(ရန်ကုန်) ဖေဖော်ဝါရီ ၁၆
တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇီဝလုံခြုံမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က အဆိုပါဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ထန်းတပင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်ဦးက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာအကြောင်းအရာများနှင့် ဇီဝလုံခြုံမှုဆိုင်ရာလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ကြသည့် တောင်သူများက သိရှိလိုသည် များကိုမေးမြန်းဆွေးနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်ဦး ကပြန်လည်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာကြသည် မွေးမြူရေး လုပ်ငန်း ဆောင်ရွက်ကြသည့် ဒေသခံ တောင်သူများကို အသိပညာပေးလက်ကမ်းစာစောင်များနှင့် မွေးမြူရေးလုပ်ငန်းသုံးခြံ ဖျန်းဆေးများအားဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)