Skip to main content
Jul 27, 2022
သေချာတွေးကြည့်ရင် အနောက်ဥရောပနိုင်ငံတွေ၊ အီးယူနိုင်ငံတွေအပေါ် မိတ်ဆွေမပီသတဲ့နိုင်ငံ၊ တစ်နည်း ရန်သူလို့ဆိုနိုင်လောက်တဲ့နိုင်ငံဟာ အမေရိကန်ကိုယ်တိုင်ပဲလား။ မြင်ကြည့်ဖို့လိုပါမယ်။ အခုပဲကြည့်လေ စစ်ပွဲကြားကပဲ မျှော်လင့်ချက်သစ်တစ်ခုလား၊ ငြိမ်းချမ်းရေးရောင်ခြည်လေလား။ ရှားရှားပါးပါး ရုရှားအစိုးရနဲ့ ယူကရိန်းအစိုးရအကြား တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မှာ လက်မှတ်ရေးထိုး သဘောတူညီချက်တစ်ခုကို ၂၂ - ၇ - ၂၀၂၂ ရက်နေ့က ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Jul 27, 2022
ဇူလိုင်လ ၂၅ ရက်နေ့ နိုင်ငံပိုင်သတင်းစာများ၌ သေဒဏ်ကျခံရသူများဖြစ်သည့် ဖြိုးဇေယျာသော်၊ ဂျင်မီ၊ လှမျိုးအောင်နဲ့ အောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ပြီးစီးသွားကြောင်း သတင်းဖော်ပြပါရှိခဲ့သည်။
Jul 26, 2022
01
ကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင်ကြသော လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်များသည် ခွဲခြားမရနိုင်သော လက်တွဲဖော်များဖြစ်ကြသည်။ ထိုသူအားလုံးတို့သည် ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နေကြသည့် သယံဇာတအရင်းအမြစ်များပင် ဖြစ်ကြသည်။ ကမ္ဘာ့ရာသီဥတု ညီညွတ်မျှတမှုသည် သစ်တောသစ်ပင်များ ပေါက်ရောက်မှုနှင့် ရေရှည်ထိန်းသိမ်းမှုအပေါ်တွင် မူတည်နေပါသည်။ သစ်ပင်များ ပြုန်းတီးမှုများပြားလာပါက ကမ္ဘာ့ရာသီဥတုကို ထိခိုက်နိုင်ပေသည်။
Jul 26, 2022
“လူမိုက်တစ်သောင်း၊ ချီးမွမ်းရှောင်းလည်း၊ လူကောင်းတစ်ယောက်၊ ပြစ်တင်ကြောက်လော့၊ ရှေ့နောက်မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝကျိုးပြစ်၊ စိစစ်မြော်မြင်၊ မဆင်ခြင်ဘူး၊ ဆိုချင်မက်မော၊ ဆိုလျှင်ဆောဖြင့်၊ သဘောအလိုက်၊ တုတ်နှင့်ရိုက်သို့၊ လူမိုက်ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။” လို့ ရေးဖွဲ့တော်မူခဲ့ပါတယ်။
Jul 26, 2022
သေချာတွေးကြည့်ရင် အနောက်ဥရောပနိုင်ငံတွေ၊ အီးယူနိုင်ငံတွေအပေါ် မိတ်ဆွေမပီသတဲ့နိုင်ငံ၊ တစ်နည်း ရန်သူလို့ ဆိုနိုင်လောက်တဲ့နိုင်ငံဟာ အမေရိကန်ကိုယ်တိုင်ပဲလား။ မြင်ကြည့်ဖို့လိုပါမယ်။ အခုပဲကြည့်လေ စစ်ပွဲကြားကပဲ မျှော်လင့်ချက်သစ်တစ်ခုလား၊ ငြိမ်းချမ်းရေးရောင်ခြည်လေလား။ ရှားရှားပါးပါး ရုရှားအစိုးရနဲ့ယူကရိန်း အစိုးရအကြား တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ လက်မှတ်ရေးထိုး သဘောတူညီချက်တစ်ခုကို ၂၂-၇-၂၀၂၂ ရက်နေ့က ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Jul 24, 2022
ဆောင်းပါး
မြန်မာနိုင်ငံ၏ စားသုံးမှုပုံစံဓလေ့အရ ဆီစားသုံးမှုမှာ ပိုမိုများပြားလျက်ရှိရာ နိုင်ငံခြားငွေများစွာ အသုံးပြုတင်သွင်းရသဖြင့် သွင်းကုန်အစားထိုးထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည်ကို တွေ့ရ သည်။ စားသုံးဆီများတွင် ပြည့်ဝဆီနည်းခြင်းက ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ရာ ဆီများကို ဓာတ်ခွဲစစ်ဆေးထုတ်ပြန်ချက်အရ နှမ်းဆီ၊ နေကြာဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်ဆီများက ပြည့်ဝဆီအနည်းဆုံးဖြစ်ပြီး စားအုန်းဆီက ပြည့်ဝဆီအများဆုံးအဖြစ်သည်ကို တွေ့ရသည်။ သတ်မှတ်အရည်အသွေးဖြင့် ပြည်ပမှတင်သွင်းခွင့်ပြုထားခြင်းဖြစ်၍ စားသုံးရန်မသင့်သည့်ဆီမဟုတ်ဘဲ ကျန်းမာရေးမထိခိုက်စေသော သန့်ရှင်းသော ဆီဖြစ်စေရေးအတွက် သိုလှောင်သယ်ယူထုပ်ပိုးသည့်နေရာများ၊ လက်လီရောင်းချသည့်နေရာများ အဆင့်ဆင့်တွင်သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ရန်လိုအပ်သည်။
Jul 24, 2022
ဆောင်းပါး
မြန်မာနိုင်ငံ၌ ဝဿန်ကာလမိုးရာသီသို့ ရောက်လာပြီဆိုလျှင် သဘာဝဘေးအန္တရာယ်များကား တစ်ခုမဟုတ်တစ်ခု ရောက်လာတတ်ပေသည်။ စာရေးသူတို့ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝဘေးအန္တရာယ်များကျရောက်သည့် နိုင်ငံများစာရင်းတွင် အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီကာလတွင် မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းဟူ၍ ရှိပါသည်။ မိုးဦးနှင့် မိုးနှောင်းကာလတို့သည်ကား သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်တတ်သောကာလများ ဖြစ်သည်။
Jul 23, 2022
လူတစ်ဦးတစ်ယောက်အနေနဲ့ ကိုယ့်ဘဝရပ်တည်ရေး၊ တိုးတက်မြင့်မားရေးနဲ့ ကိုယ်ရည် ကိုယ်သွေးမြှင့်တင်ဖို့ ကြိုးစားရာမှာ ကိုယ့်ရည်မှန်း ချက်နဲ့ဆန္ဒတွေ အောင်မြင်ဖို့အတွက်သာမကဘဲ ကိုယ်နဲ့ လူ့အဖွဲ့အစည်းအကြား သဟဇာတဖြစ်တဲ့ အခြေအနေဖြစ်ဖို့ဆိုရင် လူမှုကျင့်ဝတ်တွေဟာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ ဒီလိုပဲ လူ့အသိုက်အဝန်းတစ်ခုရဲ့ဓလေ့၊ စရိုက်နဲ့ ယဉ်ကျေးမှုတွေ တိုးတက်မြင့်မားဖို့မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွင်းက တစ်ဦးချင်း စီရဲ့ ကျင့်ဝတ်လိုက်နာမှုတွေဟာ အရေးပါပါတယ်။
Jul 23, 2022
01
ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား တရားဝင်သံခင်းတမန်ခင်း ဆက်ဆံရေးဟာ ဘယ်အချိန်ကတည်းက စတင်ဖြစ်ပေါ်လာလဲဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မကြာခင်အချိန်မှာပဲ ဖြစ်ပါတယ်။ အတိအကျဆိုရရင်တော့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဖြစ်ပါတယ်။