Skip to main content

နောင်ချို နှင့် လားရှိုးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၁၁ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ဧပြီ ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင်နောင်ချိုမြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင်မစန္ဒာဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း။ ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မန်ဆူကားဝင်းရှိ စုပေါင်းလားရှိုး ကားလေးဂိတ်တွင် မန္တလေးမြို့သို့ ပို့ဆောင်မည့် လူမဲ့တန်ဆာပန်းသီးခြင်းများ အတွင်း မူးယစ် ဆေးဝါးများပါရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာပန်းသီးထည့် ထားသည့် ကော်ခြင်း ၄ ခြင်းအတွင်းမှ ဘိန်းစိမ်း ၁၁ ဒသမ ၈ ကီလို၊မြန်မာငွေကျပ် ၁၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။ (ရဲပြန်ကြား)