Skip to main content

တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ငှက်တစ်ကောင်ဖြင့် တိုက်ခိုက်မှု (bird strike ) ဖြစ်ပွားခဲ့ပြီး မတော်တဆမှုဖြစ်ပွား

နေပြည်တော်   ဩဂုတ်   ၃

တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီးသို့အရောက် ငှက်တစ်ကောင်ဖြင့်တိုက်ခိုက်မှု (Bird Strike) ဖြစ်ပွားပြီး အင်ဂျင်ခန်းအတွင်းသို့ဝင်ရောက်သဖြင့် အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးအနေဖြင့်လေယာဉ်၏ အနေအထားကိုလူနေအိမ်ရှင်းသည့်အရပ်မျက်နှာဘက်သို့လှည့်၍ Eject ပြုလုပ်၍ ခုန်ထွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။