Skip to main content

လမ်းများပိတ်ဆို့ထားခြင်းနှင့် အစိုးရဆန့်ကျင်စာသားများ ဆက်လက်ရှင်းလင်းဆောင်ရွက်

ရန်ကုန် ဧပြီ ၁၄
ရန်ကုန်မြို့အတွင်း တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက် ဖျက်ဆီးလိုသူများက အများ ပြည်သူသွား လမ်းများပေါ်တွင် လမ်းပိတ် အတားအဆီးများ ပြုလုပ်ထားခြင်းအား ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင် ရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် စည်ပင်သာယာ ဝန်ထမ်းများက ယန္တရားများ၊ မြေသယ် ယာဉ်များ အသုံးပြုကာ ဖယ်ရှား ရှင်းလင်းခြင်းနှင့် အစိုးရ ဆန့်ကျင် စာသားများကိုဆေးဖြင့် ရေးဆွဲ ထားခြင်း၊ နံရံများ၊ တံတိုင်းများ တွင် ကပ်ထားခြင်းအား စည်ပင် သာယာဝန်ထမ်းများက ဖျက်သိမ်း ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ရှင်းလင်းရာတွင် မရမ်း ကုန်းမြို့နယ် (၂)ရပ်ကွက် ဦးဘဟန် လမ်းသွယ် ခိုင်ရွှေဝါလမ်း၊ ရွှေဝါခိုင်လမ်း၊ ဦးရေခဲလမ်း၊ဘောဂသိဒ္ဓိလမ်း၊ ဒေါ်လှပန်းလမ်း၊ ဦးဘအိုးကွင်း ပိုင်လမ်း နှင့် ဒေးဗစ်ရွှေနုလမ်း၊ ကမာရွတ်မြို့နယ် လှည်းတန်း(၆)လမ်း၊ ပတ္တမြား လမ်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ သံပန်းတံခါးများ နှင့် သဲအိတ်များအား ဖယ်ရှား ရှင်းလင်းခဲ့ကြောင်းနှင့် ကမာရွတ် မြို့နယ် လှည်းတန်းလမ်း  ကျောင်းရှေ့မှတ်တိုင်နှင့် အထက (၅)ကျောင်းရှေ့၊ မင်္ဂလာတောင် ညွန့်မြို့ နယ် ကန်တော်ကလေး အနောက်ရပ်ကွက် (၈၈)လမ်း၊ ကန်ရိပ်သာလမ်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း )မြို့နယ် ကားမှတ် တိုင်များတွင် ရေးသားထားသည့် အစိုးရဆန့်ကျင် စာသားများအား ဖျက်သိမ်း ရှင်းလင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်