အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်‌ကောင်းမြို့ ဂေါ်ရန်ဂျီကျွန်းကမ်းခြေသို့ အစိုးရရုံးပိတ်ရက်ကာလဖြစ်သော ဖေဖော်ဝါရီ (၁၂) ပြည်ထောင်စုနေ့မှစတင်ကာ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရသည်။
Feb 16,2026
‎မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ 191 Report application ထည့်သွင်းပေးခြင်း၊ မီးသတ်စခန်း စစ်ဆေးခြင်းနှင့် မီးသတ်ရေလှောင်ကန်အသစ် တည်ဆောက်နေမှုများအား ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။
Feb 16,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်သို့ သာသနာပြုခရီး ကြွရောက်တော်မူလာသည့် သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ သည် မိုင်းရှူးမြို့နယ်မှ တဆင့် တန့်ယန်းမြို့နယ် ပါစန်ကျေးရွာမှ ကြွရောက်လာပြီး ဖေဖော်ဝါရီလ နံနက် ၈ နာရီ ၁၀ မိနစ်တွင် မဟာမြတ်မုနိဘုရားကြီးသို့ ဝင်ရောက်ဖူးမျှော်ကာ ဒေသခံပြည်သူများအား တရားတော်များ ချီးမြှင့်ဟောကြားခဲ့သည်။
Feb 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အားကစားနည်းခြောက်မျိုးကို မတ်လ တတိယပတ်မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
Feb 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ မတ်လ (၂) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘုရားဖူးဧည့်သည်များအား သဲဖြူနှင့်မဟာမြိုင်တောရဆရာတော်ဘုရားကြီး ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ စတုဒီသာများ ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။
Feb 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ကြီးမှူး၍ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၁)ကို ယနေ့နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီကျောင်းတိုက်ကြီးတွင် ဖွင့်လှစ်ခဲ့ကြသည်။
Feb 16,2026
ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရှိ Apex Gas &Oil စက်သုံးဆီသိုလှောင်ကန်၏ မီးဘေးလုံခြုရေးအတွက် ဆောင်ရွက်ထားရှိမှုကို ယမန်​နေ့ ညနေပိုင်းက ကျောက်တန်းမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်းနှင့် အဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်၊၊