Skip to main content
Mar 11, 2024
ဆောင်းပါး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၁-၃-၂၀၂၄ ရက်နေ့တွင် ၁၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် (၁/၂၀၁၀) ဖြင့် ပြဋ္ဌာန်းထားသော ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၃ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စတင်ဖွဲ့စည်းပေးခဲ့ပါသည်။
Mar 10, 2024
နိုင်ငံတစ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှု တိုးတက်မြင့်မားရေး၊ နည်းပညာများ လွှဲပြောင်းရယူနိုင်ရေး၊ နည်းပညာဆိုင်ရာအသိပညာများကို ထုတ်လုပ်သူများနှင့် အသုံးပြုသူများအကြား အပြန်အလှန်အကျိုးပြုနိုင်စေရေး၊ လူမှုစီးပွားဘဝ သက်သာချောင်ချိရေးနှင့် ညီညွတ်မျှတမှုရှိစေရေးတို့အတွက် မူပိုင်ခွင့်ဥပဒေများပြဋ္ဌာန်းခြင်းနှင့် အကာအကွယ်ပေးခြင်းတို့သည် အဓိကကျသော အချက်တစ်ခုအဖြစ် ပါဝင်နေပါသည်။
Mar 10, 2024
ပင်ရင်းမှအခွန်နုတ်ယူပေးသွင်းစေသည့်စနစ်သည် အခွန်ထမ်းပြည်သူများအတွက် မိမိပေးဆောင်ရမည့်အခွန်တာဝန်ကို အခွန်နုတ်ယူပေးသွင်းသူ (Tax Agent) က ကိုယ်စားဆောင်ရွက်ပေးခြင်းဖြစ်သဖြင့် အခွန်ပေးဆောင်ခြင်းလုပ်ငန်းစဉ်ကို လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း၊ အချိန်နှင့် လုပ်အားကုန်ကျမှုသက်သာစေခြင်း၊ အခွန်ပေး ဆောင်မှုအတွက် လိုက်နာဆောင်ရွက်မှုစရိတ်သက်သာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ အလားတူပင် အစိုးရတစ်ရပ် အနေဖြင့်လည်း အခွန်အခြေ (Tax Base) ကို ထိရောက်စွာချဲ့ထွင်နိုင်ခြင်း၊ အခွန်ထမ်းများ၏ အခွန်ဆိုင်ရာလိုက်နာဆောင်ရွက်မှုကို မြင့်မားစေခြင်း၊ အခွန်စီမံခန့်ခွဲမှုစရိတ်ကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ ထိုကဲ့သို့ အခွန်ထမ်းနှင့် အစိုးရနှစ်ဦးနှစ်ဖက်လုံး အကျိုးရှိစေခြင်းကြောင့် ပင်ရင်းမှအခွန်နုတ်ယူ ပေးသွင်းစေသည့်စနစ်ကို နိုင်ငံတကာ၌ တွင်ကျယ်စွာအသုံးပြုလေ့ ရှိကြပြီး အလားတူပင် မြန်မာနိုင်ငံ၌လည်း အသုံးပြုလျက်ရှိပါသည်။
Mar 10, 2024
မြန်မာ့ဆယ့်နှစ်လရာသီတွင် တပို့တွဲလကို အကြောင်းပြု၍ ပေါ်ပေါက်လာကြသည့် စာအလင်္ကာများအနက်- ဤထမနဲထိုး တေးထပ်သည် မှတ်ဖွယ်မှတ်ရာဖြစ်ပေသည်။
Mar 10, 2024
လူသားတိုင်းသည် ဘဝရပ်တည်ရေးအတွက် ပစ္စုပ္ပန်နှင့်အနာဂတ်ကို ရှေးရှု၍ အတိတ်ကိုလည်း သင်ခန်းစာယူကြရသည်။ လူသားတိုင်းသည် မည်သည့်အချိန်အခါ၊ မည်သည့်နေရာမရွေး အောင်မြင်မှုကို လိုချင်ကြပေသည်။ ဘဝလမ်းခရီး၌ အောင်မြင်ခြင်းရှိမှသာ လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ပြည့်ဝမည်ဖြစ်သည်။ အမြဲတမ်းကျရှုံးမှုကိုသာ ရင်ဆိုင်နေရပါလျှင် ထိုသူသည် စိတ်အာဟာရချို့တဲ့နေမည်သာဖြစ်သည်။
Mar 09, 2024
“မျှော်လင့်ချက်ဆိုတာ နိုးထနေတဲ့အိပ်မက်တစ်ခုပါပဲ” လို့ အရစ္စတိုတယ်က ပြောဖူးပါတယ်။ လူတိုင်းဟာ ဘဝမှာအောင်မြင်ဖို့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေရှိကြပါတယ်။ ဖြစ်ချင်တာတွေကို စိတ်ကူးယဉ် နေရုံနဲ့အိပ်မက်တွေဟာ လက်တွေ့ဖြစ်မလာပါဘူး။ လက်တွေ့ဘဝမှာ အိပ်မက်တွေနိုးထနေဖို့ဆိုရင် ကိုယ့်မျှော်လင့်ချက်တွေကို ရည်မှန်းချက်အဖြစ် ချမှတ်အကောင်အထည်ဖော်မှ လိုချင်တဲ့ရလဒ်တွေ ရရှိလာမှာပါ။
Mar 09, 2024
ပန်းစုံတောအလယ်မှာ ဂုဏ်ဝင့်ထည်နေသော ယွန်းပညာကောလိပ် (ပုဂံ)
ဤနေရာဤဒေသကို တစ်ခေါက်တစ်ခါမက ကျွန်တော်ရောက်ဖူးခဲ့သည်။ ရောက်တိုင်းလည်း စိတ်မှာကြည်နူး ချမ်းမြေ့မှုများ အနမတဂ္ဂ ခံစားခဲ့ရသည်။ ထို့ပြင်တစ်ဝ ဤနေရာတွင် တမာရနံ့ထနောင်းရနံ့များကို ရှူရှိုက်ရင်း သတိရ ခြင်း၊ လွမ်းဆွတ်တသခြင်း ဝေဒနာများကိုလည်း ထွေးပွေ့ခဲ့ရသည်။ (ကျွန်တော်၏ ချစ်၍လွမ်းခဲ့သည် စာအုပ်ထဲက အပိုင်းအစများ)
Mar 09, 2024
မြန်မာ့ဆယ့်နှစ်လရာသီတွင် တပို့တွဲလကို အကြောင်းပြု၍ ပေါ်ပေါက် လာကြသည့် စာအလင်္ကာများအနက်- ဤထမနဲထိုး တေးထပ်သည် မှတ်ဖွယ်မှတ်ရာ ဖြစ်ပေသည်။ ကုမ်ရာသီမာသ သဘာဝရွှင်စွာ၊ ထာဝရစဉ်လာ များသူငါခြိမ့်သဲ၊ ညာဇမ္ဗုသာဓုခေါ်အောင် ယာဂုတော်ကြိုဆောင်သည့်ပွဲ။ စားတော်ရ ဆန်ပေါက်ဝါ လေးပြည်သာထည့်မြဲ၊ ချိန်ပိဿာ လျှံကြည်ရွဲအောင်လို့ နှမ်းဆီလည်းထည့်ပြန်၊ မြေပဲဆန် အဋ္ဌသုညငယ်နှင့် ဒွတ္တိံသတိလဗီဇံ၊ အုန်းသီးစိတ် ကျပ်ဝီသံငယ်လောဏတံ ချိန်သတ်နှင့်၊ ချင်း(ဂျင်း) နုဖတ်သိင်္ဂီမျှင်ရွှေ သုံးကျပ်မသွေ၊ နည်း စဉ်ဆက် သမုဆွေငယ် ဥပဒေမော်ကွန်းပလေး…။ ။
Mar 08, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Mar 08, 2024
မြန်မာအဘိဓာန်တွင် ကျင့်ဝတ်ကို “လိုက်နာစောင့်ထိန်းအပ်သော ဝတ္တရား” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ “ကျင့်ဝတ်ဆိုသည်မှာ မိမိတို့ မည်သို့အသက်ရှင်နေထိုင်သင့်သည်၊ မည်သည့်အပြုအမူတို့ကို မှန်မှန်ကန်ကန် ‌‌ဆောင်ရွက်သင့်သည်တို့နှင့်စပ်လျဉ်းသည့် လူ့တန်ဖိုးသဘောတရားများကို နားလည်သဘောပေါက်သည်အထိ ကြိုးပမ်းခြင်းဖြစ်သည်”ဟု အတွေးအခေါ်ပညာရှင် နော်မန်က အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ လူ့ဘောင်လောကတွင် ရခဲလှသော လူအဖြစ်ကို ရရှိလာသူတိုင်း လူတစ်ဦးအနေဖြင့် လိုက်နာကျင့်ကြံပြုမူပြောဆို လုပ်ကိုင်ဆောင်ရွက်သင့်သည့် အရာအားလုံးသည် လူ့ကျင့်ဝတ်များပင်ဖြစ်သည်။ လူမှုပတ်ဝန်းကျင်တွင် တန်ဖိုးရှိသော လူတစ်ဦးဖြစ်စေရန် လူကျင့်ဝတ်များကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ ထိန်းသိမ်းထားရန် လိုအပ်သည်။