မိုင်းတုံ၌ အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကြီးကြပ်ဆောင်ရွက်

မိုင်းတုံ၊ ဖေဖော်ဝါရီ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဈေးဆိုင်များ၌ ယ​နေ့ နံနက်ပိုင်းအချိန်က အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကြီးကြပ်​ဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြီးကြပ်​ဆောင်ရွက်‌ရာတွင် မိုင်းတုံမြို့ နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးလွင်မိုး၊  မြို့နယ်ရဲမှူး မြင့်အောင်၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်၊ မြို့နယ်စိုက်ပျိုး‌ရေးနှင့် မြို့နယ်ပြန်/ဆက်တို့ ပူးပေါင်း၍ မြို့ပေါ်ရှိဈေးဆိုင်များသို့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်၍ အခြေခံစားသုံးသူ​များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ အခြေခံစားသောက် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကြီးကြပ်‌ဆောင်ရွက်ခြင်း၊ ​ရောင်းချ​သော စျေးသည်များအ‌နေဖြင့် သင့်‌လျော်သော‌ ဈေးနှုန်းဖြင့်သာ ရောင်းချပေးစေလိုခြင်း၊ အမြတ်ကြီးတင်၍ မိမိတစ်ဖက်တည်း ကြည့်ပြီး မ‌ရောင်းချပဲ နှစ်ဦးနှစ်ဖက် မျှတသည့်အမြင်ဖြင့်‌ ရောင်းချပေးသွားရန်‌ ဈေးဆိုင်တိုင်းကို ကြီးကြပ်မှာကြားပြီး နွေရာသီစတော့မည်ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကိုလည်း သတိထားကြရန်နှင့် မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင် ဆင်ထားကြရန် မှာကြားခဲ့​ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)