ဒုတိယသမ္မတ ၂ သတင်း

Post date: 02/22/2020 - 19:50

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြပြီး ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သို့ ရောက်ရှိကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးညွန့်လွင်၊ ဒေါက်တာညီညီအောင်နှင့် ဦးစိုင်းစွံစိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

Post date: 02/21/2020 - 20:38

မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။

Post date: 02/20/2020 - 21:18

(၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော် ကြီး၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် နှုတ်ခွန်းဆက်အမှာ စကား ပြောကြားသည်။

Post date: 02/16/2020 - 17:34

ချင်းပြည်နယ် ထန်တလန်မြို့တွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ဦးကျော်မျိုးနှင့် ဦးမြင့်ကြိုင်၊ ပြည်နယ် ဝန်ကြီးများ၊  တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့နံနက်ပိုင်းက

Post date: 02/15/2020 - 17:56

မြန်မာနိုင်ငံခရီးသွားဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်လ်ချုပ် သန်းထွဋ်၊ ဦးကျော်မျိုးနှင့် ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများနှင့် အတူ ယမန်နေ့နံနက်ပိုင်းတွင် ထန်တလန်မြို့ သိကီးရ် ကျေးရွာ View Point သို့ရောက်ရှိပြီး သိကီးရ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆောင်ရွက် ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

Post date: 02/14/2020 - 19:26

မြန်မာနိုင်ငံ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်          ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးကျော်မျိုး၊ ဦးမြင့်ကြိုင် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြသည်။

Post date: 02/07/2020 - 14:24

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသား ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီ မိနစ် ၅၀ တွင် မော်တော် ယာဉ်များဖြင့် ခေတ္တတည်းခိုသည့် Lotte Hotel Seoul မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ UPF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Mr. Ek Nath Dhakal ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ကြသည်။

Post date: 02/06/2020 - 22:24

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့တွင် ကိုရီးယားစစ်သမိုင်းပြတိုက်အား ကြည့်ရှုလေ့လာပြီး ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံသည်။

Post date: 02/05/2020 - 21:32

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် Gyeongbokgung နန်းတော်၊ NamSan Seoul Tower ၊ Seoul Waterworks Authority နှင့် Waterworks Museum တို့သို့ သွားရောက်လေ့လာပြီး မြန်မာသံရုံးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

Post date: 02/04/2020 - 21:29

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်ရီဗန်ထီးယူ သည် ယနေ့တွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ (Peace , Security and Human Development World Summit 2020) ; Assembly  and International Summit Council for Peace  မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားပြီး Dr. Hak Ja Han Moon ၏ အတ္ထုပတ္တိမိတ်ဆက်ခြင်းနှင့် Mother Foundation ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်သည်။

Pages