Skip to main content

ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု ကြည်ညို လျက်ရှိ၊ ဈေးများ၊ ဆေးရုံများနှင့် ယာဉ်လိုင်းများ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြေးဆွဲ

နေပြည်တော် ဧပြီ ၁၄
ဗုဒ္ဓဘာသာဘုရားစေတီများအပါအဝင် သက်ဆိုင်ရာ  ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားရာ ယနေ့တွင် ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ( ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်မိဘပြည်သူများက ဖူးမြော်ကြည်ညိုကုသိုလ်ယူလျက်ရှိကြသည်။
လာရောက်ဝတ်ပြုလျက်ရှိ အလားတူသက်ဆိုင်ရာဘာသာရေးကျောင်းများ တွင်လည်း ဘာသာဝင်များက စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုလျက်ရှိကြကြောင်း သိရှိရ သည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအဝင် အခြားမြို့ကြီးများတွင်လည်း တည်ငြိမ်အေးချမ်းစွာဖြင့် ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိပြီး ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ် ပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။ ၎င်းအပြင် သင်္ကြန်ကာလအတွင်း နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ လှေခွင်း တောင်အပန်းဖြေစခန်း၊ ပျဉ်းမနားမြို့နယ်ရှိ အဝေရာဆည်၊ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီကမ်းခြေ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာ ကမ်းခြေနှင့် ငွေဆောင်ကမ်းခြေ အပါအဝင် အခြား အပန်းဖြေနေရာများကိုလည်း ပြည်သူများ အပန်းဖြေ အနားယူနိုင်ရန်အတွက် စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်များကိုလည်း ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပေးလျက်ရှိရာ လာရောက်အပန်းဖြေအနားယူနေသော ပြည်သူများ ဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်