အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ဒေသခံပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးအသက်မွေးဝမ်းကြောင်းဆိုင်ရာ ကြိမ်၊ ဝါး၊ သင် လက်မှုပစ္စည်း ထုတ်ကုန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် (ဓမ္မာရုံ) ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Feb 16,2026
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
Feb 16,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Feb 16,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဈေးဆိုင်များ၌ ယ​နေ့ နံနက်ပိုင်းအချိန်က အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကြီးကြပ်​ဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။
Feb 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊‌ ကော့မှူးမြို့နယ် မွေးမြူရေးဇုန် အုပ်ချုပ်မှုရှင်းလင်းဆောင်ခန်းမ၌ ယမန်နေ့နံနက်က တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့‌ကြောင်း သိရသည်။
Feb 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ရဲတပ်ဖွဲ့သုံး လက်နက်များ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်(၉)နာရီက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 16,2026
တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇီဝလုံခြုံမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က အဆိုပါဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။