Skip to main content
Jul 22, 2024
ဆောင်းပါး
ဦးစွာ မြန်မာနိုင်ငံရှိ သမဝါယမအသင်းဖွဲ့စည်းမှုကို တင်ပြပါရစေ။ အသက်(၁၈) နှစ်ပြည့်ပြီး အသင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အနည်းဆုံးလူပုဂ္ဂိုလ်ငါးဦးဖြင့် အခြေခံသမဝါယမအသင်းဖွဲ့စည်းနိုင်ပြီး အခြေခံအသင်းသုံးသင်းဖြင့် သမဝါယမအသင်းစုကို ဖွဲ့စည်းနိုင်ပါသည်။
Jul 22, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jul 21, 2024
ဆောင်းပါး
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်ပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်သည်ကို တွေ့ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် လမ်းနှင့်တံတားသည် နိုင်ငံတစ်နိုင်ငံ၏ အင်အားလည်းဖြစ်ပါသည်။
Jul 21, 2024
ဆောင်းပါး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်၍ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့်ပင် အသက်မွေးဝမ်းကျောင်းပြုကြသည်။
Jul 21, 2024
ဆောင်းပါး
အမေရိကန်နိုင်ငံရေးလောကက အရင်လိုပျော်စရာ၊ အတုယူစရာ မကောင်းတော့ဘူးဗျ။ အရင်က ပျော်စရာ၊ အတုယူစရာကောင်းတယ်ဆိုတာက ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ တွေ၊ ပါတီညီလာခံတွေမှာ ထောက်ခံအားပေးသူတွေက "God Bless America" လို့ ဆုတောင်းကြ၊ သီချင်းတွေ သံပြိုင်သီဆိုကြ၊ ကကြ၊ ခုန်ကြ။ သမ္မတလောင်းတွေ၊ ကိုယ်စားလှယ်လောင်းတွေကလည်း ပြိုင်ဘက်သမ္မတ၊ ပြိုင်ဘက်ကိုယ်စားလှယ်တွေရဲ့ လက်ရှိပေါ်လစီတွေကို ဝေဖန်ကြ၊ ငယ်ကျိုးငယ်နာတွေကိုဖော်ပြီး သရော်ကြ၊ လှောင်ပြောင်ကြနဲ့ ဘေးကကြည့်တဲ့သူတောင် ပျော်စရာကောင်းနေရော။
Jul 20, 2024
ဆောင်းပါး
အားကစားနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများစွာရှိသည့်အနက် “အားကစားသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ အမှတ်လက္ခဏာဖြစ်သည်ဟု မှတ်ယူကြသည်။ တစ်နည်းအားဖြင့် အားကစားသည် လူသားထုတစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသော ပျော်ရွှင်ရင်ခုန်ကြည်နူးဖွယ် လှုပ်ရှားမှုအဖြစ် လူတစ်စု၊ လူတစ်ဖွဲ့မှသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံးမှသည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံချင်းစီအကြား လူသားဆန်သော အပြန်အလှန်ရင်းနှီးချစ်ကြည်မှုကို ဖန်တီးပေးနိုင်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး၏ သံတမန်အခင်းအကျင်းတစ်ရပ်အဖြစ်ဖြင့် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်း တည်းဟူသော လောကပါလတရားများကိုပင် ဖြစ်ထွန်းစေနိုင်သည်ဟု မျှော်လင့်ယုံကြည်ကြသည်” ဟူ၍လည်း ဖွင့်ဆိုကြပါသည်။
Jul 20, 2024
ဆောင်းပါး
“ပညာရေးဆိုသည်မှာ အမျိုးမျိုးသော သင်ယူလေ့လာမှုနည်းလမ်းများမှတစ်ဆင့် ရရှိသည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ အရည်အသွေးနှင့် တန်ဖိုးများ”ဟုဆိုသည်။ လူတစ်ယောက်သည် ပညာကို မွေးဖွားလာကတည်းက ဘဝတစ်သက်တာ သင်ယူလေ့လာနေကြရသည်။ ပညာသင်ယူလေ့လာထားသည့် လူတစ်ဦးချင်းစီသည် မိမိတတ်မြောက်ထားသည့် ပညာနှင့်ဘဝကို ပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ မိမိပတ်ဝန်းကျင်နှင့် လူ့အသိုက်အဝန်းကိုလည်း အထောက်အကူပြုစေနိုင်မည်ဖြစ်သည်။
Jul 20, 2024
ဆောင်းပါး
ထိုသို့ဖြင့် သုံးရက်မျှကြာသောအခါ ဥတ္တရာသည် သူ့ခင်ပွန်းနန္ဒအား ခယ၍ “အရှင်သား ကျွန်မသည် မိမိအိမ်၌နေစဉ်က ဥပုသ်နေ့တိုင်းရှစ်ပါးသီလစောင့်သည်။ ဘုရားရှင်ကိုလည်းဖူးမြော်၍ တရားတော်ကိုနာကြားသည်။ ဤသို့ပြုသည့်အတိုင်း ကျွန်မအား ခွင့်ပြုရန်တောင်းခံပါသည်။” ခင်ပွန်းနန္ဒသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကြည်ညိုသူမဟုတ်သောကြောင့် ခွင့်မပြုပါချေ။
Jul 20, 2024
လောကဓံဆိုတာကို အားလုံးကြုံရ၊ ဆုံရဓမ္မတာပါ။ အကောင်းလောကဓံ၊ အဆိုးလောကဓံဆိုပြီး မလွတ်ကင်း တွေ့ရမှာသာ။ ဘယ်မှာကင်းကြလို့ပါလဲ။ အာရုံတွေများလွန်းလှတဲ့ ယခုခေတ်ကြီး ပိုဆိုးလှတယ်။ မြန်မာကော ကမ္ဘာမှာပါ ဣဋ္ဌာရုံထက်အနိဋ္ဌာရုံက ပိုများနေတယ်၊ တင့်တယ်တာထက် မတင့်တယ်တာ၊ စိတ်ချမ်းသာစရာထက် ဆင်းရဲစရာက ပိုများနေတယ်၊ ဝမ်းသာကြည်နူးစရာထက် သောကစိုးရိမ်ပူဆွေးမှုတွေ၊ ပရိဒေဝငိုကြွေးမြည်တမ်းမှုတွေ၊ ဒုက္ခဆင်းရဲ၊ ဒေါမနဿ မသာယာမှုတွေ၊ ဥပါယာသ ပြင်းစွာသောပင်ပန်းမှုတွေ မီးတွေအလားထိုအပူတွေက ပိုမိုထူပြောလျက်ရှိနေပါတယ်...။
Jul 19, 2024
ဆောင်းပါး
နိုင်ငံတိုင်းဟာ စီးပွားရေးအင်အားကောင်းမွန်စေဖို့ တစ်နည်းအားဖြင့် ဂျီဒီပီတိုးတက်ဖို့ကို ဆောင်ရွက်ကြပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ဂျီဒီပီမှာပါဝင်တဲ့ ကဏ္ဍကြီး သုံးခုဖြစ်တဲ့ လယ်ယာကဏ္ဍကြီး၊ စက်မှု ကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီး (Agriculture ၊ Industry and Services – AIS) တို့ တိုးတက်ရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ကြပါတယ်။ ဒီလိုကြိုးပမ်းတဲ့နေရာမှာ မိမိတို့နိုင်ငံအလိုက် စီးပွားရေး ကို တွန်းအားပေးနိုင်တဲ့ အခြေခံကောင်းများပေါ် မူတည်ပြီး ဘယ်ကဏ္ဍ က စီးပွားရေးကို တွန်းအားပေးနိုင်လဲဆိုတာကို အခြေခံစဉ်းစား ဆောင်ရွက်ကြပါတယ်။ ဒီကဏ္ဍကြီးများရဲ့ စီးပွားရေးမှာ ပါဝင်မှုအချိုး ကို တစ်နည်းအားဖြင့် စီးပွားရေးဖွဲ့စည်းမှုပုံစံ (Economic Structure) လို့လည်း ခေါ်ကြပါတယ်။ ဒီ AIS အချိုးပြောင်းလဲမှုကို သုံးသပ်ပြီး စီးပွားရေးကဏ္ဍများ၏ တိုးတက်ပြောင်းလဲမှုအခြေအနေကို ခန့်မှန်း နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ကတော့ စိုက်ပျိုးရေး၊ မွေးမြူ ရေးကို အဓိကအားထားဆောင်ရွက်ကြပြီး ထိုမှတစ်ဆင့် အခြားကဏ္ဍ များတိုးတက်ရေးကို ဆောင်ရွက်တာတွေ့ရပါတယ်။