ်ခန့်က ပုသိမ်မြို့ အမျိုးသားကျောင်းသို့ ခေတ္တကျောင်းအုပ်အဖြစ်ဖြင့် ဆောင်ရွက်ရန် အဖွဲ့ချုပ်က စေလွှတ်သည့်အတိုင်း သွားရောက်ဆောင်ရွက်ရ၏။ ထိုအခါက မှတ်သား ချီးမွမ်းဖွယ်ကောင်းသော ကျောင်းသားတစ်ယောက် ကို တွေ့ကြုံရ၏။ ထိုသူငယ်ကား မောင်ဘစီ ဆိုသူတည်း။