အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်

လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်သည် အခြေခံ အကျဆုံး လူ့အခွင့်အရေးတစ်ခုဖြစ်ပြီး နိုင်ငံတကာ ဥပဒေ များနှင့် ကမ္ဘာပေါ်ရှိ အခြေခံရပိုင်ခွင့် ဥပဒေ Bill of Rights အားလုံးနီးပါးတွင် ထည့်သွင်း အာမခံချက်ပေး ထားသည်။ ထိုအခွင့်အရေးသည် လူသားဖွံ့ဖြိုးမှု၊ ဂုဏ် သိက္ခာ၊ တစ်ကိုယ်ရေဆန္ဒပြည့်ဝမှုနှင့် အမှန်တရားရှာဖွေ ဖော်ထုတ်မှုများ အားလုံးအတွက် အခြေခံဖြစ်ပြီး ဒီမို ကရေစီနှင့် အုပ်ချုပ်မှုစနစ်ကောင်းများ ဖြစ်လာစေရန် အတွက် တင်ကူးလိုအပ်ချက်လည်း ဖြစ်ပါသည်။ ပြိုင်ဆိုင် နေကြသော နိုင်ငံရေးပါတီများအကြား လွတ်လပ်သော အငြင်းအခုံများ ပြုလုပ်ခြင်း၊ အာဏာပိုင်များနှင့် ပတ်သက် သော မကျေနပ်ချက်များကို နိုင်ငံသားများ ထုတ်ဖော် ပြောကြားခြင်းနှင့် ဥပဒေနှင့် မူဝါဒအသစ်များကို လေ့လာ ဆန်းစစ် စောင့်ကြည့်ခြင်းစသော ကိစ္စရပ်များအားလုံး အတွက် လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်လိုအပ်သည်။ ထို့အပြင် လွတ်လပ်စွာပြောဆိုခွင့်ရှိခြင်းကြောင့် အစိုးရ၏ အရည်အသွေးမြင့်တက်စေသည်။ အာဏာပိုင်များ အရည် အချင်းပြည့်ဝပြီး ရိုးသားမှုရှိစေရန်၊ အစိုးရ၏ လုပ်ဆောင် ချက်များကို နိုင်ငံသားများငြင်းခုံဆွေးနွေးခြင်း၊ ဝေဖန်ကန့်ကွက်ခြင်းများ ပြုလုပ်နိုင်စေရန် အတွက် အာမခံပေးသော ကြောင့် ဖြစ်သည်။ သတင်းအချက် အလက်များနှင့် အတွေးအခေါ်များ လွတ်လပ်စွာ စီးဆင်းခြင်း မပြုနိုင်သောအခါ တွင် ဒီမိုကရေစီ၏တန်ဖိုးများ ခြိမ်းခြောက်ခံရမည်ဖြစ်သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၏ အရေးပါမှု အရေးပါကြောင်းကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အသိ အမှတ်ပြုရသည်။ မေလ ၃ ရက်နေ့တွင် ကျရောက်သော သတင်းလွတ်လပ်ခွင့်နေ့တွင် ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းနှင့် ယူနက်စကိုမှ ဦးဆောင်ညွှန်ကြား ရေးမှူး အီရီနာဗိုကိုဗာတို့ ပူးတွဲထုတ်ပြန်သော ကြေညာ ချက်သည် ဥပမာတစ်ခုဖြစ်သည်။

ယခုနှစ်မှာ ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ၂ဝ၁၅ ခုနှစ် တွင် ကုန်ဆုံးမည့်ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ နှင့် ဆက်စပ်ပြီး ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးရေးအတွက် ရေရှည်အစီအစဉ်များချမှတ်ရန် အခွင့်ကောင်းကို ရရှိချိန် ဖြစ်သည်။ ထိုအခွင့်အလမ်းမှာ မျိုးဆက်တစ်ဆက်အတွင်းတစ်ကြိမ်သာရမည့် အခွင့်အလမ်းလည်းဖြစ် သည်။ ထိုအစီ အစဉ်များကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာပေါ်ရှိလူအားလုံးသည် လွတ်လပ်စွာတွေးခေါ် ယူဆ ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့် တည်းဟူသော အခြေခံရပိုင်ခွင့်များ ကို ရရှိဖို့လိုအပ်သည်။ ထိုရပိုင်ခွင့်များမှာ ဒီမိုကရေစီ၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးရေးတို့ အတွက်လည်း အခြေခံကျသည်။ ယင်းအချက် များသည် လူသားဂုဏ်သိက္ခာ၊ လူမှုတိုးတက်မှုနှင့် လူတိုင်း အကျုံးဝင်သော ဖွံ့ဖြိုးရေးတို့အတွက် မရှိမဖြစ်အရေးပါသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို နိုင်ငံတကာနှင့် ဒေသဆိုင်ရာလူ့အခွင့်အရေး သဘောတူစာချုပ်များ အားလုံး တွင် အသိအမှတ်ပြု ထည့်သွင်းထားသည်။ အထင်ရှားဆုံးမှာ ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက တစ်ညီတစ်ညွတ်တည်းသဘောတူပြီး ထုတ်ပြန်ကြေညာခဲ့ သော နိုင်ငံတကာလူ့အခွင့် အရေး ကြေညာစာတမ်း UDHR ပင်ဖြစ်သည်။ UDHR သည်လက်မှတ်ရေးထိုးသော နိုင်ငံများ အတွက် မဖြစ်မနေလိုက်နာဆောင်ရွက်ရန် ဥပဒေအရတာဝန် ရှိမနေသော စာချုပ်တစ်ခုဖြစ်သော် လည်း ထိုကြေညာချက်တွင် အပိုဒ် ၁၉ တွင် ထည့်သွင်းဖော်ပြထားသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် သည် မဖြစ်မနေလိုက်နာဆောင်ရွက် ရမည့် နိုင်ငံတကာထုံးတမ်း ဥပဒေတစ်ခုအဖြစ် ကျယ်ကျယ် ပြန့်ပြန့် လက်ခံထားကြသည်။ အပိုဒ် ၁၉ မှာအောက်ပါအတိုင်း ဖြစ်သည်။

လူတိုင်းသည် လွတ်လပ်စွာတွေးခေါ်ခွင့်နှင့် ထုတ်ဖော် ပြောကြားခွင့်ရှိသည်။ ထိုရပိုင်ခွင့်တွင် အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ လွတ်လပ်စွာတွေးခေါ် ယုံကြည်နိုင်ခွင့်နှင့် သတင်းအချက်အလက်နှင့် စိတ်ကူးစိတ်သန်း များကိုမည်သည့် မီဒီယာများတွင်မဆို နယ်နိမိတ်အကန့်အသတ်များမရှိဘဲ လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံရရှိခွင့် နှင့် လွှဲပြောင်းခွင့်များ ရှိရမည်။

အလားတူပြဋ္ဌာန်းချက်များကို အရပ်သားနှင့်နိုင်ငံရေးရပိုင်ခွင့်များဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် Inter-national Covenant on Civil and Political Rights ၏ အပိုဒ် ၁၉ တွင်လည်း တွေ့နိုင်သည်။ ထိုသဘောတူ စာချုပ် ကိုလက်ရှိအချိန် ၂ဝ၁၄ ဧပြီလ အထိ နိုင်ငံပေါင်း ၁၆၈ နိုင်ငံက သဘောတူ လက်မှတ်ရေးထိုး ထားပြီးဖြစ်သည်။

၁။ လူတိုင်းသည် လွတ်လပ်စွာတွေးခေါ်ခွင့်ရှိရမည်။

၂။ လူတိုင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့် ရှိသည်။ ထိုရပိုင်ခွင့်တွင် သတင်းအချက်အလက်နှင့် စိတ်ကူး စိတ်သန်းများကိုမည်သည့် မီဒီယာများတွင်မဆို နယ်နိမိတ် အကန့်အသတ်များမရှိဘဲ လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံရ ရှိခွင့်နှင့် လွှဲပြောင်းခွင့်များရှိရမည်။ ထိုသို့ဆောင်ရွက်ရာတွင် နုတ်ပြောစကားဖြင့်ဖြစ်စေ၊ အရေးအသားပုံနှိပ်မှုနှင့် အခြား သော အနုပညာပုံစံတစ်မျိုးမျိုး သို့မဟုတ် ကြားခံမီဒီယာ တစ်မျိုးမျိုးတို့ကို စိတ်ကြိုက်ရွေးချယ်ပြီး အသုံးပြုနိုင်သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဒေသဆိုင်ရာ သဘောတူစာချုပ်များတွင်လည်း ထည့်သွင်းထားသည်။ ဥပမာ အားဖြင့် လူသားနှင့်နိုင်ငံသားအခွင့်အရေးဆိုင်ရာ အာဖရိ ကန်ချာတာ၊ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် ကွန်ဗင်း ရှင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥရောပကွန်ဗင်းရှင်းတို့ဖြစ် ကြသည်။

လွတ်လပ်စွာထုတ်ဖော်ပြောကြားမှုနှင့် နည်းပညာအရ ကွာခြားမှုတချို့ရှိနေသော်လည်း ပုဒ်မ ၁၉ တွင် လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့်ကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားသည်။ အရေးကြီးသော ကွဲပြားချက်မှာ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်တွင် အကန့်အသတ်များ ရှိနိုင်သော်လည်း လွတ်လပ် စွာတွေးခေါ် ယုံကြည်ခွင့် မှာမူ အကြွင်းကင်းမဲ့ဖြစ်သည်။ နိုင်ငံတော် အနေနှင့် လွတ်လပ်စွာတွေးခေါ်ခွင့်ကို ဥပဒေကြောင်း အရ တရားဝင် ကန့်သတ်ခွင့် လုံးဝမရှိပါ။

လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်သည် ကျယ်ပြန့်ပြီး သက်ရောက်မှု မျက်နှာစာများစွာရှိသည်။ ပထမအချက် အနေဖြင့် လူ့အခွင့်အရေးစံတစ်ခုအနေနှင့်လည်းကောင်း၊ ပုဒ်မ ၁၉ တွင် ရှင်းလင်းစွာ ဖော်ပြထားသကဲ့သို့ လည်းကောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်သည် လူတိုင်းလူတိုင်းနှင့် သက်ဆိုင် သည်။ လူတစ်ဦး၏ လူမျိုး၊ အသားအရောင်၊ နိုင်ငံသားဖြစ်မှု၊ လိင်ရွေးချယ်မှု၊ ဘာသာစကား၊ လူမှုနောက်ခံ နှင့် ပိုင်ဆိုင်မှုတို့ အပါအဝင် အခြားမည်သည့်အကြောင်း များကြောင့်မှ ခွဲခြားကန့်သတ်မှုမပြုရပါ။

ဒုတိယအချက်မှာ ယင်းလွတ်လပ်ခွင့်တွင် သတင်းအချက် အလက်နှင့် စိတ်ကူးစိတ်သန်းအမျိုးအစားများ အားလုံးကို လွတ်လပ်စွာဖလှယ်ဆက်သွယ်ခွင့်ပင်ဖြစ်သည်။ လူတစ်ဦး ချင်းစီအနေဖြင့် ထုတ်ဖော်ပြောကြား ခွင့်တွင် အများလက်ခံ နိုင်၍ လေးစားမှုခံရနိုင်သော စကားများအပြင် အငြင်းပွား ဖွယ်ဖြစ်ပြီး ရုန့်ရင်းကြမ်း တမ်းသော စကားများပါ ပါဝင်သည်။ အမှန်စင်စစ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၏ အခြေခံအနှစ်သာ ရတစ်ခုမှာ လူကြိုက်မများနိုင်သော ထုတ် ဖော်ပြောကြားမှုများကို လွတ်လပ်စွာလုပ်နိုင်ရန် ကာကွယ်ပေး ခြင်းပင်ဖြစ်သည်။ ထိုအချက်ကို ဟန်ဒီဆိုက်နှင့် ဗြိတိန်နိုင်ငံ အကြားဖြစ်ပွားသည့်အမှုတွင် ဥရောပလူ့အခွင့် အရေးဆိုင်ရာ တရားရုံး၏ဆုံးဖြတ်ချက်ကိုကြည့်၍ သိနိုင်သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်သည် လက်ခံ နားထောင်သူတို့ကြိုက်နှစ်သက်သည့် သတင်းနှင့် စိတ်ကူး စိတ်သန်းများနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ နိုင်ငံတော်ကို သို့မဟုတ် လူထုအတွင်းမှ အစိတ်အပိုင်းတစ်ခုကို စော်ကား သည့်သဘော သက်ရောက်သော၊ ချောက်ချားစေသော၊ စိတ် အနှောင့်အယှက်ဖြစ်စေသော ထုတ်ဖော်ပြောကြားခွင့်များလည်း ပါဝင်သည်။ ထိုရပိုင်ခွင့်များသည် ဗဟုဝါဒ၊ မတူကွဲပြား မှုများကို သည်းခံနိုင်ခြင်းနှင့် စိတ်သဘောထားကြီးခြင်းတို့ အတွက်လိုအပ်ချက်များဖြစ်ပြီး ယင်းတို့မရှိပါက ဒီမိုကရက် တစ် လူ့အဖွဲ့အစည်းဆိုသည်မှာလည်း ရှိနိုင်မည်မဟုတ်ပါ။ တတိယအချက်မှာ လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်သည် မည်သည့်ကြားခံ မီဒီယာကိုသုံးသည် ဆိုသည့်အချက် နှင့်သီးခြားကင်းလွတ်ခြင်းဖြစ်သည်။ ယင်းတို့အထဲတွင် ရုပ်သံ လွှင့်ခြင်း၊ သတင်းစာ၊ အင်တာနက်၊ လူထုဆွေးနွေးမှု၊ ပညာရပ် ဆိုင်ရာ သုတေသနနှင့် စကားပြောဆက်သွယ်ခြင်းများလည်း အပါအဝင်ဖြစ်သည်။

စတုတ္ထအချက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်တွင် မိမိဘက်မှ သတင်းအချက်အလက်နှင့် စိတ်ကူး စိတ်သန်းများကို ထုတ်ဖော်ဆက်သွယ်ခြင်း(လွတ်လပ်စွာပြောဆိုခြင်း)သာမက အခြားသူများထံမှ သတင်းအချက် အလက်များကို ရှာဖွေခွင့်နှင့်လက်ခံရရှိခွင့်များလည်း ပါဝင်သည်။ တစ်နည်း အားဖြင့်ဆိုရလျှင် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်တွင် လူတစ်ဦးချင်းစီအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ စုပေါင်း အသိဉာဏ် အတွင်း ပေါင်းထည့်ဖြည့်ဆည်းခွင့်ရ သည့်အပြင် အကျယ်အပြန့်တည်ရှိနေသော သတင်းအချက် အလက်များ၊ အတွေးအခေါ်များကို လက်ခံသိရှိခွင့်လည်း အကျုံးဝင်သည်။ ယင်းအချက်သည် အသက်တမျှ အရေးပါပြီး မီဒီယာဗဟုဝါဒ (မီဒီယာပေါင်းစုံထွန်းကားခြင်း)နှင့် အစိုးရ သတင်းအချက်အလက် များကို တောင်းခံပိုင်ခွင့် စသည်တို့၏အခြေခံ ဖြစ်ပါသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ဆိုင်သော ပဉ္စမ အချက်မှာ နိုင်ငံတော်သည် ထိုလွတ်လပ်ခွင့်နှင့် ပတ်သက် ပြီး စောင့်ထိန်းရမည့်တာဝန် (Negative) နှင့် ဖြည့်ဆည်းရမည့် တာဝန် (Positive) ဟူ၍ နှစ်မျိုးစလုံး ရှိနေခြင်းပင်ဖြစ်သည်။

စောင့်ထိန်းရမည့်အပိုင်းတွင် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အရသတင်း အချက်များနှင့် အတွေးအခေါ်များကို လွတ်လပ်စွာရှာဖွေခြင်း၊ လက်ခံရရှိခြင်းနှင့် ဖလှယ်ဆက်သွယ် ခြင်းတို့တွင် နိုင်ငံတော် အနေနှင့် တစ်စုံတစ်ရာ နှောင့်ယှက် ဟန့်တားခြင်း မပြုမိအောင် စောင့်ထိန်းရမည့် တာဝန်ရှိသည်။ အကယ်၍ မဖြစ်မနေ ဟန့်တားမှု တစ်စုံတစ်ရာပြုလုပ်လိုပါ ကလည်း နိုင်ငံတကာဥပဒေများမှ ခွင့်ပြုထားသည့် အကန့် အသတ်အတွင်းမှသာ ဆောင်ရွက်ရမည် ဖြစ်သည်။ ဖြည့် ဆည်းရမည့်အပိုင်းတွင် လူ့အဖွဲ့အစည်းအတွင်း သတင်း အချက်အလက်နှင့် အတွေးအခေါ်များ လွတ်လပ်စွာ စီးဆင်း ခြင်းကို အားပေးသော ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့လို သည်။ ဥပမာအားဖြင့် အစိုးရနှင့်အများ ပြည်သူဆိုင်ရာ သတင်းအချက်အလက်များကို လွတ်လပ်စွာ တောင်းခံရရှိ ခွင့်ပေးသော ဥပဒေများ ပြဋ္ဌာန်းပေးခြင်း၊ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းသော မီဒီယာများ ထွန်းကားရေး အတွက် လိုအပ်သော ဝန်းကျင်ကို ဖန်တီးပေးခြင်းစသည်တို့ ပါဝင် သည်။

နံပါတ်ခြောက်အနေနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်ကို နယ်စည်းကလနား သတ်မှတ်ခြင်းမပြုရပါ။ ဆိုလို သည်မှာ နိုင်ငံရပ်ခြားတိုင်းပြည်များမှ သတင်းအချက်အလက် များကို အသံလွှင့်ဌာနများ၊ သတင်းစာများ၊ အင်တာနက် အပါအဝင်နိုင်ငံရပ်ခြားမှ တစ်စုံတစ်ဦးနှင့်ပြောဆိုဆက်သွယ် ခြင်းစသော နည်းလမ်းအားလုံးဖြင့် လက်ခံရရှိခွင့်ရှိခြင်း ဖြစ်သည်။

သို့ရာတွင် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်သည် လွတ်လပ်စွာတွေးခေါ် ယုံကြည်ခွင့်ကဲ့သို့ အၾ<ြကင်းမဲ့ လွတ် လပ်ခွင့်မဟုတ်ပေ။ ယေဘုယျအားဖြင့် လက်ခံထားသည်မှာ အချို့သော ပုဂ္ဂလိကအကျိုးစီးပွား၊ အများပြည်သူအကျိုး စီးပွားများနှင့် ယှဉ်လာလျှင်လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်အပေါ် ကန့်သတ်မှုများ ပြုလုပ်နိုင်သည်။ နိုင်ငံတကာ ဥပဒေများက ထိုသို့ကန့်သတ်မှုကို တရားဝင်ခွင့်မပြုမီ အဆင့်သုံးဆင့်ပါဝင်သော တင်းကျပ်သည့် ကြောင်းကျိုး စစ်ဆေးမှုကို ဖြတ်သန်းဖို့လိုကြောင်း သတ်မှတ်ပြဋ္ဌာန်းထား သည်။ (မှတ်စု-၂ ကိုကြည့်ပါ)

နိုင်ငံအများစုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောကြား ခွင့်ကို အသိအမှတ်ပြု လက်ခံကြပြီး နိုင်ငံတော်အနေ ဖြင့် ပြည်သူလူထုအတွင်း သတင်းအချက်အလက်နှင့် အတွေးအခေါ်များ လွတ်လွတ်လပ်လပ်ဖလှယ်ခြင်းကို အားပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလေ့ရှိသည်။ သို့ရာတွင် နိုင်ငံတိုင်းလိုလိုမှာပင် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ဆန့်ကျင်သောဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ရှိနေတတ်သည်။ မထုတ်ဝေမီ ကြိုတင်ဆင်ဆာတင်ရသော စနစ်မှ တားမြစ်ကန့်သတ်ထားသော အကြောင်းအရာများကို ဖြန့်ဝေပါ က ပြင်းထန်သော ရာဇဝတ်ပြစ်ဒဏ်များ ချမှတ်ခြင်းထိ စသည်တို့ သည် အစိုးရအနေနှင့် မီဒီယာများ၊ ပြည်သူများနှင့် လူတစ်ဦးချင်းစီအပေါ် အပြည့်အဝထိန်းချုပ်ခွင့်ရှိနေစေပြီး လွတ်လပ်စွာသတင်းရယူခွင့်ကို တားမြစ်ဖယ်ရှားခြင်းနှင့် အကြောင်းအရာများကို လွတ်လပ်စွာဖော်ပြခွင့် မရှိ အောင်တားမြစ်ခြင်းတို့ကို ဆောင်ရွက်နိုင်အောင် ဖန်တီး ပေးသည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် သူတို့၏ဥပဒေ အကြောင်းဆိုင်ရာများနှင့်္ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်သည့် အလေ့အထများကို ပြန်လည် သုံးသပ်ပြီး လူ့အခွင့်အရေးဆိုင် ရာ နိုင်ငံတကာဥပဒေများနှင့် မိမိတို့၏ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံ ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲခြင်း မရှိစေအောင် ပြင်ဆင်ဆောင်ရွက်ဖို့ လိုသည်။ အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းစေ နိုင်ငံများတွင် လူ့အခွင့်အရေးစံနှုန်းများအရ တရားမဝင် သော တားမြစ် ကန့်သတ်သည့် ဥပဒေများရှိနေတတ်ပြီး ယင်းတို့သည် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးကို ကြီးစွာအနှောင့် အယှက်အဟန့် အတားဖြစ်စေသည်။

မှတ်ချက်။ ။ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကျင့်သုံးရာ၌ လိုက်နာရမည့် စံနှုန်းများ၊ ကျင့်ဝတ်များ၊ တာဝန်ဝတ္တရားများကို သိရှိနိုင်ရန်အတွက် ဥပဒေနှင့် ဒီမိုကရေစီဗဟိုဌာန (Centre for Law and Democracy) နှင့် နိုင်ငံတကာမီဒီယာထောက်ပံ့ကူညီရေးအဖွဲ့ (International Media Support-IMS) တို့မှ ပြုစုထုတ်ဝေ သည့် ''အခြေခံလူ့အခွင့်အရေးတစ်ခု ဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်'' (လမ်းညွှန် မှတ်စုအတွဲများ)၊ Briefing Note Series ]]Freedom of Expression''စာအုပ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖော်ပြသွားမည်ဖြစ်ပါသည်။ ဆောင်းပါးပါ မြန်မာဘာသာပြန်ဆိုချက်များနှင့် အသုံးအနှုန်းများမှာ မူရင်းဘာသာ ပြန်ဆိုသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အာဘော်သာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။