ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပမည့် ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်အရောင်းပြပွဲ ၂၀၂၆ နှင့် ပတ်သက်၍ အရောင်းဆိုင်ရှင် Exhibitor များနှင့် စာနယ်ဇင်းမီဒီယာများ တွေ့ဆုံရှင်းလင်းပွဲကို ယမန်နေ့မွန်လွဲပိုင်းတွင် လှိုင်မြို့နယ် ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပသည်။
