Skip to main content

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ) မှ မန္တလေး - ဗန်းမော် သင်္ဘော ခရီးစဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာဝတီဌာနခွဲ(မန္တလေး)မှ မန္တလေး - ဗန်းမော် ခရီးလမ်းကို တစ်ပါတ်လျှင်နှစ်ခေါက် (တနင်္လာ ကြာသပတေး) နေ့များတွင် ဂေါဝိန်ဆိပ်ကမ်းမှ နံနက် ၆ နာရီတွင် ထွက်ခွာ၍ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ပီကြီး/ ပီလတ်ရေယာဉ်အမျိုးအစားများ ဖြစ်သော နှစ်ထပ်သင်္ဘောများဖြင့် ပုံမှန်ပြေးဆွဲပေးလျက် ရှိသည်။

နောင်ချို နှင့် လားရှိုးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ဧပြီ ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင်နောင်ချိုမြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင်မစန္ဒာဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ် အတွင်းရှိ စိုက်ပျိုး မွေးမြူရေးများအား ကြည့်ရှုစစ်ဆေး၊ ခြေလျင်တပ်စုမှူးသင်တန်း သားများနှင့်တွေ့ဆုံ ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ် နယ်အတွင်းရှိ စိုက်ပျိုး၊မွေးမြူရေး ဆောင်ရွက် ထားရှိမှု အခြေအနေများအားလိုက်လံ ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစစဉ်(၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ချမှတ်၍ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိ

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်အရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ တပ်မတော် သားများသည် ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံတော်ကို ကာကွယ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေး ရခဲ့သည်မှ ယနေ့အချိန်အထိ တပ်မတော်က နိုင်ငံတော်ကို လွတ်လပ်ရေးရရှိ အောင်နှင့် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ခဲ့ရသဖြင့် နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်းကိုခွဲခြား၍မရကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ် ထားသော အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍသည် နိုင်ငံတော်ကပေးအပ် ထားသော နိုင်ငံရေးအမွေပင်ဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက် တမ်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတမှ နိုင်ငံတော်ပြန်တမ်းဖြင့်ခန့်အပ်ခဲ့ခြင်းဖြစ် ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစစဉ် ထည့်သွင်း ပြောကြားသည်။

နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘော စစ်ရေယာစဉ် အပါအဝင် စစ်ရေယာစဉ်များ၊ ရဟတ်ယာစဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်း လေ့ကျင့်ဆောင်ရွက်

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မား စေရန် တပ်မ တော်(ကြည်း၊ ရေ၊ လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ် လေ့ကျင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်လည်း ဧပြီလ ၂ နေ့မှစ၍ မြန်မာ့ရေပြင်ပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်း တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘော စစ်ရေယာစဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာစဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက်စစ်ဆင်မှုနှင့် ပစ်ခတ်မှုလေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 2020) အား လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ နည်းလမ်းများအတိုင်း အဖျက် အမှောက်လုပ်ရပ်များကို လုပ်ဆောင်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် လုံခြုံရေးယာဉ်တန်းအား ဆူပူအကြမ်းဖက်သူလူတစ်စုက ဧပြီလ ၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဥဿာမြို့သစ်၊ (၈) ရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်းမကြီး မိုင်တိုင်အမှတ် ၄၅ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံ အကြား နေရာသို့ အရောက်၌ ချိန်ကိုက်မိုင်း ၁ လုံးဖြင့် ပေါက်ကွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယာဉ်တန်းတွင် ပါဝင်သည့် ရှေ့ပြေးယာဉ်တွင် ဝဲတာယာပွန်းပဲ့၊ ရှေ့လေကာ မှန်အက်၊ ဝဲဘက်မှန်ကွဲအက် ပျက်ဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ အခြေခံပညာ ကျောင်းများ၊ ပညာရေးဒီဂရီ ကောလိပ်နှင့် တက္ကသိုလ်သို့ သွားရောက်လှည့်လည် ကြည့်ရှု အားပေး

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဧရာဝတီ တိုင်းဒေသကြီး ပညာရေးမှူး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်တာဝန်ခံ ကျောင်းအုပ် ကြီး၊ ပုသိမ်တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်၊ သက်ဆိုင်ရာတာဝန်ရှိသူများအတူ ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၊ ပညာရေးဒီဂရီ ကောလိပ်နှင့် ပုသိမ်တက္ကသိုလ်များသို့ သွားရောက်၍ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဝိုင်းမော်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၉ ရက် ညနေ ၄ နာရီတွင် ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ဝိုင်းမော်သွားကားလမ်း၊ (၁၃)ကီလိုမီတာ ပူးပေါင်း စစ်ဆေးရေးစခန်းတွင် လွမ်းထော(ခ)မောင်တာ မောင်းနှင်ပြီး မအေးရီ လိုက်ပါလာသော မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၀ ကီလို ကိုလည်းကောင်း။

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်- တောင်ညို - ချောင်းနက် - တောင်တွင်းကြီးလမ်းအပိုင်းအား လမ်းချဲ့ခြင်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး လမ်းဦးစီးဌာန၊ ဥတ္တရခရိုင်မှ မိုင်တိုင် အမှတ်(၄၁/၀)နှင့် (၄၄/၂)အကြားတွင် ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ အပိုင်းလိုက်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Subscribe to နေပြည်တော်