Skip to main content
Mar 30, 2022
၂၀၁၁ ခုနှစ်နှင့် ယခု ၂၀၂၂ ခုနှစ် အစောပိုင်းကာလက ကမ္ဘာတစ်ဝန်း စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုများ၊ အလုပ်အကိုင်ရှားပါးမှုများ၊ ဝင်ငွေလျော့ကျမှုများ ရင်ဆိုင်ခဲ့ကြရသည်။ အထူးသဖြင့် ဝင်ငွေ နိမ့်ကျသော နိုင်ငံများတွင် စီးပွားရေးကျဆင်းမှုများကြောင့် ဆင်းရဲမှုနှုန်း ပိုမိုမြင့်တက်လာခဲ့သည်။
Mar 29, 2022
01
​​​​​​​နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံအလိုက် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအမွေအနှစ်/ အရင်းအမြစ်များ အသီးသီးရှိကြသည်။ ဖော်ပြပါ ရှေးဟောင်းယဉ်ကျေးမှု   အမွေအနှစ်များသည် သက်ဆိုင်ရာနိုင်ငံတို့၏   ယဉ်ကျေးမှုနှင့်   သမိုင်း သက်တမ်း၊ ယဉ်ကျေးမှုထွန်းကားတိုးတက်လာမှု၊ အနုပညာလက်ရာ၊ သမိုင်းတန်ဖိုးတို့ကို ညွှန်ပြလျက် ရှိပါသည်။
Mar 28, 2022
“ပညာရှာသူတို့အတွက် ကျေးဇူးများ သော ဤကျမ်းကို ပြုစုရသောကောင်းမှုကြောင့် ဖြစ်လေရာ ဘဝတိုင်း၌ ပညာကြီးမားပြီး အများအကျိုးကို ဆောင်ရွက် နိုင်သောကိုယ် ဖြစ်ရပါလို၏။ ကြံစည်ကာ မျှဖြင့် မိမိ၏အကျိုးစီးပွားများ ပြီးပြည့်စုံ သကဲ့သို့ သတ္တဝါတို့၏လိုအင်ဆန္ဒဟူသမျှ သည်လည်း လွယ်လွယ်ကူကူနှင့် ပြီးစီးအောင်မြင်ပါစေသတည်း” ဆရာကြီး မောင်မောင်ညွန့် (မန်းတက္ကသိုလ်) ၏ (“ရှေးခေတ် မြန်မာစာပေဆိုင်ရာကျမ်းများ လေ့လာမှု” စာအုပ်၊ နိဂုံးနှင့် ဆုပန်လွှာမှ ကောက်နုတ်ချက်)
Mar 27, 2022
ဆောင်းပါး
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာတိုင်းရင်းသားလူမျိုးအသီးသီးနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ၊ ပထဝီအနေအထား၊ ရာသီဥတုမျှတကောင်းမွန် ၍ နေချင်စဖွယ်ရှိတဲ့ နိုင်ငံ၊ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တယ်။ အနောက်တောင်မုတ်သုံလေနဲ့ ပတ်ဝန်းကျင် ပင်လယ်ပြင်တွေကနေ ဝင်လာတဲ့ မုန်တိုင်းတွေကနေမိုးရရှိတဲ့အတွက် စိုက်ပျိုးရေးကောင်းမွန်၊ ဆန်ရေစပါး ပေါကြွယ်ဝပြီး လှူနိုင်တန်းနိုင် ကုသိုလ်ကောင်းမှုပြုနိုင်ကာ တိုင်းရင်းသားပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်ခဲ့ကြတယ်။
Mar 26, 2022
ကျောင်းဆရာအလုပ်၏ အနှစ်သာရသည် အနာဂတ်၏ သာယာငြိမ်းချမ်းဖွံ့ဖြိုးသည့် လူ့အဖွဲ့အစည်းတွင် ပညာစွမ်းအားပြည့်ပြည့်ဖြင့် လိုက်ကျောညီထွေစွာ နေထိုင်တတ်ရန်အတွက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကို လေ့ကျင့်ပေးခြင်းပါ။ ထိုသို့လေ့ကျင့်ရာတွင် ငြိမ်းချမ်းစွာ အတူနေတတ်ရုံဖြင့် မလုံလောက်သေးပါ။ အနာဂတ် လူ့အဖွဲ့အစည်းတွင် မငြိမ်းချမ်းမှု၊ ဆူပူမှုနှင့် အဓမ္မလွှမ်းမိုးမှုများလည်း ကင်းဝေးစေရန်အတွက် ကြိုတင်ကာကွယ် လေ့ကျင့်ပေးမည့် တာဝန်သည် ဆရာ့တာဝန်ဖြစ်ပြီး ထိပ်ဆုံးတွင် ပါဝင်နေသည်။
Mar 26, 2022
01
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Mar 24, 2022
နိုင်ငံရေး
ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံတွေအချင်းချင်း ဒေသအလိုက်သော်လည်းကောင်း၊ မူဝါဒအရသော် လည်းကောင်း ပူးပေါင်းဆောင်ရွက်တဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များစွာဟာ အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ ဒါဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု (Multilateralism) ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ နိုင်ငံတွေဟာ ဘာဖြစ်လို့ အခုလို အစုအဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်ကြတာလဲဆိုတာ သိသင့်တဲ့မေးခွန်း တစ်ခု ဖြစ်ပါတယ်။
Mar 23, 2022
01
ယနေ့ပြန်လည်ဆန်းသစ်၍ ခေတ်စားလျက်ရှိသော တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသည့်သီချင်းမှာ အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် စာသားများရေးသားပြီး ဆရာဦးရွှေ တိုင်ညွန့်အား သံစဉ်သွင်း၍ သီကုံးရေးစပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်ကြီးကို အင်အားတောင့်တင်း ခိုင်မာအောင်ပြုစု ပျိုးထောင် လိုသည်။ တိုးချဲ့ဖွဲ့စည်းရန် ဆန္ဒပြင်းပြခဲ့သည်။ ယင်းသို့ တပ်မတော်အင်အားတောင့်တင်း ခိုင်မာပါမှလည်း နိုင်ငံတော်၏အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။
Mar 23, 2022
ဆောင်းပါး
(အပိုင်း-၂) ကမ္ဘာစစ်ကြီးနှစ်ခုစလုံးပြီးသွားတဲ့နောက် အမေရိကန်ဟာ ကမ္ဘာပေါ်မှာ မဟာအင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာတာ အားလုံးအသိပါပဲ။
Mar 23, 2022
ဆောင်းပါး
(အပိုင်း-၁) စစ်မက်ဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံသားတွေဖြစ်စေ၊ အရေးယူပိတ်ဆို့ခံရတဲ့ ရုရှားဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ယုံကြည်မှုမရှိတဲ့ ဥရောပဖြစ်စေ အားလုံးဟာ ဒုက္ခကြီးစွာခံစားရပါတယ်။