မတ် ၂၁ ရက်က နေပြည်တော်၌ ကျင်းပသော ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နီပေါဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူးမြော်ကြသည်။