နေပြည်တော် ဧပြီ ၁၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၉ ရက် ညနေ ၄ နာရီတွင် ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ဝိုင်းမော်သွားကားလမ်း၊ (၁၃)ကီလိုမီတာ ပူးပေါင်း စစ်ဆေးရေးစခန်းတွင် လွမ်းထော(ခ)မောင်တာ မောင်းနှင်ပြီး မအေးရီ လိုက်ပါလာသော မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၀ ကီလို ကိုလည်းကောင်း။
အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအုပ်စု၊ ကင်းကျေးရွာအနီး၊ ရွာငံ-ဟံမြင့်မိုရ်သွားကားလမ်းတွင် သန်းနိုင်ဝင်း(ခ)ငပိန် မောင်းနှင်ပြီး စီမင်း(ခ) အားမြင့်၊ သိန်းဇော်ဦးနှင့် သိန်းနိုင် တို့ လိုက်ပါလာသည့် HYUNDAI PORTER II Pick Up အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၂,၇၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)