Mar 10, 2022

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ခေတ်အဆက်ဆက်တွင် အစိုးရ အဆက်ဆက်က ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။ လွတ်လပ်ရေးမရမီ အချိန်ကတည်းကပင် ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ရေး ပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့် ကော်မတီ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ကော်မတီ နှင့် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးရဲအဖွဲ့တို့ကို ဖွဲ့စည်း၍လည်းကောင်း၊ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်တွင် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်း၍ လည်းကောင်း၊ ၈-၁-၂၀၁၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉/ ၂၀၁၃) ဖြင့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ လည်းကောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
Mar 10, 2022
ကျွန်တော်တို့လူသားတွေဟာ ရှေးပေ၀သဏီ ကမ္ဘာတည်ကတည်းကိုက တစ်နေရာကနေ တစ်နေရာကို ကူးလူးယှက်သန်းသွားလာကာ အလုပ်ကိုယ်စီကို လုပ်ဆောင်ခဲ့ကြ သူချည်းပါပဲ။ အရင်တုန်းကတော့ ခြေလျင်ခရီးလမ်းကိုသာ အားကိုးပြီး သွားလာခဲ့ကြပါတယ်။ အဲဒီနောက် ဆင်၊ မြင်း အစရှိတဲ့ ခွန်အားရှိတိရစ္ဆာန်တွေကို အသုံးပြုပြီး လှည်းဆွဲစေကာ သွားလာကြ ပါတယ်။ အလားတူပဲ ရေလမ်းခရီးမှာ ဆိုရင်လည်း အရင်ကကိုယ့် လက်ကိုယ့်ခြေကိုပဲ အားကိုးကာ လှေနဲ့သွားလာရာမှ နောက်ပိုင်းမှာ လေအားကို အသုံးပြုပြီး ရွက်လှေတွေနဲ့ သွားလာကြတဲ့အထိ လူသားတွေရဲ့ နေထိုင်မှုပုံစံဟာ တိုးတက်လာ ခဲ့ပါတယ်။
Mar 10, 2022

ကမ္ဘာပေါ်ရှိ ဆီစားသုံးမှုများသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာလူမျိုးတို့၏ နေ့စဉ်အစားအသောက်များ ချက်ပြုတ်ရာမှာ စားသုံးဆီက အရေးပါလျက်ရှိသည်။ ဟင်းချက်ဆီ အမျိုးအစားများစွာရှိကြသည်။ ၎င်းတို့မှာ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ ပြောင်းဖူးဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ စသည်တို့အပြင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ထောပတ်သီးဆီကဲ့သို့ အခြားစားသုံးဆီ အမျိုးအစားများ လည်း ရှိကြသည်။
Mar 09, 2022
စာမရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ကို ဒီဆောင်းပါးရေး ဖြစ်အောင် စေ့ဆော်ခဲ့တဲ့ လူမှုကွန်ရက်က စိတ်မကောင်းစရာသတင်း တစ်ပုဒ်အကြောင်း ပြောချင်ပါတယ်။ Facebook သုံးစွဲသူ တော်တော် များများ မြင်တွေ့ကြားသိပြီးဖြစ်မယ့် သတင်းလို့လည်း ယူဆမိပါတယ်။
Mar 09, 2022

၁၉၆၀ ပြည့်နှစ်များဆိုတော့ မြန်မာနိုင်ငံမှာ အိမ်စောင့်အစိုးရလက်ထက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ရွေးကောက်ပွဲပါတီများ ပြိုင်ပွဲဝင်ကြရာမှာ မိမိပါတီအနိုင်ရရေး ဘာသာရေး အခြေပြု အားပြိုင်ကြတာတွေ၊ တိုင်းပြည်အရေး ထက်ပါတီနိုင်ငံရေး ရှေ့တန်းတင်ခဲ့လေရော့သလား၊ နိုင်ငံရေးလှုပ်ရှားမှုယှဉ်ပြိုင်မှုမှာ အပုပ်ချ ငယ်ကျိုး ငယ်နာဖော်၊ ထဘီအနီ၊ အစိမ်း၊ အဝါတွေဝတ် ယှဉ်ပြိုင်တဲ့ကာလဖြစ်ကြောင်း ယနေ့အချိန်အခါမှာ ပြန်ပြောင်းမြင်မိပါတယ်။ တစ်ရွာမှာ ရေဒီယို တစ်လုံးသာရှိတဲ့ကျေးရွာပေါင်းက ထောင်သောင်း၊ ခုနစ်ဆယ် ရာခိုင်နှုန်းရှိတဲ့ မြန်မာလူထုဟာ ခွဲခြား စိတ်ဖြာနိုင်ရန် မလွယ်ကူသော ကာလဖြစ်ခဲ့တယ် ဆိုတာ အခုပြန်လည်စဉ်းစားနိုင်ပါတယ်။
Mar 08, 2022

ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီစနစ်ကို နိုင်ငံ ပေါင်း ၁၁၀၊ ၅၄ ဒသမ ၈ ရာခိုင်နှုန်းက ကြိုက်နှစ် သက်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ဖြစ်ကြောင်း တွေ့ရပါတယ်။ ဒီမိုကရေစီဟာ ကမ္ဘာနဲ့ချီကြည့်ရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တော့ မဟုတ်သေးပါ။ ကမ္ဘာ့နိုင်ငံအချို့ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမျိုးမျိုးသော အခက်အခဲ အကျပ်အတည်းကြားမှ တည်ဆောက်ကြရပါတယ်။
Mar 08, 2022
စာမရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ကို ဒီဆောင်းပါးရေး ဖြစ်အောင် စေ့ဆော်ခဲ့တဲ့ လူမှုကွန်ရက်က စိတ်မကောင်းစရာသတင်း တစ်ပုဒ်အကြောင်း ပြောချင်ပါတယ်။ Facebook သုံးစွဲသူ တော်တော် များများ မြင်တွေ့ကြားသိပြီးဖြစ်မယ့် သတင်းလို့လည်း ယူဆမိပါတယ်။
Mar 07, 2022

လူမှုမီဒီယာကို အကျိုးရှိရှိ ဘယ်လိုသုံးကြမလဲဆိုတဲ့မေးခွန်းက ထူးဆန်းတဲ့မေးခွန်းတော့ မဟုတ်ပါ ဘူး။ ဒီနေ့ခေတ် လူမှုမီဒီယာတွေကိုသုံးကြတဲ့ လူတိုင်းနီးပါးတွေးမိ၊ စဉ်းစားမိတဲ့မေးခွန်းပါ။ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ သားသမီး လူငယ်တွေအတွက်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အသိုက်အဝန်း အတွက်ပဲဖြစ်ဖြစ် လူမှုမီဒီယာ အသုံးပြုနေတာတွေနဲ့ပတ်သက်လို့ စဉ်းစားမိလိုက်တိုင်း အဲဒီမေးခွန်းက ထိပ်ဆုံးရောက်လာတာပါပဲ။
Mar 07, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများအား အဓိကထားစိုက်ပျိုးလျက်ရှိသည်။ ပြည်တွင်းစိုက်ပျိုး ဧရိယာ၏ ၁၆ ရာခိုင်နှုန်းကို ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိသည်။ ၂၀၁၉၂၀၂၀ ခုနှစ်တွင် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်း) စိုက်ဧရိယာ ဧက ၇ ဒသမ ၅၅ သန်းရှိပြီး စုစုပေါင်းတင်း ၁၉၆ ဒသမ ၇၅ သန်း ထွက်ရှိခဲ့ပါသည်။
Mar 06, 2022
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်တွင်တည်ရှိသော သမိုင်းအစဉ်အလာရှိသော ရေကြောင်းအတတ်ပညာသင် ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ တစ်ချိန်က ရေကြောင်းပညာသိပ္ပံ (Institute of Marine Technology) IMT အမည်ဖြင့် ကာလရှည်ကြာစွာ ရပ်တည်ခဲ့ပြီး ပင်လယ်ပျော် သင်္ဘောသားတို့ မွေးထုတ်ပေးရာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေကြောင်းအတတ်ပညာ သင်ကျောင်းလည်း ဖြစ်ခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် မျိုးဆက်သစ် ရေကြောင်းအရာရှိလောင်းတို့ကို အားသစ်လောင်းကာ နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ် မွေးထုတ်ပေးနေပြီး နိုင်ငံတော်အတွက်သာမက နိုင်ငံတကာ ရေကြောင်းလောကအတွက်ပါ အားထားရသော ရေကြောင်းကောလိပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။