Apr 16, 2022

၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်သို့ကူးပြောင်းခဲ့ချေပြီ။ မြန်မာလူမျိုးတို့သည် နှစ်သစ်၏အမွန်အစဖြစ်သော မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘုရားကျောင်းကန်၊ စေတီပုထိုး များတွင်ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းစသည့်ဒါန၊ သီလ၊ ဘာဝနာ တရားများအားထုတ်လေ့ရှိကြသည့်နည်းတူ သက်ကြီးဝါကြီးအဘိုးအဘွားတို့အား ဂါရဝပြုခြင်း၊ ခေါင်း လျှော်၊ ခြေသည်းလက်သည်းညှပ်ခြင်း စသည့်ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ဇီဝိတဒါန သက်လွှတ်ပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လေ့ရှိကြသည်။
Apr 15, 2022

နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ (Micro Enterprise-ME)၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (Small and Medium Enterprise-SME) တွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ SME ကဏ္ဍဟာ နိုင်ငံ GDP ရဲ့ (၃၀~ ၅၃) ရာခိုင်နှုန်း၊ အလုပ်အကိုင်အားဖြင့် (၅၀~၉၅) ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။
Apr 15, 2022

ဆောင်းပါးခေါင်းစဉ် ဖတ်မိလျှင် “လျှပ်စစ်မီးတွေ သည်လောက်ပျက်နေတာ၊ အလှည့်ကျမီးပေးနေတာ၊ ဘယ်လိုလုပ်ချွေတာရမှာလဲ” ဟုလည်းကောင်း၊ “ဒါနပြုတယ်ဆိုမှ(လှူမှ) ငွေကုန်မှာပေါ့၊ ဘယ်လိုချွေတာရာရောက်မှာလဲ”ဟု လည်းကောင်းစာဖတ်သူတို့အနေဖြင့် တွေးကောင်းတွေးမိပါလိမ့်မည်။
Apr 15, 2022

ရှေးစာဆိုများက ဆယ့်နှစ်လရာသီတွင် အရေးကြီးသည့်ပွဲတော် ၁၂ မျိုးကို “သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့် မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းထွက်ဝင်၊ သဘင်မီးဖုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ယှဉ်သား၊ လစဉ်စမြဲ၊ ဆယ့်နှစ်ပွဲ” ဟု စပ်ဆိုခဲ့သည်ကို မှတ်သားရဖူးပါသည်။
Apr 14, 2022

ဖေဖေ ဦးကျင်ဝင်းကစစ်ကိုင်းတိုင်းဒေသကြီး ထဲမှမင်းကင်းမြို့သား။ မေမေ ဒေါ်တင်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှ ကန်ရွာဇာတိ။ ဖေဖေနှင့်မေမေတို့ စစ်ကိုင်းတိုင်း ဒေသကြီးကလေးဝမြို့နယ် သစ်ချောက်ရွာမှာ ဘယ်လိုဆုံကြ၊ ညားကြသည်မသိ။
Apr 13, 2022

အာရောဂျံ....ကျန်းမာခြင်းသည်ပရမံ...မြတ်လှစွာသော... လာဘံ...လာဘ်ကြီးတစ်ပါး ဆိုသည့်ဆိုရိုး စကားအတိုင်း ကျန်းမာခြင်းသည် လူသားအားလုံးအတွက် လွန်စွာအရေးကြီးပါသည်။ ကျန်းမာမှပျော်ရွှင်သော နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်မည်ဖြစ်ကာ ကျန်းမာရေးထိခိုက်သည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အိမ်ထောင်ရေးတို့ပါ ထိခိုက်လာမည်ဖြစ်ပါသည်။ ကျန်းမာရေးကောင်း စေရန် အတွက် အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ လေကောင်းလေ သန့်ရှူရှိုက်ခြင်း၊ အရိယာပုတ်မျှတစွာ နေထိုင်ခြင်း စသည်တို့အပြင် အာဟာရပြည့်ဝစေမည့် အစားအစာကို ရွေးချယ်စားသုံးခြင်းမှာလည်း အထူးလိုအပ်ပါသည်။
Apr 13, 2022

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ် ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းရောက်ရှိခဲ့ပြန်ပါပြီ။ နှစ်ဟောင်းက အညစ်အကြေးအဟောင်းများကို သင်္ကြန်ရေဖြင့် ပက်ဖျန်းဆေးကြော၍ အသစ်တို့တစ်ဖန် မွေးဖွားရန် တာစူနေသော အခါသမယလည်း ဖြစ်ပေသည်။ နှစ်ဟောင်းသည် သာမန်ထက်ပိုသည့် စိတ်လှုပ်ရှားမှုများ၊ ဖိစီးမှုများ၊ အခက်အခဲများ၊ သောကအပူများနှင့် ကျန်ခဲ့ပေပြီ။ အဟောင်းကိုချန်၍ အသစ်ကို မျှော်ကြရပေဦးမည်။ သင်ခန်းစာယူသင့်သည်ကိုယူ၍ အတွေ့အကြုံကိုမျှဝေကာ လိုရာခရီးကို ဆက်ကြရပေဦးမည်။
Apr 12, 2022
မြစ်ချောင်းအင်းအိုင်နှင့် ရေဝေရေလဲဒေသများကို သဘာဝတရားက ညီအစ်ကို၊ ညီအစ်မသဖွယ် ဆက်စပ်ပေးထားသည်။ ထိုသို့ ဆက်စပ်နေသည့်အတွက် မြစ်ချောင်း အင်းအိုင်များ၏ ဂေဟစနစ် ထိခိုက်လာမှုကို ဆန်းစစ်ကြည့်လျှင် ရေဝေရေလဲ ဒေသပျက်စီးလာမှုကြောင့် ဖြစ်ပေါ် လာရသည်ကို တွေ့ရမည်ဟု သဘာဝဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများက ဆိုကြသည်။
Apr 12, 2022

လူတစ်ဦးချင်းစီတိုင်းဟာ နေ့စဉ်နဲ့အမျှဆိုသလို ကိုယ့်အရေး၊ သူ့အရေးနဲ့ အများအရေးတွေ စဉ်းစားလုပ်ကိုင်ကြရင်း ဘဝအရေးအစုံစုံတွေနဲ့ လည်ပတ်နေတတ်ကြပါတယ်။
Apr 11, 2022

အတွေးအခေါ်ပညာရှင်ဘလက်ဘန်းဆိုသူက “လူသားဆိုသည်မှာ ကျင့်ဝတ်ရှိသော သတ္တဝါများဖြစ် သည်” ဟုဆိုခဲ့သည်။ လူ့လောကတွင် ရှင်သန်နေထိုင်ရာ၌ ကဏ္ဍအသီးသီးအလိုက် လိုက်နာစောင့်ထိန်း ရသော ကျင့်ဝတ်များစွာရှိပါသည်။ အနောက်တိုင်းနှင့် အရှေ့တိုင်း၏ ကျင့်ဝတ်နှင့်သက်ဆိုင်သည့် တွေးခေါ်ယူဆချက်များကို လေ့လာကြည့်မည်ဆိုပါက အရှေ့တိုင်းသားတို့၏ ကျင့်ဝတ်ဆိုင်ရာ အတွေး အခေါ်မှာ လူတစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေး၊ လူမှုရေးနှင့် နိုင်ငံရေးတို့သည် တစ်ခုနှင့်တစ်ခု အမြဲဆက်စပ်နေသည်ဟူသောအချက်ကို အဓိကထားပြီး အနောက်တိုင်းကမူ လက်တွေ့အသုံးကျမှု၊ တာဝန်ရှိမှုနှင့် ပုဂ္ဂိုလ်တစ်ဦးချင်း၏ ကိုယ်ကျင့်သီလအပေါ် အခြေခံချဉ်းကပ်တွေးခေါ်သည်ကို တွေ့ရှိရပါသည်။