Jul 18, 2023

ဒီနှစ်က ဝါထပ်သောနှစ်ဖြစ်သည်။ ဝါတွင်းကာလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးအလေးထားသော ကာလဖြစ်သည်။ ကောင်းမှုကုသိုလ်များ အခြားကာလကထက် ပိုလုပ်ဖြစ်ကြသည်။ ၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၂ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ထူးထူးခြားခြား ဖိတ်စာတစ်စောင် လက်ခံရရှိသည်။ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်နေသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပွဲသို့တက်ရောက်နိုင်ရေး ဖိတ်ကြားချက်ဖြစ်သည်။
Jul 17, 2023

နှစ်စဉ် နှစ်စဉ်မမေ့နိုင်ဖွယ်ရာ ၁၉ ဇူလိုင်ဝန်းကျင်မှာ အာဇာနည်တို့၏ ဂုဏ်ဒြပ်များကို အမှတ်တရတမ်းတဖော်ထုတ်ဖြစ်ပါသည်။ နိုင်ငံ့အာဇာနည်များကို လေးစားသမှုဖြင့် ဂါရဝပြုမြဲ ဖြစ်သည်။ သူတို့၏အာဇာနည်ပီသမှုအတွက် ဂုဏ်ယူစရာ အစဉ်အောက်မေ့သတိရပါသည်။ သို့သော် ဂုဏ်ယူနေရုံမျှ၊ သတိရနေရုံမျှ၊ လေးစားနေရုံမျှဖြင့်မပြီးသေးပါ၊၊ ယနေ့ခေတ်အခါ အာဇာနည် ဆိုသည့်ဂုဏ်ပုဒ်များစွာအနက် မိမိတို့ကျရာကဏ္ဍအလိုက် လက်ဆင့်ကမ်းလိုက်နာ ကျင့်သုံးသင့်သည့် ဖြည့်ဆည်းနိုင်မည့် ကွက်လပ်လိုအပ်ချက်များစွာကို လေ့လာအကဲခတ်မိ၍ဖြစ်ပါသည်။
Jul 17, 2023

ဗုဒ္ဓမြတ်စွာသာသနာတော်တွင် ဘုရားရှင်အား ပထမဆုံးဖူးတွေ့ရသူ (ဘုရားဖူးဦး)၊ ပထမဆုံး မုန့်ဆွမ်းလှူဒါန်းရသူ (ဆွမ်းလှူဦး)၊ ပထမဆုံး ဒွေဝါစိကသရဏဂုံတည်သူ (သရဏဂုံဦး)၊ ပထမဆုံး ဆံတော်ရှင် ချီးမြှင့်ခံရသူ(ဆံတော် ဓာတ်တော်ဦး)၊ ပထမဆုံး စေတီဘုရားတည်ရသူ(စေတီဦး-ဘုရားဦး) ဦးငါးဦးဖြင့် သာသနာတော်ကို ကိုးကွယ်ဆည်းကပ်ခွင့်ရသူမှာ မြန်မာပြည်ဖွားပင်ဖြစ်ကြောင်း သာသနာသမိုင်းတွင် မှတ်တမ်းတင်ထားပါသည်။
Jul 16, 2023

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီးလည်းဖြစ်၊ တပ်မတော်၏ဖခင်ကြီးလည်းဖြစ်သည့် နိုင်ငံ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ကြိုးပမ်းဆောင်ရွက်ရင်း ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သောအိမ်ကို အထိမ်းအမှတ်ပြတိုက် (Memorial Museum)အဖြစ် ဖွင့်လှစ် ပြသထားခြင်းဖြစ်ပါသည်။
Jul 15, 2023

၂၀၂၃ ခုနှစ် မေလအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ်ဒဏ် ကြုံတွေ့ခံစားခဲ့ရသည်ကို အားလုံးသိရှိကြပြီးဖြစ်ပါသည်။ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် အထူးပင် ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိပါသည်။
Jul 15, 2023

ယနေ့ ကမ္ဘာ့နေရာတော်တော်များများတွင် လုံခြုံရေးမတည်ငြိမ်မှုများဖြစ်နေသည်ကို တွေ့မြင်နေရသည်။ အင်အားကြီးနိုင်ငံများအချင်းချင်း ပြိုင်ဆိုင်မှုများကြောင့် အထူးသဖြင့် နိုင်ငံငယ်လေးများတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယူကရိန်းနိုင်ငံတွင် စစ်ပွဲဖြစ်ပွားနေသည်။ တောင်တရုတ်ပင်လယ်ဒေသတွင်လည်း မငြိမ်သက်မှုများ တွေ့မြင်နိုင်သည်။ စစ်ပွဲများမဖြစ်စေရေး၊ တည်ငြိမ်မှုရှိစေရေးအတွက် ကြိုးပမ်းမှုများရှိသလို အခြေအနေပိုမိုတင်းမာစေရန် နောက်ကွယ်မှ လှုံ့ဆော်သွေးထိုးမှုများ ပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။ ထို့ပြင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကိုလည်း ပိုမိုတွေ့ရှိလာရသည်။ အကြမ်းဖက်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါများနှင့် ကူးစက်ရောဂါများ ပျံ့နှံ့ဖြစ်ပွားမှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများ စသည်ဖြင့်အခါအားလျော်စွာ ကြုံတွေ့နေရသည်။
Jul 15, 2023

ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်မှာ ၇၆ နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ ဤနေ့ ဤရက်ကို မြန်မာပြည်သူလူထု တစ်ရပ်လုံးက အောက်မေ့တသဖြစ်ကြရသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမျိုးသားလွတ်မြောက် ရေး ကြိုးပမ်းချက်များကို သတိရလွမ်းဆွတ်ကြရသည်။
Jul 14, 2023

ဇူလိုင်လရဲ့ မိုးစက်မိုးပွင့်တို့နဲ့အတူ (၇၆)နှစ်မြောက်အာဇာနည်နေ့တောင် ရောက်ခဲ့ပြီကော။ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ မျက်မှောက်ခေတ်အခြေအနေအရ အလေးအနက်ဆင်ခြင်စရာ၊ သမိုင်းသင်ခန်းစာယူစရာတွေက အများသားလား။
Jul 14, 2023

၂၀၂၃ ခုနှစ် မေလအတွင်းဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ်ဒဏ်ကိုကြုံတွေ့ခံစားခဲ့ရသည်ကို အားလုံးသိရှိကြပြီးဖြစ်ပါသည်။ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် အထူးပင်ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိပါသည်။
Jul 13, 2023

ဇူလိုင်လရဲ့ မိုးစက်မိုးပွင့်တို့နဲ့အတူ (၇၆) နှစ်မြောက် အာဇာနည်နေ့တောင် ရောက်ခဲ့ပြီကော။ (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ မျက်မှောက်ခေတ်အခြေအနေအရ အလေးအနက်ဆင်ခြင်စရာ၊ သမိုင်းသင်ခန်းစာယူစရာတွေက အများသားလား။