Skip to main content
Dec 17, 2022
မြန်မာနိုင်ငံစာရင်းကောင်စီ၏ နှစ် ၅၀ ရွှေရတုခရီး
မြန်မာနိုင်ငံစာရင်းကောင်စီ (Myanmar Accountancy Council) ကို ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၏ ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေအရ စတင်ဖွဲ့စည်းခဲ့ရာ ယခု ၂၀၂၂ ခုနှစ်သည် နှစ် ၅၀ တိုင်ခဲ့၍ ရွှေရတု အခါသမယဖြစ်ပါသည်။
Dec 16, 2022
မောင်မြင့်အေးရေ ... လောကီကိစ္စတွေမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ နယ်ပယ်မှာပဲဖြစ်ဖြစ် အတွေးမှား၊ အယူမှားတွေ ဖြစ်တည်လာပြီဆိုမှဖြင့် လောကသားတွေအဖို့ ပစ္စုပ္ပန်၊ သံသရာနှစ်ရပ်စလုံး အကျိုးစီးပွားတွေ ဆုတ်ယုတ်ပျက်စီးကုန်တော့တာပါပဲ။
Dec 14, 2022
(၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ၉ရက်နေ့တို့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပသော မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ညီလာခံကိုယ်စားလှယ် ငါးဦးတို့က အဆိုပြုချက် ငါးရပ်ကို တင်သွင်းခဲ့ပြီး ငါးဦးတို့က ထောက်ခံကြောင်း ပြောဆိုကြပြီး ညီလာခံတက်ရောက်လာကြသူများက တညီတညွတ်တည်း သဘောတူခဲ့ကြသည်။ အဆိုပါ အဆိုပြုချက် ငါးရပ်မှာ -
Dec 14, 2022
လောကီကိစ္စတွေမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ နယ်ပယ်မှာပဲဖြစ်ဖြစ် အတွေးမှား၊ အယူမှားတွေ ဖြစ်တည်လာပြီဆိုမှဖြင့် လောကသားတွေအဖို့ ပစ္စုပ္ပန်၊ သံသရာနှစ် ရပ်စလုံး အကျိုးစီးပွားတွေ ဆုတ်ယုတ်ပျက်စီးကုန်တော့တာပါပဲ။
Dec 13, 2022
01
Presenter ။ ။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြဝတီရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ပြောင်းလဲကျင့်သုံးနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ကြားထားသူကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါတယ်။ အစီအစဉ် တင်ဆက်သူအဖြစ် ကျွန်တော် ဦးကျော်ဆွေအောင်နှင့် ကျွန်မ ဒေါ်ဖြိုးထက်ထက်အောင်တို့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
Dec 13, 2022
01
မျက်မှောက်ကာလ၌ ကမ္ဘာပေါ်တွင် ဘောလုံးအားကစားအောင်မြင်လျှင် အားကစားအဆင့် တိုးတက်နေပြီဟုပင် ထင်မြင်ယူဆလာကြသည်။ ဘောလုံး အားကစားသည်လူသားတို့၏ အပန်းဖြေမှုကို အကောင်းဆုံးကျေနပ်စေသည်ဟု ကမ္ဘာ့လူသားအများစုက လက်ခံယုံကြည်ကြခြင်းဖြစ်သည်။ ထို့ပြင် ဘောလုံးအားကစားသည် ကစားသမားများအတွက် ဝင်ငွေအကောင်းဆုံးအဖြစ် ရေပန်းစားလျက်ရှိသည်။
Dec 12, 2022
မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ အသုံးပြုသည့်ယာဉ်အစီးရေ၊ ဆိုင်ကယ်အစီးရေများလည်း တိုးပွားလာသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းသဖြင့် ယာဉ်မတော်တဆဖြစ်မှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေ သည်ကို တွေ့နေရသည်။ ယာဉ်မောင်းနှင်သူ၊ လိုက်ပါစီးနင်းသူများအားလုံးအနေဖြင့် သတ်မှတ်ထားသောယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အထူးလိုက်နာဆောင်ရွက်ကြရန် လိုအပ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၁၈ ခုနှစ် မှတ်တမ်းများအရ ကမ္ဘာတစ်ဝန်းတွင် လမ်းမပေါ် ယာဉ်မတော် တဆမှုများကြောင့် ၂၄ စက္ကန့်တိုင်း လူတစ်ဦးနှုန်း သေဆုံးနေကြောင်းနှင့် နှစ်စဉ်လူပေါင်း ၁ ဒသမ ၃၅ သန်းအထိ သေဆုံးနေကြောင်း ထုတ်ပြန်ထားသည်။ ယာဉ်မတော်တဆမှုများသည် ကလေးငယ်များနှင့် အသက်(၅)နှစ်မှ (၂၉)နှစ်ကြား လူငယ်လူရွယ်များအတွက် သေမင်းတမန်သဖွယ်ဖြစ်နေ ကြောင်းနှင့် အရှေ့တောင်အာရှ၌ လမ်းမပေါ်ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူများထဲတွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများနှင့် လိုက်ပါစီးနင်းသူများ သေဆုံးမှုနှုန်းသည် ၂၈ ရာခိုင် နှုန်းမှ ၄၃ ရာခိုင်နှုန်းအထိ ရှိနေသည်ဟုဆိုထားသည်။
Dec 12, 2022
PR
Presenter ။ ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြဝတီရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ကြားထားသူကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါတယ်။ အစီအစဉ် တင်ဆက်သူအဖြစ် ကျွန်တော် ဦးကျော်ဆွေအောင်နှင့် ကျွန်မ ဒေါ်ဖြိုးထက်ထက်အောင်တို့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
Dec 10, 2022
ကမ္ဘာကြီးသည် အရွေ့အပြောင်းအလွန်မြန်ဆန်လာနေပြီဖြစ်သည်။ သိပ္ပံနှင့် နည်းပညာများ အံ့မခန်းတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသား အများစုသည်လည်း ခေတ်မီတိုးတက်လာ ကြသည်။ ခေတ်မီတိုးတက်လာမှုနှင့် တစ်ဆက်တည်းတွင် လိုအပ်ချက်များလာမှု ဆက်နွှယ်ပတ်သက်လာသည့် စားရေရိက္ခာ၊ အသီးအနှံ၊ စက်မှုပစ္စည်း၊ လူ့အသုံး အဆောင်၊ အဝတ်အစား၊ စက်မှုနှင့် စိုက်ပျိုးမွေးမြူ ရေးသုံးဆက်စပ်ပစ္စည်း၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် တခြားသောလိုအပ်ချက်များ ကြီးမားလာခြင်းသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆင်းရဲ၊ ချမ်းသာကွာဟချက် ပိုမိုများပြားလာခြင်းပင်ဖြစ်သည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ တိုးတက်အောင်အားပေး၍ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစားအကောင်အထည်ဖော်ရန် များစွာလိုအပ်သည်။ မျက်မှောက် ၂၁ ရာစုကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးက မိမိနိုင်ငံ စီးပွားရေး ခိုင်မာတောင့်တင်းစေရန် နိုင်ငံအလိုက် စီးပွားရေး မူဝါဒများ ချမှတ်ကျင့်သုံးလျက်ရှိကြသည်။ အထူးသဖြင့် ကမ္ဘာ့လူသားများ၏ ခေတ်နှင့်အညီ လိုအပ်မှု၊ အသုံးပြုမှု၊ ကုန်ထုတ်လုပ်နိုင်စွမ်း၊ ဝယ်လိုအား၊ တီထွင်ဆန်းသစ်မှု စသည်တို့ကိုတွက်ချက်၍ လိုအပ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ထူထောင်ကာ အပြိုင်အဆိုင် ကြိုးစားလာကြသည်။