Skip to main content
May 08, 2022
မူးယစ်ဆေးဝါးဆိုသည်မှာ အဘယ်နည်း။ မူးယစ်ဆေးဝါးဆိုသည်မှာ လူသားတို့၏ ဗဟိုနာမ်ကြောအဖွဲ့ (အာရုံကြောစနစ်အဖွဲ့)ကို ထုံထိုင်းစေခြင်းဖြင့် လူသားတို့အား မူးယစ်ထုံထိုင်း၍ အသိဉာဏ်မဲ့စေတတ်သော ဆေးဝါးများကို မူးယစ်ဆေးဝါးဟု နားလည်ရပေသည်။ ကျွန်ုပ်တို့ ပုထုဇဉ်လူသားများသည် မွေးဖွားလာချိန်မှစ၍ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ စသည်တို့မှာ အနည်းနှင့်အများဆိုသလို ပါလာကြသည်ပင် ဖြစ်သည်။ ဥပမာဆိုရသော် ကလေးအရွယ်ကဆိုလျှင် အထူးအဆန်း ကစားစရာများ၊ ချစ်စရာ အရုပ်လေးများ၊ ပစ္စည်းလှလှများဆိုလျှင် ချစ်ခင်တွယ်တာကြပါသည်။ မိမိတွင် မရှိသေးသော ပစ္စည်းများကိုမြင်လျှင် ရရှိပိုင်ဆိုင်ချင်ကြသည်။
May 08, 2022
ယနေ့ကမ္ဘာကြီးတွင် လူသားများသည် လူမှုစီးပွားဘဝများအတွက် နေ့စဉ်သွားလာ လှုပ်ရှားနေကြရပြီး တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် ယာဉ်များသည် မရှိမဖြစ် အရေးပါသောကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။
May 07, 2022
ပညာရေး
တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်သူ ပါမောက္ခမှသည်၊ ဆရာ၊ ဆရာမများဟာ လူထုလိုအပ်ချက်၊ စက်ရုံတွေလိုအပ်ချက်၊ တစ်ဦးကိုတစ်ဦး ဖြည့်ဆည်းသွားကြရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်တည်ရှိရာ ဒေသ လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် လိုအပ်တဲ့ လူသားကျွမ်းကျင်မှု အရည်အသွေးတွေ၊ ကျွမ်းကျင်မှု အမယ်စုံကို မွေးထုတ်ပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် တက္ကသိုလ်ကောလိပ်တစ်ခုဟာ သူရှိနေတဲ့ဒေသမှာ နိုင်ငံတော်ရဲ့ရတနာပါပဲ။ စိန်ကောင်းကျောက်ကောင်း တစ်ပွင့်ပါပဲ။
May 06, 2022
ဆောင်းပါး
(ယမန်နေ့မှ အဆက်) အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်တဲ့ ပညာရေးအဆင့်မြင့်ဖို့နိုင်ငံက ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အားထားရပါမယ်။ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်းရဲ့ အမြင့်ဆုံးအမှတ်ကိုရောက်ဖို့ဆိုရင် နိုင်ငံသားတိုင်းကိုအဖိုးတန်တဲ့ အရင်းအနှီးအဖြစ် မှတ်ယူပြီး ပညာရေးက လုပ်ပေးနိုင်မှုအပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှိလာနိုင်ပါတယ်။ ဘဝသစ်ဖန်တီးနိုင်ဖို့ လူ့အဖွဲ့အစည်း အတွင်းမှာ မရှိသေးတဲ့ နည်းပညာတွေနဲ့ ကျွမ်းကျင်မှုအဖုံဖုံကိုတက္ကသိုလ်တွေကဆောင်ကြဉ်းပေးရ ပါလိမ့်မယ်။ ဒါကြောင့် တက္ကသိုလ်များရဲ့ အခန်း ကဏ္ဍဟာ အမှန်တကယ်ပဲ ကျယ်ဝန်းနက်ရှိုင်း လာပါတယ်။
May 05, 2022
ဆောင်းပါး
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံ့ခေါင်းဆောင်များ သည် ခေတ်အဆက်ဆက် အဘက်ဘက်မှ ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ကြိုးပမ်းမှုနှင့်အတူ မြန်မာနိုင်ငံသည် တစ်ဆင့်ချင်း ပြောင်းလဲတိုးတက်ခဲ့သည်။ ခေတ်မီတိုးတက်မှုနှင့်အညီ မြို့ပြနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးမှုတွင် ခေတ်မီအဆောက် အအုံများနှင့်စက်ရုံများ၏ မီးဘေးအန္တရာယ် ကာကွယ်ရေးသည် အထူးအရေးပါလာ လျက်ရှိသည်။ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့တွင် နိုင်ငံနှင့် ပြည်သူတို့ အတွက်ဦးစွာ ရှေ့တန်းမှကာကွယ်ပေးသူတို့မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။
May 02, 2022
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး
မြန်မာနိုင်ငံသည် ပြည်ထောင်စုတိုင်းရင်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စု ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သောကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံ့ခေါင်းဆောင်များသည် ခေတ်အဆက်ဆက် အဘက်ဘက်မှ ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ကြိုးပမ်းမှုနှင့်အတူ မြန်မာနိုင်ငံသည် တစ်ဆင့်ချင်း ပြောင်းလဲတိုးတက်ခဲ့သည်။ ခေတ်မီတိုးတက်မှုနှင့်အညီ မြို့ပြနှင့်စက်မှုကဏ္ဍ ဖွံ့ဖြိုးမှုတွင် ခေတ်မီအဆောက်အအုံများနှင့် စက်ရုံများ၏ မီးဘေးအန္တရာယ်ကာကွယ်ရေးသည် အထူးအရေးပါလာလျက် ရှိသည်။ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့တွင် နိုင်ငံနှင့် ပြည်သူတို့အတွက် ဦးစွာ ရှေ့တန်းမှကာကွယ်ပေးသူတို့မှာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။ နိုင်ငံတိုင်းတွင် မီးသတ်တပ်ဖွဲ့ကိုယ်စီရှိကြသည်။ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် အသားအရောင်ကွဲပြားမှုများ ရှိကြသော်လည်း မီးသတ်တပ်ဖွဲ့ဟုဆိုလျှင် တူညီကြသောအချက်မှာ မိမိနိုင်ငံ၏ မီးဘေး၊ သဘာဝဘေးကို တားဆီးကာကွယ်ခြင်းနှင့် နိုင်ငံနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အသင့်ရှိနေကြခြင်းပင် ဖြစ်သည်။
May 01, 2022
စီးပွားရေး
မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းနယ်ပယ် (Insurance Industry) တွင် နိုင်ငံပိုင်မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် ပြည်တွင်း/ ပြည်ပ ပုဂ္ဂလိကအာမခံကုမ္ပဏီ ၂၅ ခုတို့က အာမခံအမျိုးအစား များစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုပေးလျက်ရှိသော အာမခံအမျိုးအစားများကို Website၊ Mobile Application များမှတစ်ဆင့် MPU ကတ်အား အသုံးပြု၍ အွန်လိုင်းမှ ငွေပေးချေဝယ်ယူ ခြင်း (Online Payment)၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် ‌QR Code အသုံးပြု၍ ငွေပေးချေဝယ်ယူခြင်း (Mobile Payment) အစရှိသည့်စနစ်များဖြင့် စတင် ဝယ်ယူနိုင်သည့် မိတ်ဆက်ပွဲအခမ်းအနားကို ၈-၇-၂၀၂၁ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လုပ်ငန်းနယ်ပယ်/ ကဏ္ဍမျိုးစုံတွင် အိုင်စီတီနည်းပညာကို တွင်တွင်ကျယ်ကျယ် အကျိုးရှိရှိ အသုံးပြု၍ အများပြည်သူ ပိုမိုအဆင်ပြေချောမွေ့စေရန် ဝန်ဆောင်မှုပေးလျက်ရှိကြရာ မိမိတို့နိုင်ငံသည်လည်း ခေတ်နှင့်အမီ လိုက်ပါနိုင်အောင် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ တို့မှ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြပါသည်။
May 01, 2022
စီးပွားရေး
အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်တို့ ပါဝင်ခဲ့သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Compre-hensive Economic Partnership-RCEP) သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းစဉ်နှင့် လက်မှတ်ရေးထိုးစဉ် ကာလများ၌ RCEP သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံ က ပါဝင်ဆောင်ရွက်မှုတို့ကို အများပြည်သူသိရှိနိုင်ရန် သတင်းစာများတွင် ရေးသားဖော်ပြ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသို့ ဆွေးနွေးချပြမှုကို လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
Apr 30, 2022
moi
ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)သည် အလုပ်သမားထုကြီး၏ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရသည့် တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည့်အတွက် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် နှစ်စဉ် မေ ၁ ရက်ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် အခမ်းအနားများ ကျင်းပလျက်ရှိသည့်နည်းတူ မိမိတို့မြန်မာနိုင်ငံတွင်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် မရှိမဖြစ်အရေးပါသည့် အဓိကစွမ်းအားစုကြီးဖြစ်သော မြန်မာအလုပ်သမားကြီးများအား ဂုဏ်ပြုကြသည့်အနေဖြင့် ကမ္ဘာ့အလုပ်သမားနေ့ကို ၁၉၃၈ ခုနှစ် မေ ၁ ရက်မှစတင်ပြီး နှစ်စဉ် ကျင်းပခဲ့ကြသည်။
Apr 30, 2022
ဆောင်းပါး
မြန်မာနိုင်ငံတွင်ပဲအမျိုးမျိုးစိုက်ပျိုးစားသုံး လျက်ရှိကြရာ ၎င်းတို့အနက် စားသုံးမှုအများဆုံးဖြစ်ကြသော ကုလားပဲ၊ ပဲစင်းငုံ၊ ပဲပုပ်၊ စားတော်ပဲ၊ မတ်ပဲနှင့် ပဲတီစိမ်း စသည့် ပဲအမည်တစ်မျိုးချင်းစီ၏ လူသားတို့အတွက် ကျန်းမာရေးအကျိုးကျေးဇူးများ အကြောင်းကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုပါသည်။