ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ညနေပိုင်းက အောင်ဆန်းသူရိယလှသောင်း အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ဗိုလ်လုပွဲယှဉ်ပြိုင်မည့်အသင်းများဖြစ်ကြသော ပညာရေးအသင်းနှင့် မြို့မတိုက်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ မြို့မတိုက်နယ်အသင်းမှ (၄)ဂိုး၊ ပညာရေးအသင်းက (၂)ဂိုးရရှိသဖြင့် မြို့မတိုက်နယ်ဘောလုံးအသင်းမှ တံခွန်စိုက်ဖလား ပထမဆုရရှိခဲ့ပြီး ပညာရေးအသင်းက ဒုတိယ၊ တောကြီးတန်းတိုက်နယ်အသင်းက တတိယရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆုများချီးမြှင့်ရာ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးဘောလုံးသမားဆုနှင့် ပထမဆုရရှိသော မြို့မတိုက်နယ်ဘောလုံအသင်းအား ဆုချီးမြှင့်ငွေ(၅)သိန်းနှင့်ဆုဖလား၊ ဒုတိယဆုရရှိသော ပညာရေးအသင်းအသင်းအား ဆုချီးမြှင့်ငွေ(၃)သိန်းနှင့် တတိယဆုရရှိသော တောကြီးတန်းတိုက်နယ် ဘောလုံးအသင်းအား ဆုချီးမြှင့်ငွေ (၂)သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဆုများအား တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးထွန်းဝင်းနိုင်၊ ကွမ်းခြံကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဆွေနွယ် (ပြန်/ဆက်)