Oct 13, 2023
အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်သည် “သမဂ္ဂါနံတပေါသုခေါ” ဟူ၍ “စည်းလုံးညီညာ အောင်ကြောင်းဖြာ”ဟူသော ဒိဋ္ဌဓမ္မဝေဒနိယကံ၏ အကျိုးကို ဟောကြားညွှန်ပြတော်မူခဲ့ပါသည်။ အမိမြန်မာပြည်ကြီးကို “ပထဝီဝင်နိုင်ငံရေးအမြင်” (Geo-Politics Outlook) ဖြင့် ကြည့်မည်ဆိုပါလျှင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၀ ကျော်ဖြင့် “ယဉ်ကျေးမှုကြွယ်ဝသောနိုင်ငံ” (Country of Poly Ethnic and multicultural) တစ်နိုင်ငံအဖြစ် ဝိသေသထူးခြားစွာ တွေ့မြင်ကြရမည်ဖြစ်သည်။
Oct 12, 2023
လူသားနှင့် ပဋိပက္ခသည် ဒွန်တွဲနေတတ်ပါသည်။ ပဋိပက္ခသည်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဟုလည်း ဆိုပါသည်။ အမိတစ်ဝမ်းတည်းမှ မွေးဖွားခဲ့ကြသည့် မိသားစုအတွင်း ပင်၌ပင် ပဋိပက္ခများနှင့် မကင်းနိုင်ပါ။ မတူကွဲပြားသည့်သူများနှင့် စုစည်းနေထိုင်ကြလျှင် ပဋိပက္ခများ ပို၍ရှိမည်ဖြစ်သည်။ ပဋိပက္ခရှိသည် ဆိုသော်လည်း အနည်းအများ၊ အတိမ်အနက်တော့ တူချင်မှတူပါမည်။ မည်သို့မတူညီသည်ဖြစ်စေအများနှင့် စုစည်းနေထိုင်လုပ်ကိုင်လျှင်ယင်း ပတ်ဝန်းကျင်၌ ပဋိပက္ခများ ရှိနေပေလိမ့်မည်။ ထိုသို့ပဋိပက္ခများရှိသည်မှာ ပြဿနာမဟုတ်။ သဘာဝဖြစ်သည်။
Oct 12, 2023
အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်သည် “သမဂ္ဂါနံတပေါသုခေါ” ဟူ၍ “စည်းလုံးညီညာ အောင်ကြောင်းဖြာ”ဟူသော ဒိဋ္ဌဓမ္မဝေဒနိယကံ၏ အကျိုးကို ဟောကြားညွှန်ပြတော်မူခဲ့ပါသည်။
Oct 11, 2023
မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကျမ်းကြီးကို မန်လည်ဆရာတော်ကြီး ရေးသားသီကုံးပြီးဆုံးသည့်နေ့သည် ဇာတာတော်သက်အရဆိုပါက ဤနေ့တွင် (၁၃၈၅ တော်သလင်းလဆုတ် ၁၄-ရက်) နှစ်ပေါင်း ၁၂၀ ပြည့်ခဲ့လေပြီ။
Oct 10, 2023
ကမ္ဘာဦးအစကပင် လူသားတို့သည် ရှင်သန်ရပ်တည်နိုင်ရန် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မှီတင်းသဟဲပြု ပေါင်းဖက်နေထိုင်ခဲ့ကြရသည်။
Oct 10, 2023
မြန်မာနိုင်ငံလွတ်လပ်ရေးကို အသက်ပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီးမှ ရရှိလာခဲ့ခြင်းဖြစ်သည်။ နိုင်ငံအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်လည်း အသက်ပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ရသည်။ နိုင်ငံတည်ဆောက်ရေးအတွက်လည်း ဘဝပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ရသည်။ ဤသို့ခက်ခဲစွာပေးဆပ်ရင်းနှီး၍ တည်ဆောက်ထားရသည့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းပြီး အေးချမ်းသာယာဝပြောအောင် အားလုံးပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ သို့သော် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင် ပဋိပက္ခများသည် ယနေ့ထက်တိုင်အောင် ဖြစ်ပွားနေဆဲဖြစ်၍ ငြိမ်းချမ်းရေးအတွက် စိတ်မအေးဖွယ်ဖြစ်မည်။
Oct 10, 2023
ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးလောကတွင် သဘောထားတင်းမာသူများ၊ စစ်လိုလားသူများကို လင်းယုန်များ၊ စွန်ရဲများ၊ hard-liner တရားသေအမာဂိုဏ်းသားများဟုလည်းကောင်း၊ သဘောထားပျော့ပျောင်းသူ၊ ငြိမ်းချမ်းရေးကို လိုလားသူများကို ရွှေပြည်အေးဝါဒီများ၊ ပြုပြင်ပြောင်းလဲရေးသမားများ၊ ချိုးငှက်များ၊ အပျော့ဂိုဏ်းသားများဟုလည်းကောင်း တင်စားခေါ်ဝေါ်ကြပါသည်။
Oct 10, 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ BNP(Bangladesh Nationalist Party) ဟာ ၃ -၉ -၂၀၂၃ ရက်နေ့က Rhohingya Crisis and Repatriation Seminor ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ သူတို့အခေါ် ရိုဟင်ဂျာ (ယခုဆောင်းပါးမှာတော့ တရားမဝင်အခေါ် ရိုဟင်ဂျာအစားတရားဝင်အမည် ဘင်္ဂါလီလို့ပဲတောက်လျှောက်ရေးသား သုံးစွဲသွားပါ့မယ်) အကျပ်အတည်းနဲ့ နေရပ်ပြန်နိုင်ရေးအတွက် ထိရောက်စွာဖြေရှင်းဆောင်ရွက်နိုင်ရေးအဆိုပြုချက် ၁၆ ချက်နဲ့ပတ်သက်ပြီး သတင်းဆောင်းပါးတစ်ခုမှာ ဖော်ပြပါရှိတာကို ဖတ်ရှုလိုက်ရပါတယ်။
Oct 09, 2023
လာအိုနိုင်ငံဟာ အရှေ့တောင်အာရှရဲ့တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်ရဲ့အလယ်မှာ တည်ရှိတဲ့အတွက် ပင်လယ်ဆိပ်ကမ်းမရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံရဲ့အကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ ၂ ဒသမ ၃၆၈ သိန်းဖြစ်ပြီး ကုလသမဂ္ဂရဲ့ ကမ္ဘာ့လူဦးရေဆန်းစစ်ချက် နောက်ဆုံးအချက်အလက်တွေအရ ၂၀၂၃ခုနှစ် စာရင်းအရ လူဦးရေ ၇ ဒသမ ၆ သန်းခန့် နေထိုင်ပါတယ်။ လာအိုလူမျိုးအပါအဝင် လူမျိုးပေါင်း ၅၀ ခန့်ရှိကြောင်း သိရပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ကိုလိုနီဖြစ်ခဲ့ပြီး ၁၉၅၃ခုနှစ်မှာ စည်းမျဉ်းခံ ဘုရင်စနစ်အဖြစ် လွတ်လပ်ရေးရခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံများအနက် တစ်ခုတည်းသော ဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး ကွန်မြူနစ်ဝါဒကို ထောက်ခံတဲ့နိုင်ငံဖြစ်ပါတယ်။ တရားဝင်နိုင်ငံရေးပါတီဟာ လာအိုပြည်သူ့တော်လှန်ရေးပါတီဖြစ်ပြီး တစ်ပါတီနိုင်ငံဖြစ်တာကြောင့် အထွေထွေအတွင်းရေးမှူး(ပါတီခေါင်းဆောင်)ဟာ နိုင်ငံနဲ့အစိုးရရဲ့ခေါင်းဆောင်၊ သမ္မတ ဖြစ်ပါတယ်။
Oct 09, 2023
ကမ္ဘာ့ဒုတိယသက်တမ်းအကြာမြင့်ဆုံး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union - UPU )ကို ၁၈၇၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့၌ ဌာနချုပ်ရုံးထားရှိပါသည်။ UPUသည် ကုလသမဂ္ဂ၏ specialized agencyတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း၁၉၂နိုင်ငံရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် စာပို့တိုက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကမ္ဘာ့စာပို့တိုက်ကွန်ရက်ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ၁၉၄၉ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် UPU အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး UPUအဖွဲ့ဝင်နိုင်ငံများနှင့် ချိတ်ဆက်၍ အပြည်ပြည်ဆိုင်ရာချောပစ္စည်းများကို လက်ခံ၊ ပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
