Skip to main content
Jun 08, 2021
သံစဉ်၊ စာသား ရသမြောက်စွာရေးဖွဲ့ထားပြီး နားဆင်သူများ၏ စိတ်နှလုံးကိုကောင်းစွာ ညို့ယူဆွဲဆောင်နိုင်သည့် မြန်မာ့နာမည်ကျော် သီချင်းတစ်ပုဒ်ရှိသည်။ သီချင်းအမည်က “မြန်မာ့စိတ်ရင်း၊ မြန်မာ့ ရှုခင်း'။ ထိုသီချင်းကြားတိုင်း မြန်မာပီပီ နှစ်သက်မိ၏။ သည်မြေပေါ် တွင်နေ၊ သည်လိုစိတ်ရင်းမျိုးရှိသည့် ငါတို့လူမျိုးပါလားအတွေးဖြင့် ပီတိဖြစ်ရ၏။ အမြဲတမ်းလည်း ဂုဏ်ယူရသည်။ မြန်မာ့စိတ်ရင်းကို မနှစ်သက် သဘောမကျသူရှိမည်မထင်။ မြန်မာ့မြေပေါ်လာရောက် လည်ပတ်ကြပြီး မြန်မာတို့၏စိတ်ရင်းနှင့် ထိတွေ့ခံစားရသည့်အတိုင်း တိုင်းအပြည်ပြည်မှ လူမျိုးအသီးသီးတို့သည်ပင် မြန်မာ့စိတ်ရင်းကို သဘောကျစမြဲ။
Jun 08, 2021
ဉာတကာနဉ္စ သင်္ဂဟောဟူသော ဘုရားဟော ဒေသနာရှိသည့်အတိုင်း ထိုတရားတော်၏ ထူးမြတ်ခြင်းကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးဟူသမျှ ကောင်းစွာသိကြလေသည်။
Jun 08, 2021
ကိုဗစ်-၁၉ နဲ့ လက်ရှိကမ္ဘာ ၂၀၂၁ ခုနှစ် ဇွန်လ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်း သန်း ၂၀၂၀ ခန့်၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အပြည့် ထိုးပြီးကြောင်း သိရှိရပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပိုးတွေ့လူနာသစ် အရေအတွက်ဟာ မတ်လဆန်းက ပြန်တက်လာခဲ့တာ မေလဆန်းပိုင်းမှာ အမြင့်ဆုံးရောက်ခဲ့ပါတယ်။ အခု ပြန်ကျလာပြီဆိုပေမယ့် မတ်လဆန်း မတိုင်ခင် အခြေအနေကို ပြန်မရောက်သေးပါဘူး။
Jun 06, 2021
နိဒါန်း နှစ်ပေါင်းများစွာ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သဖြင့် မိမိတို့၏ တွေးခေါ်စဉ်းစားပုံ၊ ပြောဆို ပြုမူပုံများသည် ခေါက်ရိုးကျိုးခဲ့ပြီ။ အရေးအကြောင်းပေါ်လျှင် သက်စွန့်စံဖျား တာဝန်ထမ်းရသည်ကိုပင် အားရဝမ်းသာ ပျော်ရွှင်စွာပါဝင်ခဲ့ဖူးသည်။ စိတ်မပါသော အလုပ်မျိုးတွေ ကိုလည်း ကျိတ်မှိတ်အောင့်အည်းသည်းခံကာ ပြီးမြောက်အောင် ထမ်းဆောင် ခဲ့ရဖူးသည်။
Jun 06, 2021
ဆောင်းပါး
တောင်သူ ဦးကျော်မြင့်သည်ညီညီညာညာပြန့်ပြန့်ပြူးပြူးထွန်ယက်ထားသည့် သူ၏ လယ်ယာများကို မျှော်ကြည့် ကာ စိုက်ပျိုးရန် စိတ်စောနေသည်။ တောင်သူလုပ်လာ ခဲ့သည်မှာ နှစ် ၄၀ ကျော်ရှိပြီ ဖြစ်သော်လည်း ဒီလယ်ဒီမြေသည် စနစ်ကျလယ်မြေ ဖော်ဆောင်ပြီး ပထမဆုံး စတင်စိုက်ပျိုးမည့်အတွက် ဖြစ်သည်။
Jun 06, 2021
ဆောင်းပါး
“၁၂၄၇ ခု၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့မှာ နန်းတော် အတွင်းသို့ အင်္ဂလိပ်စစ်သည်တော်များ ဝင်ရောက်လာကြသည်။ မြန်မာတို့၏ထုံးစံအတိုင်း ပုရပိုက်များကို ကျွန်းသေတ္တာကြီးအတွင်း ထည့်သွင်းကာ အလုပ်လုပ်ရာဌာနရှိသမျှနှင့် စာရင်းတိုက်မှာထားကြ သည်။ ပုရပိုက်အမှတ်အသားထားသော သေတ္တာများမှာလည်း မရေမတွက်နိုင်လောက်အောင် များပြားသည်။ ထိုသေတ္တာအတွင်း ပုရပိုက်များနှင့်အတူ ဗောင်း၊ နားတောင်း၊ ဝတ်လုံစသော မင်းခမ်း မင်းနားနှင့်ဆိုင်သည့် အဝတ်အစားများ၊ ငွေများ၊ အဖိုးတန်သော အသုံးအဆောင်များကို ထားကြသည်။ အင်္ဂလိပ်စစ်ဗိုလ်၊ စစ်သား စသူများနှင့် ၎င်းတို့၏ နောက်လိုက်များပါ သေတ္တာရှိသမျှကို ဖွင့်လှစ် ယူငင်ကြရာ အချို့မှာ ပစ္စည်းအဖိုးတန်များကို ရကြသည်။ အချို့မှာ ပစ္စည်းကိုမရသော်လည်း ပစ္စည်းရှိမည်အထင်နှင့် သေတ္တာများကို ဖွင့်လှစ်ရှာဖွေသည့်အတွက် ပုရပိုက်များမှာ အခေါက်ပျက်ကုန်ကာ ပစ်ထားလိုက်ကြသည်။”
Jun 06, 2021
“ပေးဆပ်မှုတစ်ခုခုရှိမှ နောက်အဆင့်တစ်ခုကို တက်လို့ရမယ်”ဆိုတာ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရာထူးတိုးဖို့ပဲဖြစ်ဖြစ်၊ ဩဇာ အာဏာပိုကြီးပဲဖြစ်ဖြစ် ပေးဆပ်မှုရှိရမယ်လို့ ဆိုလိုတာဖြစ်ပါ တယ်။
Jun 06, 2021
ဆောင်းပါး
ဟန်လင်းပျူမြို့ဟောင်း မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရှေးဟောင်းမြို့၊ ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်း ဝတ္ထုပစ္စည်းများ များစွာတည်ရှိနေသည့် အနက် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူ ရှေးဟောင်းမြို့ သုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး UNESCO သို့ တင်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများအဖြစ် သတ်မှတ်ခံခဲ့ ရပါသည်။ ကမ္ဘာ့အမွေအနှစ် ရရှိပြီးနောက် ချမှတ် ရေးစွဲထားသော မျှော်မှန်းချက်များ၊ ဦးတည်ချက် များ၊ လုပ်ငန်းအစီအစဉ်များဖြင့် ယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်း စောင့်ရှောက် ကာကွယ ်ခြင်းနှင့်အတူ သုတေသန လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လာနိုင်ခဲ့ ပါသည်။ဟန်လင်းပျူရှေးဟောင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက် မြို့နယ်အတွင်းရှိ ဟန်လင်း(ဟံလင်း) ကျေးရွာတွင် တည်ရှိသည်။ ဟန်လင်းကျေးရွာသည် ရွှေဘိုမြို့မှ အရှေ့တောင်ဘက် ၁၀ မိုင်ခွဲခန့်အကွာ၊ ဝက်လက် မြို့မှ အရှေ့မြောက်ဘက် ခြောက်မိုင်ခန့်အကွာ တွင် တည်ရှိသည်။
Jun 06, 2021
“အမှန်အတိုင်းပြောရရင် လယ်ကို ဒီလိုစနစ်ကျ လယ်ယာမြေဖော်ထုတ်ဖို့ စပြီးပြောတုန်းက ကျွန်တော်တို့ လုံးဝသဘောမတူခဲ့ဘူး။ ဘယ့်နှယ့်ဗျာ ကျွန်တော်တို့ မိဘတွေရဲ့ လက်ငုတ်လက်ရင်း အမွေရခဲ့တဲ့ လယ်လေး ခြောက်ဧကကျော်ကျော် ရှိပေမယ့်လယ်ကွက်ပုံစံလေးက ကဗျာဆန်တယ်ဗျ။ မြန်မာပြည်မြေပုံနဲ့ ခပ်ဆင်ဆင်၊ အဲဒီတော့ ဒီလိုပုံစံ ကို ဖျက်ပစ်မယ်ဆိုတော့ ဘယ်သဘောတူပါ့မလဲ" အင်္ကျီအဖြူ၊ ကရင်လုံချည်အနီကို တိုတိုဝတ်ထားသည့် လယ်သမားကြီး ကိုလူမောင်က သူ့လယ်ကို စက်မှု လယ်ယာမှ စနစ် တကျလယ်မြေဖော်ထုတ်ဖို့ လာရောက်စည်းရုံးစဉ် သူ၏ခံစားချက်ကို ပြောပြ နေခြင်းဖြစ်သည်။ သည်နေ့မနက် ကျွန်တော်တို့အဖွဲ့ နေပြည်တော်မှ မနက် ၆ နာရီခွဲလောက်က ထွက် ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာခဲ့ခြင်း ဖြစ်သည်။ ရေတာ ရှည်မြို့နယ်၊ သပြေတန်းကျေးရွာ အုပ်စု သပြေတန်းရွာ ကွင်းအမှတ်(၆၃၈)သို့ ကျွန်တော်တို့ မနက် ၇ နာရီခွဲသာသာတွင် ရောက်ရှိသည်။ တာလပတ်မိုးထားသည့် ယာယီမဏ္ဍပ်လေး အတွင်း သပြေတန်း ကျေးရွာမှတောင်သူဦးကြီးများနှင့် စက်မှုလယ်ယာမှ ဝန်ထမ်း များ ရောက်ရှိနေသည်။ လယ်ကွင်းထဲတွင် မျက်စိတစ်ဆုံး ဒိုဇာဖြင့် ကန်သင်းဖြိုသူကဖြို၊ တစ်ဧက ကွက် ဖော်ထုတ်သည့်စက်က ဖော်ထုတ်ဖြင့် ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။
Jun 05, 2021
artical
လွန်ခဲ့သော ခြောက်နှစ်ခန့်က ကျွန်ုပ်သည် မြို့ငယ် တစ်ခုသို့ အမျိုးသားကျောင်းစစ်ရန် သွားရ၏။ ၎င်းတို့မြို့ သို့ မီးရထားဆိုက်လျှင် ကျွန်ုပ်၏ သူငယ် ချင်း သပိတ်မှောက် ကျောင်းသားဟောင်းဆရာ ကြီးသည် လာ၍ကြိုနေသည်ကို တွေ့ရ၏။ ဘူတာ အနီးတွင် ကပ်၍ ကျွန်ုပ်၏ရင်းနှီးသော မိတ်ဆွေ တစ်ယောက်နေသည်ကို ခဏမျှ တွေ့လိုသည်နှင့် သူငယ်ချင်းဆရာကြီးအား ကျွန်ုပ်၏ပစ္စည်းများနှင့် သွားနှင့်ရန်ပြောဆိုလွှတ်လိုက်၏။ အဆိုပါ ဘူတာ အနီးရှိ မိတ်ဆွေနှင့် စကားစမြည်ပြော၍ အတန်ကြာ ပြီးနောက် ဆရာကြီးအိမ်သို့ သွားတော့မည်ဟု ဘူတာအနီးကပင် ဖြတ်၍လာခဲ့ရာ -