Oct 22, 2022

ခရီးသွားခြင်းသည် အကောင်းဆုံးသော သင်ကြားမှုဟုဆိုကြသည်။ ခရီးသွားခြင်းသည် ကောင်းသောအလေ့အထတစ်ခုအဖြစ် ခံယူလာကြသည်။ သို့အတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေရသည့် လူမှုပတ်ဝန်းကျင်မှ ခေတ္တဖယ်ခွာပြီး ခရီးသွားခြင်းဖြင့် စိတ်ရောကိုယ်ပါ အပန်းဖြေခြင်းအလေ့သည် ထင်ရှားလာသည်။ ထိုသို့ ခရီးသွားလာရာတွင်လည်း မွန်းကျပ်သည့်လူနေမှုစနစ်နှင့် နီးစပ်ရာနေရာဒေသများကို ရှောင်ရှားပြီး အေးချမ်းသည့်၊ သာယာသည့် သဘာဝရေမြေတောတောင်များဆီ ခရီးသွားမှုများလာသည်။ သဘာဝရေမြေတောတောင်များနှင့် နီးစပ်ရာဒေသသို့ ခရီးသွားမည်ဆိုပါက သဘာဝကိုအခြေခံထားသည့် ခရီးစဉ်ဒေသများစွာတည်ရှိရာ ဒုံးယိမ်းမြေခေါ် ကရင်ပြည်နယ်ကို ညွှန်းဆိုရမည်သာ။
Oct 22, 2022

ယနေ့ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်လွန်ကဲစွာမြင့်တက်ခြင်း၊ ရေကြီးရေလျှံခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရရှိသည့်မိုးရေချိန် ပမာဏအနည်းအများအပေါ်မူတည်၍ စိုက်ပျိုးမြေများတွင် မြေချဉ်ခြင်း၊ မြေငန်ခြင်းပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရပါသည်။
Oct 21, 2022

ရတနာလို့ပြောကြရင် ရတနာတို့ရဲ့အထွတ်အမြတ်ဆုံးအဖြစ် ခံယူသိရှိထားတဲ့ရတနာက “ဘုရားရတနာ”ပါ။ အဲဒီကနေ ဒုတိယ အထွတ်အမြတ်ရတနာအဖြစ် “တရားရတနာ”၊ တတိယအထွတ် အမြတ်ရတနာကတော့ “သံဃာရတနာ”ပါပဲ။ ကျွန်တော်ဦးတည် ရေးသားလိုတာက “ထူးခြားရတနာ” ဆင်ရတနာဆိုတဲ့အထဲက “ဆင်ဖြူတော်ရတနာ” အကြောင်းပါ။
Oct 21, 2022

ယခုရက်ပိုင်းတွင် ၁၃၅ မဂ္ဂါဝပ် ကျောက်ဖြူ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ Gas Turbine Ignition (သဘာဝဓာတ်ငွေ့သုံး တာဘိုင်စက် စတင်စမ်းသပ်လည်ပတ်ခြင်း) ဆောင်ရွက်နေ ကြောင်း သတင်းများတွင် တွေ့ရသဖြင့် အထူးဝမ်းမြောက်မိပါသည်။ သက်ဆိုင်ရာဌာနမှ မိတ်ဆွေများနှင့် သက်ဆိုင်သူများကိုမေးမြန်းပြီး သိရှိရမှုများကို မျှဝေလိုက်ပါသည်။
Oct 20, 2022

မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ ကုန်းတွင်းရေချိုငါးလုပ်ငန်းလုပ်ကိုင်နိုင်သော ရေပြင်များနှင့် ပင်လယ်ငါးလုပ်ငန်းရေပြင်များကို ပိုင်ဆိုင်ထားရှိသဖြင့် ရေချို၊ ရေငန် ငါးသယံဇာတများကို ပေါကြွယ်ဝစွာ ရရှိထုတ်လုပ်သုံးစွဲနိုင်သော နိုင်ငံဖြစ်ပါသည်။ မြစ်ချောင်းအင်းအိုင်ပေါများပြီး ယင်းမြစ်ချောင်း၊ အင်းအိုင်များ၏ ဧရိယာမှာ စတုရန်းကီလိုမီတာ ၈၂၀၀၀ ရှိကြောင်း သိရသည်။
Oct 19, 2022

လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း၊ လက်ခံခြင်းနှင့်ရယူခြင်းတို့သည်သာ အဂတိလိုက်စားမှုဖြစ်သည်ဟု အဂတိလိုက်စားမှုဆိုသည့် အနက်အဓိပ္ပာယ်ကို ယေဘုယျဆန်ဆန် နားလည်လက်ခံတတ်ကြပါသည်။ သို့ရာတွင် အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ်သည် ထို့ထက်ကျယ်ပြန့်၍ အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်ပင် ခက်ခဲလှပါသည်။ အောက်စဖို့ဒ် (the Oxford) နှင့် မယ်ရီရမ်ဝက်ဘ်စတာ (Merriam-Webster) အဘိဓာန်တို့တွင် “လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် လိမ်လည်လှည့်ဖြားသော ပြုမူဆောင်ရွက်မှုနှင့် အထူးသဖြင့် ဩဇာအာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် တရားမဝင်သောအပြုအမူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
Oct 19, 2022

နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အခုဆို နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါနီးတဲ့အချိန် နိုင်ငံတွေပျက်စီးယိုယွင်းနေကြပြီး ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးကို လိုလားနေကြပါတယ်။ ဒါကြောင့် ၁၉၄၅ ဧပြီ၂၅ ရက်မှာ ကုလသမဂ္ဂညီလာခံကို ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၅၀ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂကြေညာစာတမ်း (Charter of the United Nations ) မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြပါတယ်။
Oct 18, 2022

နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများတွင် ယခုရက်ပိုင်းအတွင်း နေ့စဉ် မဟုတ်သော်လည်း တစ်ရက်ခြား နှစ်ရက်ခြားဖြင့် ထုတ်လွှင့်ဖော်ပြနေသည်က “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” ဆိုသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ပင်ဖြစ်သည်။
Oct 18, 2022

မြန်မာနိုင်ငံဟာ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်သည်သာမက လယ်ယာစိုက်ပျိုးသီးနှံ အလွန်ဖြစ်ထွန်းတဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီကရတဲ့ထုတ်ကုန်တွေကို ကုန်ကြမ်းရောကုန်ချောပါ ပြည်ပသို့တင်ပို့နိုင်တာနဲ့အမျှ တိုင်းပြည်အတွက် လွန်စွာအကျိုး ဖြစ်ထွန်းနိုင်တယ်ဆိုတာ စီးပွားရေးပညာရှင်တွေအပါအဝင် ပြည်သူအများက လက်ခံထားပြီး ဖြစ်ပါတယ်။
Oct 18, 2022

မြန်မာနိုင်ငံ၌ ပျူခေတ်ကပင် အနုသုခုမသဘင်ဂီတ အနုပညာရပ်များ ထွန်းကားခဲ့လေသည်။ ခရစ်နှစ် ၈၀၂ တွင် ပျူသရေခေတ္တရာမှ ပျူယဉ်ကျေးမှုအဖွဲ့ကို တရုတ်ပြည်သို့ စေလွှတ်လိုက်ရာတွင် တရုတ်ဧကရာဇ်တဲကျန်း ရှေးမြန်မာများဖြစ်ကြသော ပျူတို့၏ ဂီတအလှများတွင် ရက်ပေါင်းများစွာ နစ်မွန်းနေသဖြင့် တရုတ်ကဗျာစာရေးဆရာကြီး တစ်ဦးက တရုတ်ပြည်သူတို့၏အကျိုးကို မမေ့လျော့ရန် ကဗျာတစ်ပုဒ်ဖြင့် သတိပေးမှု ပြုခဲ့ရသည်။