မြစ်ကြီးနား ဖောဖော်ဝါရီ ၁၅
(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သယံဇာတရေးရာဝန်ကြီးဖလား အလွတ်တန်း (အမျိုးသမီး) ဖူဆယ်ဖိတ်ခေါ်ဖလားဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃ နာရီကကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ဗိုလ်လုပွဲစဉ်အဖြစ် RED–6 အသင်းနှင့် Chit Min Khant အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် Chit Min Khant အသင်းက အနိုင်ရရှိဗိုလ်ဆွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြည်နယ်အဆင့်တာဝန်ရှိသူများက ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ကူညီပေးခဲ့သည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးအားကစားသမားများအား ငွေသားဆုများနှင့် ဂုဏ်ပြုဆုတံဆိပ်များကိုလည်းကောင်း၊ တတိယဆုနှင့် ဒုတိယဆုရရှိ သောအသင်းများအား တစ်ဦးချင်းလည်ဆွဲ၊ ငွေသားဆုများနှင့် ဂုဏ်ပြုဆုတံဆိပ်များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးက ပထမရရှိသော Chit Min Khant အသင်းအား တစ်ဦးချင်းလည်ဆွဲ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဖလားအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)