Dec 14, 2023
မျက်မှောက်ခေတ် နိုင်ငံတကာမျက်နှာ စာတွေမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး စတဲ့ခေါင်းစဉ်တွေနဲ့ စွပ်စွဲမှုအမျိုးမျိုး အသုံးပြုလို့ နိုင်ငံနဲ့လူမျိုးပုံရိပ်တွေကို ဆိုးရွားအောင် ပုံဖော်ကြတာ၊ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ ဝင်ရောက် စွက်ဖက်ခြယ်လှယ်ဖို့ အားထုတ်နေကြ တာတွေကို စိတ်ပျက်ဖွယ် မြင်တွေ့နေရပါတယ်။
Dec 13, 2023
အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ ၅၀ ရာခိုင်နှုန်းကို PDF တွေက ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။ အကြိမ်အရေအတွက်အားဖြင့် ၁၉၈ ကြိမ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုကျူးလွန်မှုအများဆုံးနဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးရသူအများဆုံး (Top 10 Countries With the Most Terrorist Incidents, 2022) ၁၀ နိုင်ငံမှာ ပါဝင်နေတာကို Country Reports on Terrorism 2022 အစီရင် ခံစာမှာ တွေ့ရပါတယ်။
Dec 13, 2023
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုအားလုံးရဲ့ထက်ဝက်ခန့်ဟာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ကျူးလွန်နေခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ Country reports on terrorism 2022 ဟာ ထူးခြားအံ့သြစရာ မဟုတ်ပေမယ့် အလေးအနက်ထားစရာတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။
Dec 13, 2023
ယခုလတ်တလော မြန်မာနိုင်ငံက စက်သုံးဆီဆိုင်တွေဟာ ဆိုင်ကရောင်းဖို့သတ်မှတ်ထားတဲ့ အချိန်လောက်မှာ သွားတန်းစီနေရတယ်။ တစ်မိုင်အရှည်လောက်ထိယာဉ်၊ ဆိုင်ကယ်တန်းအရှည်ကြီးမှာ စိတ်ရှည်သည်းခံစွာနဲ့ တန်းစီစောင့်ဆိုင်းရတာက အလုပ်တစ်ခုဖြစ်နေတယ်။ တစ်နာရီခွဲလောက်အရောက်မှာ ဆိုင်နားလည်းရောက်ရော ကိုယ်လိုချင်တဲ့ ဓာတ်ဆီကမရတော့ဘဲ ဒီဇယ်ပဲရတော့မယ်ဆိုပြီး ဖြစ်သွားတတ်တာလည်း ကြုံဖူးပါပြီ၊၊ အချိန်ကုန် မောတာအဖတ်တင်၊ စက်သုံးဆီဆိုင်ဆီမောင်းလို့ ကုန်သွားတဲ့ဆီပမာဏလေးက မပြောပလောက်ပေမယ့် ခုလိုကာလ ခြိုးခြိုးခြံခြံနေရတဲ့ဘဝမှာ ဒီကုန်သွားတဲ့ ပမာဏလေးသည်ပင် ကိုယ့်အတွက် အရေးကြီးနေပြန်ကော၊ လိုအပ်လို့ မလျှော့သောဇွဲနဲ့ နောက်တစ်ဆိုင်ကူးပြန်ရင်လည်း မသေချာ၊ တစ်ခါအချိန်အကြာကြီးတန်းစီတိုးပြီးမှ တပ်ခေါက်ပြန်ခဲ့ရတာလည်းရှိရဲ့။ တစ်ခါတလေ တချို့ဆိုင်တွေက အကန့်အသတ်နဲ့ ကျပ်နှစ်သောင်းဖိုး၊ သုံးသောင်းဖိုးလောက်ဆီဖြည့်ပြီး မတတ်နိုင်တဲ့အခါ အခေါက်ခေါက်အခါခါ ရောက်ရပြန်တယ်၊၊ ဆီထည့်ဖို့တန်းစီရင်း ဆီဈေးမော်ကြည့်မိရင် ကားထဲဆီပြတ်မှာစိုးလို့ ဘုရားတမိအခါခါ ကုသိုလ်အကုသိုလ် ယှဉ်လျက် ပေါ့.....။
Dec 12, 2023
ယခုတစ်လော လမ်းမတွေပေါ်မှာ လှုပ်လှုပ်ရှားရှားတစ်မျိုး၊ တိုးတိုးကျယ်ကျယ်တစ်ဖုံ ဖြစ်နေကြတာတွေကို တွေ့နေရပါတယ်။ “ကုန်ပြီ၊ ရသေးတယ်၊ မရှိတော့ဘူး၊ ရတော့ရတယ် လိုသလောက်မရဘူး” စတဲ့ စတဲ့ စက်သုံးဆီနဲ့ပတ်သက်တဲ့ အခက်အခဲဖြစ်နေတဲ့ သတင်းစကားတွေကို ဟိုနေရာ၊ ဒီနေရာစုံနေအောင် ပြောဆိုနေကြတာကို ကြားနေရပါတယ်။ ရန်ကုန်မြို့တွင်းက စက်သုံးဆီအရောင်းဆိုင်တွေရှိတဲ့ ပတ်ဝန်းကျင်တွေကို ကြည့်လိုက်တဲ့အခါ ပြောနေ၊ ဆိုနေကြသလို လမ်းတစ်လျှောက်လုံးမှာ ကိုယ်ပိုင်ယာဉ်တွေ၊ အငှားယာဉ်တွေ ဆီဆိုင်မှာ ဆီထည့်ဖို့ တသီတတန်းကြီး စီတန်းစောင့်ဆိုင်းနေကြတာတွေကို တွေ့ရပါတယ်။
Dec 12, 2023
မြန်မာ့ဆယ့်နှစ်လရာသီများအနက် တန်ဆောင်မုန်းလအကြောင်းအရာသည် အခြားလများထက် ပို၍များပါ၏။ ဘာသာရေးဆိုင်ရာ၊ ဆေးပညာဆိုင်ရာ၊ ဝေဒနက္ခတ်ဆိုင်ရာ၊ ရိုးရာဓလေ့ဆိုင်ရာ စသည်ဖြင့် ကျယ်ပြန့်မှုရှိပါ၏။ ထို့ကြောင့်ပင် လောကနီတိကျမ်းပြုပညာရှင် စတုရင်္ဂဗလအမတ်ကြီးက “ဆယ့်နှစ်လရာသီများတွင် တန်ဆောင်မုန်းလသည် အမြတ်ဆုံးဖြစ်သည်” ဟု ရည်ညွှန်းထားလေသည်။
Dec 11, 2023
စာကဗျာများကို ရေးကြ၊ ဖွဲ့ကြရာ၌ အရေးအသားပုံစံအရ စာပေဂုဏ်ဆယ်ပါး၊ စာပါအကြောင်းအရာ၊ အရေးအဖွဲ့ကပေးသော ချစ်၊ ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩနောအရသာဟု စာဆိုနှင့်အညီ ဖတ်ရှုသူ၊ ကြားနာသူတို့ရင်၌ ခံစားမှုအရသာ (ရသ) ကိုးမျိုး ပေးနိုင်ခဲ့ကြသည်။
Dec 11, 2023
မြန်မာနိုင်ငံ၏ လူ့မျှော်မှန်းသက်တမ်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၆၇ ဒသမ ၄၂ နှစ် ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တွက်ချက်မှုမှာ ၆၇ ဒသမ ၇၈ နှစ် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ လူတစ်ယောက် သက်တမ်းစေ့နေနိုင်ရန်နှင့် သက်ရှည်ကျန်းမာစေရန်အတွက် သွေး၊ လေများကောင်းမွန်စွာလည်ပတ်နိုင်စေရန် နေ့စဉ် လမ်းမှန်မှန်လျှောက်ခြင်းကလည်း အဓိကကျပါသည်။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ နှစ်သန်းခန့် ရောဂါဖြစ်ကြပြီး ကိုယ်ခန္ဓာမသန်စွမ်းခြင်းနှင့် သက်တမ်းမစေ့မီ သေဆုံးခြင်းတို့ကို ရင်ဆိုင်နေကြရကြောင်း WHO ၏ ထုတ်ပြန်ကြေညာချက်များအရ သိရှိရပါသည်။
Dec 11, 2023
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက အကြမ်းဖက်သုတေသနအဖွဲ့ရဲ့ Annex of Statistical Information 2022, Country Reports on Terrorism 2022 အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီအစီရင်ခံစာကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် Bethesda မြို့မှ ကမ္ဘာ့အကြမ်းဖက်မှု အလားအလာနှင့် သုတေသနစင်တာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြမ်းဖက်မှုတိုက်ဖျက်ရေးဗျူရိုအတွက် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံတွေမှာ အကြမ်းဖက်မှု (Terrorist Activity) တွေ ဖြစ်ပွားခဲ့တာအပေါ် သုတေသနပြုစုတင်ပြခဲ့တာပါ။
Dec 11, 2023
ယခုတစ်လော လမ်းမတွေပေါ်မှာ လှုပ်လှုပ်ရှားရှားတစ်မျိုး၊ တိုးတိုးကျယ်ကျယ်တစ်ဖုံ ဖြစ်နေကြတာတွေကို တွေ့နေရပါတယ်။ “ကုန်ပြီ၊ ရသေးတယ်၊ မရှိတော့ဘူး၊ ရတော့ရတယ် လိုသလောက်မရဘူး” စတဲ့၊ စက်သုံးဆီနဲ့ပတ်သက်တဲ့ အခက်အခဲဖြစ်နေတဲ့ သတင်းစကားတွေကို ဟိုနေရာ၊ ဒီနေရာ စုံနေအောင် ပြောဆိုနေကြတာကို ကြားနေရပါတယ်။ ရန်ကုန်မြို့တွင်းက စက်သုံးဆီအရောင်းဆိုင်တွေရှိတဲ့ ပတ်ဝန်းကျင်တွေကို ကြည့်လိုက်တဲ့အခါ ပြောနေ၊ ဆိုနေကြသလို လမ်းတစ်လျှောက်လုံးမှာ ကိုယ်ပိုင်ယာဉ်တွေ၊ အငှားယာဉ်တွေ ဆီဆိုင်မှာ ဆီထည့်ဖို့ တသီတတန်းကြီး စီတန်းစောင့်ဆိုင်းနေကြတာတွေကို တွေ့ရပါတယ်။
