Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့၌ စားအုန်းဆီ ၁၀၁၂ ပိဿာအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျက်ရှိ
Feb 17,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ စားသုံးဆီ ဝယ်ယူသုံးစွဲရာ၌ အထောက်အပံ့ရရှိစေရန်အတွက် စားအုန်းဆီတင်သွင်းသော သတ်မှတ်အရည်အသွေးပြည့်ဝသည့် Resources Group Trading Co,Ltd မှ စားအုန်းဆီများကိုဝယ်ပြီး အိမ်ထောင်စုတစ်စုလျင် ဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်ပေး၍ တစ်ကြိမ်ရောင်းချပေးပါက ၂ ပိဿာနှုန်းဖြင့် အပတ်စဉ် ပြည်သူများအား အလှည့်ကျရောင်းချပေးလျက်ရှိကြောင်း သိရှိရပြီး ယမန်နေ့က စားအုန်းဆီ ၁၁၁၂ ပိဿာအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်သင်ကြားပေးမည်ဖြစ်
Feb 17,2026
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသားကျောင်းသူများ နွေရာသီကာလ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျကျရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင် တန်းကို မတ်လ ၁ ရက်နေ့မှစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ထန်းလျက်ချက်လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေ
Feb 17,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် သဲကုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် တစ်နိုင်တစ်ပိုင် ထန်းလျက်ချက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ (၃၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပြန့်ပွားရေး စာမေးပွဲကျင်းပ
Feb 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပရိယတ္တိပြန့်ပွားရေးအဖွဲ့ အနေဖြင့် သာသနာတော်၏ မူလဘူတဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားစေရန်ရည်ရွယ်၍ ပါဠိပထမပြန်စာမေးပွဲ၏ အထောက်အကူဖြစ်သော ပရိယတ္တိပြန့်ပွားရေးစာမေး၌ပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ (၃၄) ကြိမ်မြောက် စာမေးပွဲကို မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ၊ မဆယ်ဆိပ်ကျေးရွာ၊ မှော်တောကျေးရွာ၊ ဝါးသင်္ခ ကျေးရွာများရှိ စားအုန်းဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေး
Feb 17,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့မှ စားအုန်းဆီအရောင်းဆိုင်များက ပြည်သူများသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိကို ယမန်နေ့နံနက်က တာဝန်ရှိသူများက လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဇမ္ဗူသီရိမြို့နယ်၌ သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များ ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ…
Feb 17,2026
ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ကကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက် စာအောင်သံဃာတော်များ ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပူဇာ်ပွဲအခမ်းအနားကို သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသမထေရ်မြတ်၏ သက်တော် ၈၇ နှစ်ပြည့် မွေးနေ့ကုသိုလ်တော် မင်္ဂလာအခမ်းအနား ကျင်…
Feb 17,2026
နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု သက်တော်ရှည် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသမထေရ်မြတ်၏ သက်တော် ၈၇ နှစ်ပြည့် မွေးနေ့ကုသိုလ်တော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရွာမပရိယတ္တိစာသင်တိုက်ရှိ စိန်ရတုသာသနာဝင် လေးထပ်ကျောင်းဆောင်တော်ကြီး(အောက်ထပ်)တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာသနမာမကသာသနာလင်္ကာရအသင်းကကျင်းပသော ဒဿမအကြိမ်မြောက် သာမဏေကျော်စာမေးပွဲ ဘွဲ့လက်မှတ်နှင့်စာအောင်လက်မှတ် ဆက်ကပ်ချီးမြှင့်
Feb 17,2026
သာသနမာမက သာသနာလင်္ကာရအသင်းက ကြီးမှူးကျင်းပပြုလုပ်သော ဒဿမအကြိမ်မြောက် ကရင်ပြည်နယ်ကိုယ်စားပြု မြန်မာနိုင်ငံလုံးဆိုင်ရာသာမဏေကျော်စာမေးပွဲကြီး ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက် နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
38
Page
39
Page
40
Page
41
Current page
42
Page
43
Page
44
Page
45
Page
46
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department