Skip to main content
Sep 02, 2023
ဆောင်းပါး
မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခေါင်းဆောင်များသည် သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီး၌ မူဝါဒပိုင်းဆိုင်ရာ၊ မဟာဗျူဟာပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုဖော်ဆောင်၍ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးကိုအစဉ်ရှေးရှုပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသည် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် တွေ့မြင်နိုင်ပါသည်။ ၂၀၃၀ ပြည့်နှစ်အမီ အောင်မြင်အောင်ဆောင်ရွက်ရမည့် ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင် (၁၇) ချက် (Sustainable Development Goals) တွင်လည်း ဆင်းရဲနွမ်းပါးမှုပပျောက်ရေးသည် ပထမဆုံး ဦးစားပေးဆောင်ရွက်ရမည့် ပန်းတိုင်တစ်ရပ်အဖြစ် ချမှတ်ထားရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှုအောက်ရှိ နိုင်ငံများအားလုံး၏ စုစည်းမှုအင်အားဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မီးမောင်းထိုးပြသပြီးဖြစ်ပါသည်။
Sep 01, 2023
စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာနသည် စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ်များ အထူးပြုဘွဲ့၊ ဒီပလိုမာ၊ ကျွမ်းကျင်လက်မှတ်ရရှိထားသည့် ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားရှိပြီး စက်ခေါင်း/တွဲများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း၊ စက်ခေါင်းမောင်းနှင့် တွဲထိန်းများကို ကြီးကြပ်စီမံဆောင်ရွက် ခြင်းပြုရပါသည်။
Sep 01, 2023
၂၀၂၃ ခုနှစ် ဧပြီလဆန်းမှာ ကမ္ဘာ့သံခင်းတမန် ခင်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့အလှည့်အပြောင်း တစ်ရပ်ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသတင်းကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက်အရ အီရန်နိုင်ငံနဲ့ ဆော်ဒီအာရေဗျနိုင်ငံအကြား ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်ထားရှိမယ်ဆိုတဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်ပဲဖြစ်ပါတယ်။
Sep 01, 2023
မကြားလို လက်မခံလိုကြတော့ပြီ ...
​​​​​​​သတင်းဟူသည် လူတို့အတွက် အာဟာရတစ်မျိုးဖြစ်သည်။ သတင်းစာပညာအရ ကောင်းကျိုးလည်း သတင်း၊ ဆိုးပြစ်လည်းသတင်းဟု ဆိုသည်။ လူတို့၏ သဘာဝအရ ကောင်းသတင်းလည်းသိလို၊ မကောင်းသတင်းလည်း သိလိုကြသည်။ ကောင်းသတင်း အသိသည်လူတို့၏ ဦးနှောက်အသိဉာဏ်၊ တီထွင်ဖန်တီးဉာဏ်၊ ပညာဉာဏ်၊ ပိုင်းခြားချင့်ချိန်ဉာဏ်၊ အမြော်အမြင်ဉာဏ်တို့၏ အားတိုးဆေးဖြစ်သည်။ မကောင်းသတင်းအသိသည် ဆန့််ကျင်ဘက်အားများ ဖြစ်စေသည်။
Aug 31, 2023
ဆောင်းပါး
ဤ “ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း” စာအုပ်သည် ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သော ဗုဒ္ဓအကြောင်း မှတ်တမ်းတင်ခြင်းကို ရေးသားထားခြင်း ဖြစ်ပါသည်။ အစမှအဆုံးအထိ ဖတ်ကြည့်သောအခါ ဗုဒ္ဓဝင် ဖြစ်ပါသည်။ ဤစာအုပ်သည် မြတ်ဗုဒ္ဓ၏ သန္ဓေယူသည်မှ ပရိနိဗ္ဗာန်စံသည် (တေဇောဓာတ် လောင်ကျွမ်းခြင်း) အထိ စုဆောင်းဖော်ပြရေးသားထားပါသည်။ မကျဉ်းမကျယ်သော ဗုဒ္ဓအကြောင်း ဖြစ်ပါသည်။ စာရေးသူက တိုတိုနှင့်လိုရင်းသို့ရောက်အောင် ရေးပြထားပါသည်။                      
Aug 31, 2023
1
ပညာရေးစစ်တမ်းကောက်ယူရာတွင် အသက် (၁၀) နှစ်နှင့်အထက် စာမတတ်သူများကို (၃) မျိုး ခွဲခြားကောက်ယူခဲ့ပါသည်။
Aug 31, 2023
ပါလီမန်ဒီမိုကရေစီနဲ့ စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးတဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အမတ်နေရာအများစုမရခဲ့တဲ့အတွက် အနိုင်ရပါတီမဟုတ်ခဲ့တဲ့ (Pheu Thai) ဖျူထိုင်းပါတီမှ အမတ် ဆာရက်သာသာဗီဆင်တစ်ယောက် ထိုင်းနိုင်ငံရဲ့အယောက် ၃၀ မြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါပြီ၊၊
Aug 31, 2023
ဆောင်းပါး
ပုဂံခေတ်ထိုးကျောက်စာများတွင် ဝါခေါင်လကို “နံကာ” လဟု သုံးလေ့ရှိသည်။ ဝါခေါင်တွင် “ဝါ” က တစ်ပုဒ် “ခေါင်” ကတစ်ပုဒ်ဖြစ်သည်။ “ဝါ” ဝေါဟာရကို အများသိပြီး ဖြစ်ပေသည်။ “ခေါင်” ကိုမူ ဤသို့ဖွင့်ဆိုကြပေ၏။ ခေါင်၊ အိမ်ခေါင်၊ ထွတ်ခေါင်၊ ခေါင်လူကြီး၊ ခေါင်ဖျား၊ ထိပ်ခေါင်တင်၊ ဖုရားခေါင်ကြီးစသည်ဖြင့် အထွတ်အထိပ်အစွန်အဖျား၊ အမြင့်အမြတ်၊ အကြီးအကဲဟူသောအဓိပ္ပာယ်နှင့် ဝေးကွာခြင်းအဓိပ္ပာယ်ကို ဆောင်ပေသည်။ အခြားတစ်နည်းမှာ အလယ်ခေါင်၊ နေ့လည်ခေါင်၊ သန်းခေါင်စသည်ဖြင့် အလယ်ဗဟိုဟု ဆိုလိုပေသည်။
Aug 30, 2023
စာမတတ်သူ၊ တို့ဝိုင်းကူစို့။ ဖေးမဆွဲထူ၊ တို့ဝိုင်းကူလျှင် မတတ်သူတို့၊ တတ်လာမည်။ ကြီးကောင်ဝင်မှ၊ စာသင်ရသူ၊ တို့ဝိုင်းကူစို့၊ ဖေးမဆွဲထူ၊ တို့ဝိုင်းကူလျှင် သူလည်းမကြာ၊ တတ်လာမည်။ ကြီးသူငယ်သူ၊ အရွယ်မတူ တို့ဝိုင်းကူလျှင် _ _ _ _မတတ်ဘယ်သူရှိအံ့နည်း။
Aug 30, 2023
ဆောင်းပါး
မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍအစပျိုးမှုကိုကြည့်မည်ဆိုလျှင် ရှေးယခင်က နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် ကျွန်ပြုအုပ်ချုပ်ခဲ့စဉ်က ၎င်းတို့၏အကျိုးစီးပွားကို အထောက်အကူဖြစ်စေသည့် ရထားလမ်း၊ ကားလမ်းများကိုသာ ဦးစားပေးဖောက်လုပ်ခဲ့ကြောင်း တွေ့ရှိရသည်။ နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးဟူသော ရည်ရွယ်ချက်ကောင်းများ မရှိခဲ့သည့်အတွက် ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလတစ်လျှောက်လုံး နယ်မြေဒေသအများစုသည် လမ်းပန်းဆက်သွယ်မှုခက်ခဲ၍ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။