အမြို့မြို့အနယ်နယ်သတင်းများ

Feb 14,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ်ရဲတပ်ဖွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝက၊ မြိုနယ်ရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာနတို့ ပါဝင်သည့် ပူး‌ပေါင်းအဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီမှစ၍ မိုင်းရယ်မြို့ အဝင်ဂိတ်တွင် တရားမဝင်ကုန်စည်စီးဆင်းမှု မရှိစေရေးအတွက် မော်တော်ယာဉ်များကို စစ်ဆေးခဲ့သည်။
Feb 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
Feb 14,2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုသောအားဖြင့် ဝါးဘလောက်သောက်တိုက်နယ်(အရှေ့ခြမ်း) ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း‌ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဝါးဘ‌လောက်သောက်ကျေးရွာ ဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စျေးရောင်းသူဝယ် သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးရေးနှင့် မီးလောင်မှုမီးလန့်မှု ဖြစ်ပွားပါက လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါမြို့မစျေးအတွင်းနှင့် စျေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 14,2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ ပြခန်းများ၊ MSME ထုတ်ကုန်အရောင်းဆိုင်များတွင် ကျောင်းသား၊ ကျောင်သူများနှင့် လာရောက်လေ့လာကြည့်ရှုသူ ပြည်သူများဖြင့် စည်ကားခဲ့သည်။
Feb 14,2026
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အမျိုးသားဆံသသင်တန်း (အခမဲ့) ဆင်းပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇခန်းမ၌ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
Feb 14,2026
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စုများအား မိုးမကျမီ အမိုးအကာဖြင့် ရေ၊ မီးပြည့်စုံစွာနေထိုင်နိုင်ရေး မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် (၉)နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Feb 14,2026
ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံခြံစိုက်ခင်း (၁၅)ဧကတွင် စိုက်ပျိုးထားရှိသည့် ရုရှားနိုင်ငံမှ နေကြာမျိုးများဖြစ်သည့် MAKHAON/ VULKAN နှင့် IPPOLIT မျိုးများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။