Skip to main content
Dec 06, 2023
ULA/AA ကြောင့် သဇင်ပန်းတွေကြွေရတော့မယ့် သာလီစွ ငါရို့ရခိုင်မြေ
ဘေးအန္တရာယ်ဟူသော စကားရပ်ကို အဓိပ္ပာယ်ဖွဲ့ဆိုရလျှင် သဘာဝဘေးအန္တရာယ် (Natural Disaster) နှင့် လူလုပ်ဘေးအန္တရာယ် (Man-made Disaster) ဟူ၍ သတ်မှတ်နိုင်သည်။ သဘာဝဘေးအန္တရာယ်များဆိုသည်ကား သဘာဝအလျောက် ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသော ဖြစ်စဉ်များဖြစ်ပြီး လူလုပ်ဘေးအန္တရာယ်ဆိုသည်မှာ လူသားတို့၏ အကြမ်းဖက်လုပ်ရပ်ဖြင့် ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော အနိဋ္ဌာရုံများဖြစ်သည်။
Dec 05, 2023
ဆောင်းပါး
ကျွန်တော်တို့ ဆရာဝန်ပေါက်စဘဝ လွန်ခဲ့သော နှစ် ၂၀ ကာလကို ပြန်ပြောင်းသတိရမိပါသည်။ ထိုစဉ်က ဆရာကြီးတစ်ဦးက မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်၍ သင်ကြားပေးစဉ် ဖြစ်ပါသည်။ “မိခင်တစ်ဦး ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင် ‘က’ သုံးလုံးကို နိုင်ရမယ်ကွ။ (၁) ကျွေးနိုင်ရမယ်၊ (၂) ကျောင်းထားနိုင်ရမယ်၊ (၃) နေမကောင်းရင် ကုနိုင်ရမယ်ဆိုတာ သိထားဖို့လိုတယ်။ မကျွေးနိုင်၊ ကျောင်းမထားနိုင်၊ မကုနိုင်ရင် သူတို့မိသားစုတွေသာ ပြဿနာတက်မှာမဟုတ်ဘဲ ပတ်ဝန်းကျင်ရော၊ လူထုရော နိုင်ငံအတွက်ပါ အကျိုးမဲ့စေတယ်ဆိုတာ တွေးတတ်ရမယ်။ မင်းတို့ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေအားလုံးဟာ နေမကောင်းတဲ့ကလေးတွေကို ကုတာတင်မကဘူး ကျောင်းတက်မယ့်ကလေးတိုင်း ကျန်းမာဖို့၊အစာ ကျွေးနေတဲ့ကလေးတိုင်း အာဟာရပြည့်ဖို့လည်း တာဝန်ရှိတယ်ဆိုတာ မှတ်ထားပါ။ တိုတိုပြောရရင် အမေ့ဝမ်းထဲကနေ သေဆုံးသည်အထိ ပြည်သူလူထုရဲ့နေ့စဉ်ဘဝမှာ ကျန်းမာရေးဌာနနဲ့ မပတ်သက်တာ မရှိဘူး။ တိုင်းပြည်တိုးတက်ချင်တယ်၊ သာယာဝပြောချင်တယ်ဆိုရင် လူတိုင်းကျန်းမာနေဖို့လိုတယ်။ မင်းတို့ အလုပ်တွေများများလုပ်၊ ပြည်သူလူထုကျန်းမာရေးအသိ၊ သတိတိုးပြီး လှုပ်ရှားမှုတိုင်းမှာ သူတို့ပါနိုင်အောင်လုပ်။ လူတွေကျန်းမာမှ နိုင်ငံချမ်းသာမှာဆိုတာ စိတ်ထဲရှိထားကြ” ပါတဲ့။
Dec 05, 2023
နိုင်ငံတစ်နိုင်ငံမှာ ရာနဲ့ချီတဲ့ (၁၃၅ မျိုးသော) လူမျိုးအစုအပေါင်းတို့နဲ့ ဖွဲ့တည်ရာ ပြည်ထောင်စုကြီးမှာ မျိုးချစ်စိတ်လည်း မရှိရ၊ နိုင်ငံချစ်စိတ်လည်း မရှိရ၊ ပြည်ထောင်စုစိတ်ဓာတ်လည်း မရှိရဘူးဆိုတဲ့အဖြစ်။
Dec 05, 2023
ဆောင်းပါး
ကနဦး ကျန်းမာရေးစောင့်ရှောက်မှု (Primary Health Care- PHC) သည် UHC သို့ ရောက်ရှိရန် အထိရောက်ဆုံးနှင့် ကုန်ကျစရိတ်သက်သာသောနည်းလမ်းဖြစ်သည်။ ယခုအခါ ကမ္ဘာ‌ပေါ်ရှိ နိုင်ငံ တိုင်းသည် ၎င်းတို့၏လူဦးရေနှင့် အရင်းအမြစ်များ လိုအပ်ချက်များအပေါ်အခြေခံ၍ ကွဲပြားသော နည်းလမ်းများဖြင့် UHC ကို အောင်မြင်အောင် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြသည်။
Dec 05, 2023
ဆောင်းပါး
အဂတိလိုက်စားမှုသည် နိုင်ငံတိုင်း၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် လူမှုယဉ်ကျေးမှုစနစ်များ ယိုယွင်းပျက်စီးစေနိုင်သည်ကို သတိပြုမိ၍ နိုင်ငံတိုင်းက အလေးထားတိုက်ဖျက်လာကြသည့် သတင်းများကို သတင်းစာမျက်နှာများတွင် နေ့စဉ်ဖတ်ရှုနေကြရသည်မှာ အားတက်ဖွယ် ပင်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းဖြစ်သည့် ကုလသမဂ္ဂအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့အထိ အဖွဲ့ဝင်နိုင်ငံ ၁၉၀ နိုင်ငံအထိရှိလာပြီဖြစ်သဖြင့် အဂတိလိုက်စားမှုကို ကမ္ဘာ့နိုင်ငံတိုင်းလိုလိုက ပူးပေါင်းတိုက်ဖျက်နေကြသည်ကို အခိုင်အမာသက်သေပြနေသည်။
Dec 05, 2023
ဆောင်းပါး
အမျိုးသားနေ့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အရေးပါသည့် နေ့ရက်တစ်ရက်ဖြစ်ပါသည်။ ကိုလိုနီနယ်ချဲ့တို့လက်အောက် ကျရောက်စဉ် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများစွာအနက်မှ နယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက ဆန့်ကျင်သပိတ်မှောက်ရာမှ အမျိုးသားရေး နိုးကြားတက်ကြွမှု ဖြစ်လာစေသည့် အမျိုးသားနေ့သည် မြန်မာနိုင်ငံအတွက် နှစ်ပေါင်းတစ်ရာကျော်သည့် ယနေ့ထိတိုင် အရေးပါနေဆဲဖြစ်သည်။
Dec 04, 2023
စာသင်ကျောင်းကို ရောက်ရောက်ချင်း ကျောင်းသန့်ရှင်းရေးလုပ်ပါတယ်။ တပည့်တွေဆို မခိုမကပ် အလှည့်ကျသောက်ရေခပ်ပါတယ်။
Dec 04, 2023
ရေရှည်တည်တံ့၍ တာရှည်ခံမှုနှင့် ကုန်ကျစရိတ်သက်သာမှုရှိစေရန် လမ်းသစ်များဖောက်လုပ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုတွင် Lab များ အဆင့်မြှင့်တင်ခြင်းနှင့် R&D များဆောင်ရွက်ခြင်း၊ ခေတ်မီနည်းပညာများ အသုံးပြုခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်သင့်ပါသည်။ လမ်းလုပ်ငန်းသုံးပစ္စည်းများ၊ မြေ၊ သဲ၊ ကျောက်၊ ဂဝံ၊ ရိစာ၊ ဒေသအလိုက်ရရှိနိုင်မှု၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှု ရှိ/မရှိ တို့ကို သိရှိနိုင်ရန် Research (သုတေသန) ပြုလုပ်မှတ်တမ်းများထားရှိရန် လိုအပ်သကဲ့သို့ Lab များထားရှိပြီး စစ်ဆေးပေးရန်လည်း လိုအပ်ပါသည်။
Dec 04, 2023
နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အရေးကြီးသော လိုအပ်ချက်များစွာရှိသော်လည်း အဓိကအရေးကြီးဆုံးအချက်သည် အမျိုးသားရေးစိတ်ဓာတ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံအား ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်မှ လွတ်မြောက်စေရန် မြန်မာတစ်မျိုးသားလုံးက အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွမှုအပြည့်ဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့သောကြောင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ တစ်နိုင်ငံလုံးအမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွလာစေရန်အတွက် နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ဆိုးဖြစ်သည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော ၁၉၂၀ ပြည့်နှစ် အမျိုးသားပညာရေးလှုပ်ရှားမှုက အစပြုခဲ့ခြင်းဖြစ်သည်။
Dec 03, 2023
ဆောင်းပါး
ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သော ကျေးလက်လမ်း/ တံတား၊ ကျေးလက်ရေပေးရေး၊ ကျေးလက်မီးလင်းရေးစသည့် လူမှုရေးနှင့်သက်ဆိုင်သော ပညာရေးနှင့်ကျန်းမာရေး အခြေခံအဆောက်အအုံများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် မရှိမဖြစ်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်အကျိုးပြုလျက်ရှိသည်။